Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုတွင် စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား လေးဦးသေဟု MBTပြော

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)
(၂၀၂၁က ရန်ကုန်မြို့တွင် ဆန္ဒပြသူများအား လိုက်လံပစ်ခတ်ဖမ်းဆီးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။ ဓာတ်ပုံ-EPA)

မကွေးတိုင်း၊ ရေစကြိုမြို့တွင် စစ်ကောင်စီတပ်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၆ ရက်) နံနက် ၁၁နာရီခန့်က ရေစကြိုမြို့၊ အမှတ်(၁) ထင်းတန်းရပ်ကွက်၊မီးကင်းလမ်းဆုံတွင် Myingyan Black Tiger(MBT)၏ ရဲဘော်များ စောင့်ဆိုင်းနေစဥ် ရုံးပေါင်းစုံနှင့် ဆေးရုံကြီးတွင်ရှိသော စစ်ကောင်စီတပ်သားများက အင်အား ၁၀၀ခန့်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထွက်လာခဲ့သည်။

အဆိုပါ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း တပ်တွင်း သတင်းရင်းမြစ်အရ အတည်ပြုနိုင်ခဲ့သည်ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

“ဒီကောင်တွေ မြို့ထဲကို စစ်ကြောင်းသုံးကြောင်းခွဲထိုးခဲ့တာ။ သူတို့ကစစ်ကြောင်း သုံးကြောင်း ခွဲလာတဲ့အချိန်မှာ ပထမဆုံးစစ်ကြောင်းဟာ ကျွန်တော်တို့စိုးမိုးထားတဲ့နယ်မြေထဲကို ကျွံလာတဲ့အတွက် မိုင်းဆွဲခဲ့တာပါ။”ဟု Myingyan Black Tiger(MBT)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်နှင့်အတူ ပျူစောထီးများလည်းပါဝင်ပြီး ရွာဘိုးရပ်အတွင်း ဝင်ရောက်မွှေနှောက်ကာ ပြည်သူများကို ဒုက္ခပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။

မတ်လ ၄ ရက်ကလည်း ရေစကြိုမြို့ ၊အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံဌာနတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီး လက်နက်ငယ်များဖြင့် စီးနင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့ကြောင်း Myingyan Black Tiger(MBT)အဖွဲ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။