Connect with us

Hi, what are you looking for?

သတင်း

မင်းကင်း​ဒေသတွင် အင်အားအများအပြားဖြင့်စစ်​ကြောင်းထိုးလာ​သောစစ်တပ်ကို PDF များမိုင်းဆွဲတိုက်ခိုက်

ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောကား (၇) စီး စစ်​ကောင်စီတပ်သားအင်အား (၂၀၀) ခန့်ဖြင့် ကလေးဝဘက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်သို့ ကလေးဝ- မုံရွာ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

(​တောင်တွင်းPDF တပ်ဖွဲ့ဝင်များ စစ်​ရေး ​လေ့ကျင့်​နေစဥ်။ဓါတ်ပုံ-TDPDF)
(​တောင်တွင်းPDF တပ်ဖွဲ့ဝင်များ စစ်​ရေး ​လေ့ကျင့်​နေစဥ်။ဓါတ်ပုံ-TDPDF)

▪︎စစ်​ကောင်စီတပ်က ပြည်သူ ၅၀ ကိုလူသားတံတိုင်းအဖြစ်ဖမ်းဆီးထား၊ပြည်သူ ၅၀၀၀​ကျော်ထွက်​ပြေး​​နေရ

မင်းကင်းမြို့နယ်၊​ တောင်တွင်​ဒေသတွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာ‌သောစစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ရာ ငါးဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာရရှိသူများပြားကြောင်း TDPDF မင်းကင်းတပ်ရင်းမှတာဝန်ရှိသူက ပြောသည်။

ယမန်နေ့(မတ်လ ၂ ရက်) နံနက် ၆ နာရီခွဲကစ၍ ညနေပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ကို ငါးကြိမ်တိုင် ထိရောက်စွာ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့ သည်ဟုဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ၁၇ ဦး ဒဏ်ရာရပြီး ငါးဦးသေဆုံးကြောင်း TDPDF က အသိပေးသည်။

“အခု ဒီနေ့(မတ်လ ၃ ရက်)အထိ တိုက်ပွဲက ပြင်းထန် နေတုန်းပဲ။အခုလို အင်အားနဲ့ စစ်ကြောင်းထိုးလာတာ တောင်တွင်းဒေသကို နယ်မြေစိုးမိုးဖို့ စကစ ဘက်က ကြိုးစားလာတယ်လို့ ပြောနိုင်တယ်”ဟု TDPDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် စစ်ကောင်စီစစ်ကြောင်းမှာ စခန်းကြီး၊မိုင်တရာ၊တိန်ကုန်း၊မြောက်ကုန်း၊သာစည် ၊ခင်ဦး၊ မြင်ဦး နှင့်ဆုံဗလက် ကျေးရွာများမှ ပြည်သူ ၅၀ ဦးကို ဖမ်းဆီးထားပြီး လူသားဒိုင်သဖွယ် ခေါ်ဆောင်ကာ ယခုအချိန်ထိ ပြန်လွှတ်ပေးခြင်းမရှိသေးဟုသိရသည်။

အလားတူ စစ်ကာင်စီစစ်ကြောင်းထိုးလာ​သောကြောင့် တောင်းတွင်ဒေသမှ ပြည်သူ ၅,၀၀၀ ကျော် စစ်ဘေးရှောင်တိမ်းနေရသည်။

မင်းကင်းမြို့နယ်တောင်တွင်းဒေသ သို့ ကလေးဝ မှစစ်‌ကြောင်းထိုးလာသော စစ်ကောင်စီစစ်ကြောင်းကို TDPDF မင်းကင်း တပ်ရင်း၊ (၅) ၊တပ်ခွဲ(၃) (Bravest Warriors)နှင့် ဒေသခံပကဖ၊ ကလေးဝ ပကဖတို့ကပူး​ပေါင်း၍ မတ်လ ၁ ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည်။

၈၀ မမ ငါးလုံးဖြင့် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီတပ်သား ၃၀ ဦးခန့်ထိခိုက်ခဲ့ပြီး ကလေးဝ ဆေးရုံသို့ ပို့ဆောင်ထားရကြောင်းလည်း TDPDF က ဖော်ပြသည်။

ဖေဖော်ဝါရီ ၂၆ ရက်တွင်ဖောကား (၇) စီး စစ်​ကောင်စီတပ်သားအင်အား (၂၀၀) ခန့်ဖြင့် ကလေးဝဘက်မှ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသဘက်သို့ ကလေးဝ- မုံရွာ လမ်းမကြီးအတိုင်း စစ်ကောင်စီက စစ်ကြောင်းထိုးရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက မီးရှို့ဖျက်ဆီးလို့ ကျေးရွာ ၅ ရွာက နေအိမ်နဲ့ အဆောက်အအုံ ၅၀ နီးပါး မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို