Connect with us

Hi, what are you looking for?

သတင်း

ရေစကြို – ချောင်းဦးလမ်းတွင် စစ်ကောင်စီစစ်ကြောင်းအား PDFများတိုက်ခိုက်

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

(စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်သည့် ရဲဘော်များအား တွေ့ရစဉ်)
(စစ်ကောင်စီစစ်ကြောင်းအား တိုက်ခိုက်သည့် ရဲဘော်များအား တွေ့ရစဉ်)

▪️စစ်ကောင်စီတပ်သား ၈ဦးထက်မနည်းသေဟု ပကဖ ပြော

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ဆင်ဖြူရှင်တံတားမှ တပ်သားအပြောင်းအလဲလုပ်ပြီးပြန်လာသော စစ်ကောင်စီတပ်စစ်ကြောင်းအား အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ၈ဦးထက်မနည်းသေဆုံးကြောင်း ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၅ရက်) မွန်းလွဲပိုင်းက တပ်သားအပြောင်းအလဲလုပ်ပြီး စာရွက်စာတမ်းများ၊ ပစ္စည်းများအား ဒိုင်နာကားဖြင့်သယ်လာပြီး ကားရှေ့တွင် အင်အား၇၀ခန့်ဖြင့် ရှေ့မှကာ၍ ချောင်းဦး-ရေစကြို-ပခုက္ကူလမ်းအတိုင်း ရေစကြိုမြို့ဘက်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ ခြေလျင်စစ်ကြောင်းအား ညနေ ၃နာရီခွဲခန့်တွင် မအူပန်းခြံအနီး ရထားသံလမ်းကြားအရောက်တွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များက မိနစ်၃၀ကြာ အနီးကပ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း သတင်းအတိအကျရရှိသည်ဟု ပကဖအဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

မအူရဲစခန်းအနီးတွင် ဖြစ်ပွားခဲ့​​ခြင်းကြောင့် လက်နက်ကြီးများပစ်ကူပေးခြင်း၊ မြေပြင်မှအကူများရောက်ရှိလာ၍ ဆုတ်ခွာခဲ့ပြီး ပကဖရဲဘော်တစ်ဦး ပေါင်ကျည်ထိမှန်ဒဏ်ရာရခဲ့ပြီးမစိုးရိမ်ရကြောင်း၊ လက်ရှိအချိန်တွင် ဆေးကုသမှုခံယူနေကြောင်း ရေစကြို(ပကဖ)အဖွဲ့တာဝန်ခံက ပြောသည်။

“ဆင်ဖြူရှင်တံတားကို အသွားတုန်းကလည်း အနီးကပ်လိုက်ကြည့်တယ်။ အခွင့်မသာခဲ့ဘူး။ အပြန်မှာ အနီးကပ်ချေမှုန်းတိုက်ခိုက်ခဲ့တာပါ။ မိုင်းတွေကဆင်ထားတယ်။ သူတို့ကတွေ့သွားတော့ မိုင်းမဆွဲလိုက်ရဘူး။ လက်နက်ငယ်တွေနဲ့ပဲ အနီးကပ်တိုက်ခိုက်ခဲ့တာ။ မီတာတစ်ရာလောက်ပဲရှိတာပါ။ တော်တော်နီးတယ် မြင်နေရတာ။ ပထမ ၇ ကောင်လောက် တက်လာတယ်။ ရှင်းရှင်းလင်းလင်းမြင်ရတော့ သုတ်သင်ရှင်းလင်းခဲ့တာ။ တခါတည်းပုံကျသွားတယ်။ အလောင်းတွေတောင်မှ ဒီမနက်မှကောက်တာ။”ဟု ရေစကြို(ပကဖ)အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သေဆုံးစစ်သား​များအား မအူစခန်းမှတဆင့် ကားဖြင့် ခလရ(၂၅၈)တပ်သို့ သယ်ဆောင်သွားကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေစကြိုမြိုနယ်(ပ.က.ဖ)နှင့်အတူ ပခုက္ကူခရိုင်တပ်ရင်းအမှတ်(၉)၊ Super Fighter Droneတပ်ဖွဲ့တို့ဖြင့် ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ပေးရန် ရေစကြို(ပကဖ) အဖွဲ့က မေတ္တာရပ်ခံသည်။

ရေစကြို(ပကဖ)အဖွဲ့သည် ယမန်နှစ်အတွင်းကလည်း ဆင်ဖြူရှင်တံတား စစ်ကိုင်းတိုင်းဘက်ခြမ်းရှိ စစ်ကောင်စီစခန်းအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ဖူးပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြားသေဆုံးကာ စခန်းပါမီးရှို့ဖျက်ဆီးနိုင်ခဲ့ဖူးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်မှုထမ်းတပ်သားတွေနဲ့ အင်အားဖြည့်ထားတဲ့ စစ်တပ်က စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က အင်အား ၅၀ဝ ခန့် ထပ်မံရောက်ရှိလာပြီး စစ်မှုထမ်းတပ်သားသစ်တွေလည်း ပါဝင်လာကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။