Connect with us

Hi, what are you looking for?

သတင်း

မြောင်နယ်တွင် PDFစခန်းတစ်ခု ထပ်မံစီးနင်းခံရပြီး ရဲဘော်တစ်ဦးကျဆုံး

ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်း ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် ကူညီလှူဒါန်းပေးကြရန် MNPDF Myitngeက မေတ္တာရပ်ခံသည်။

(စခန်းစီးနင်းခံရပြီးနောက် သိမ်းဆည်းခံလိုက်ရသော ပစ္စည်းများ၊ ကျည်ထိခဲ့သောရဲဘော်တစ်ဦး၊ မီးရှို့ဖျက်ဆီးခံလိုက်ရသော ပစ္စည်းများ)
(စခန်းစီးနင်းခံရပြီးနောက် သိမ်းဆည်းခံလိုက်ရသော ပစ္စည်းများ၊ ကျည်ထိခဲ့သောရဲဘော်တစ်ဦး၊ မီးရှို့ဖျက်ဆီးခံလိုက်ရသော ပစ္စည်းများ)

▪️လက်နက်ခဲယမ်းများအပါအဝင် ကျပ်သိန်းတစ်ထောင်ကျော်ဆုံးရှုံးဟုဆို

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် သုံးရက်အတွင်း PDF စခန်းတစ်ခုထပ်မံစီးနင်းခံရပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ရကာ ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအပါအဝင် ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရကြောင်း မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယမန်နေ့ (မတ်လ ၁၅ရက်) နံနက်၅နာရီခန့်ကမိုင်းဆွဲတိုက်ခိုက်ခံရ​သော စစ်ကောင်စီစစ်ကြောင်းနှင့် ကျောက်ရစ်စခန်းမှ ထွက်လာသော စစ်ကြောင်း နှစ်ကြောင်းသည် မန္တလေးခရိုင်အမှတ် (၅)တပ်ရင်း MNPDF Myitngeနှင့် ဇာမဏီပြောက်ကျားတပ်ဖွဲ့ (ငါန်းဇွန်)တို့၏ ရွေ့လျားစခန်းအား စီးနင်းခဲ့ကြောင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထိုသို့ စီးနင်းခံရမှုကြောင့် ရဲဘော်လေးဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦးကျဆုံးခဲ့ရသည်ဟုဆိုသည်။

ထို့အပြင် ထုတ်လုပ်​ရေးပစ္စည်းများ၊ယူနီဖောင်း၊ လက်လုပ်စိန်ပြောင်း နှစ်လတ်၊ အူစီသေနတ် သုံးလတ်၊ ကိုးလုံးကျည်သေနတ် ၁၀ လတ်၊ကာဘိုင် ၁၀လတ် အပါအဝင် မိုင်းနှင့် မိုင်းထုတ်လုပ်ရေးပစ္စည်းများ၊ ကျည်မျိုးစုံအပါအဝင် လက်နက်ခဲယမ်းများ၊ဖုန်းအလုံး ၅၀၊ ထော်လာဂျီ ၁စီး၊ ဆိုင်ကယ် ၁၀စီး၊ ဆန်နှင့်စားနပ်ရိက္ခာများ ဆုံးရှုံးခဲ့ကြောင်း MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

ထုတ်လုပ်ရေးနှင့် လက်နက်ခဲယမ်းပစ္စည်းများအားလုံးအပါအဝင်စုစုပေါင်း ကျပ်သိန်းတစ် ထောင်ကျော် ဆုံးရှုံးခဲ့ရပြီး ဆက်လက်တိုက်ပွဲဝင်နိုင်ရန် အခက်အခဲဖြစ်နေသဖြင့် ကူညီလှူဒါန်းပေးကြရန် MNPDF Myitngeက မေတ္တာရပ်ခံသည်။

“ရွှေ့ပြောင်းစခန်းကိုဝင်စီးခံရတာ။စစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးတာ။ ဝင်စီးတဲ့စစ်ကြောင်းကအင်အားလေးဆယ်။ ဘေးကအရန်တပ်က တစ်ရာကျော်ရန်ပေးထားတယ်။ ရဲဘော်တွေက ပြန်ပစ်ရင်းထိတာ။ ကျတဲ့ရဲဘော်ကအသက်လေးဆယ်ကျော်ပါ။ ပစ္စည်းတွေက တချို့တစ်ဝက်ကမီးရှို့လိုက်တာ။”ဟု MNPDF Myitnge၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၁၃ ရက် နံနက် ၅နာရီခန့်က လည်း စစ်ကောင်စီတပ်သည် မြောင်မြို့နယ်၊ ပရိမ္မကျေးရွာအားဝင်ရောက်စီးနင်းပြီး အပြန်တွင် စစ်ကိုင်းခရိုင်တပ်ရင်းအမှတ်(၄)- MSPDF၏ စခန်း(၃)အား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာကာလတန်ဖိုး ကျပ်သိန်း ၂၀၀ခန့် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ