Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကျန်ရဲ​ဘော်များလွတ်​မြောက်ရန်စစ်တပ်ကိုခံပစ်​ရင်း PDFတစ်ဦးကျဆုံး

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

(ကျဆုံးခဲ့သည့် ကိုဇင်ဖြိုးလွင်)
(ကျဆုံးခဲ့သည့် ကိုဇင်ဖြိုးလွင်)

ယောနယ်ကျောက်ထုမြို့တွင်ယမန်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲ၌ ပြည်သူ့ကာကွယ်ရေးရဲဘော်လူငယ်တစ်ဦးမှာကျန်ရဲ​ဘော်များလွတ်​မြောက်​စေရန် စစ်​တပ်ကို ခုခံပစ်​ခတ်ပေးရင်းကျဆုံးသွားခဲ့သည်။

ကျောက်ထုမြို့နယ်ရွာတစ်ရွာတွင်ယမန်နေ့( မတ်လ ၆ ရက်) ညနေ ၃နာရီခန့်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ပွားခဲ့စဥ်The Youth Force(​ဆောနှင့်​ကျောက်ထု) မှရဲဘော် ကိုဇင်ဖြိုးလွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။

“သူတို့က ဦးအောင်စောင့်ပြီးမှ ကျွန်​တော်တို့အပစ်ခံရတာ။ဝိုင်းပစ်ခံရတဲ့အချိန်များသွားတာ။ သူပစ်ကိုယ်ပစ်က မိနစ်၂၀လောက်ကြာခဲ့တယ်။ ရဲဘော်တစ်ယောက်က ခံပစ်ရင်း ကျဆုံးခဲ့တာပါ” ဟု The Youth Force (​ဆောနှင့်​ကျောက်ထု) မှတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

Public Service Announcement
Public Service Announcement

ရဲဘော် ကိုဇင်ဖြိုးလွင် သည် အသက် ၂၀အရွယ်ခန့်ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်က မီးရှိုးဖျက်ဆီးသွားကြောင်းသတင်းရရှိသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် စစ်​ကောင်စီတပ်ထိခိုက်​သေဆုံးမှု ရှိ၊မရှိကိုမူမသိရ​သေးပါ။

ရဲဘော် ကိုဇင်ဖြိုးလွင်သည် ကျန်ရဲဘော်များ လွတ်မြောက်စေရေးအတွက် ခံပစ်ပေးရင်း မြင့်မြတ်စွာ အသက်ပေးလှူသွားခဲ့ကြောင်း၊တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန်ထမ်းဆောင်းရင်း ကျဆုံးသွားသောအာဇာနည်သူရဲကောင်းအဖြစ် အလေးနီပြု ဦးညွှတ်ရင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း The Youth Force (Saw&Kyaukhtu) က သတင်းထုတ်ပြန်ထားသည်။ အဆိုပါတပ်ဖွဲ့ သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊ဂန့်ဂေါခရိုင်အမှတ်(၁၃)တပ်ရင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။