Connect with us

Hi, what are you looking for?

သတင်း

ကျန်ရဲ​ဘော်များလွတ်​မြောက်ရန်စစ်တပ်ကိုခံပစ်​ရင်း PDFတစ်ဦးကျဆုံး

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

(ကျဆုံးခဲ့သည့် ကိုဇင်ဖြိုးလွင်)
(ကျဆုံးခဲ့သည့် ကိုဇင်ဖြိုးလွင်)

ယောနယ်ကျောက်ထုမြို့တွင်ယမန်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်လူငယ်တစ်ဦးမှာကျန်ရဲ​ဘော်များလွတ်​မြောက်​စေရန် စစ်​တပ်ကို ခုခံပစ်​ခတ်ပေးရင်းကျဆုံးသွားခဲ့သည်။

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဦးအောင်စောင့်ပြီးမှ ကျွန်​တော်တို့အပစ်ခံရတာ။ဝိုင်းပစ်ခံရတဲ့အချိန်များသွားတာ။ သူပစ်ကိုယ်ပစ်က မိနစ်၂၀လောက်ကြာခဲ့တယ်။ ရဲဘော်တစ်ယောက်က ခံပစ်ရင်း ကျဆုံးခဲ့တာပါ” ဟု The Youth Force (​ဆောနှင့်​ကျောက်ထု) မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ရဲဘော် ကိုဇင်ဖြိုးလွင် သည် အသက် ၂၀အရွယ်ခန့်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးမှု ရှိ၊မရှိကိုမူမသိရ​သေးပါ။

ရဲဘော် ကိုဇင်ဖြိုးလွင်သည် ကျန်ရဲဘော်များ လွတ်မြောက်စေရေးအတွက် ခံပစ်ပေးရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း၊တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်းရင်း ကျဆုံးသွားသောအာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြု ဦးညွှတ်ရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း The Youth Force (Saw&Kyaukhtu) က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတပ်ဖွဲ့ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။