Connect with us

Hi, what are you looking for?

သတင်း

ဒီး​မော့ဆိုတွင် စစ်ရဟတ်ယာဥ် ပစ်ခတ်တိုက်ခိုက်ခံရ၍မဆင်းနိုင်ဘဲပြန်သွား

မတ်လ ၃ ရက်ကလည်းချင်းပြည်နယ်ထန်တလန်မြို့တွင် စစ်တပ်က ရိက္ခာပို့​သော Mi-17 ရဟတ်ယာဥ်ကို ချင်းကာကွယ်​ရေးတပ်များက ​လေယာဥ်ဆင်းသက်စဥ်တိုက်ခိုက်ရာ​လေယာဥ်အစိတ်အပိုင်းအချို့မီး​လောင်ပြီး ချက်ချင်း​ထွက်ခွာသွားခဲ့သည်။

(ဒီး​မော့ဆို မြို့နယ် တစ်​နေရာတွင် မတ် ၁၆ ရက်က စစ်တပ်ရဟတ်ယာဥ်တစ်စီးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ဒီး​မော့ဆို မြို့နယ် တစ်​နေရာတွင် မတ် ၁၆ ရက်က စစ်တပ်ရဟတ်ယာဥ်တစ်စီးကို​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆို မြို့နယ်တွင် စစ်ကောင်စီရဟတ်ယာဥ်တစ်စီး ပစ်ခတ်ခံတိုက်ခိုက်ရ​သော​ကြောင့်မဆင်းနိုင်ဘဲ ပြန်ထွက်သွားကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ပြောသည်။

ယနေ့(မတ်လ ၁၆ ရက်) နေ့လည် ၁ နာရီ ခန့်က စစ် ကောင်စီရဟတ်ယာဥ်သည် ငွေ တောင်အခြေစိုက် ခမရ ၁၀၂ တပ်သို့ ဆင်းသက်ရန် ပြင်ဆင်နေစဥ် ပစ်ခတ်ခံရခြင်းဟု ကရင်နီ​တော်လှန်​ရေးအင်အားစုအချို့က​ပြောသည်။

“ရိက္ခာလာပို့တဲ့ ရဟတ်ယာဥ်လို့ ပြောတယ်။ထိခိုက်မှု အတိအကျတော့မသိရဘူး။ဒါပေမယ့် မိနစ် ၂၀ လောက်ထိ ၁၀၂ တပ်ပတ်ပတ်လည်မှာ ပဲ ပျံဝဲ ပြီး မဆင်းနိုင်ဘဲ ပြန်ထွက်သွားတယ်”ဟု ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ရဟတ်ယာဥ်ပစ်ခတ်ခံရခြင်းကြောင့် ခမရ ၁၀၂ တပ်တွင်းမှ လက်နက်ကြီးဖြင့် တုံ့ပြန်ပစ်ခတ်ခြင်းနှင့် ကင်းထောက်ရဟတ်ယာဥ်တစ်စီးပါ စစ်ကောင်စီက အသုံးပြုလာသည်ဟုလည်း ၎င်းကဆက်​ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

စစ်တပ်ရဟတ်ယာဥ်ကိုပစ်ခတ်တိုက်ခိုက်​သောအဖွဲ့နှင့် အပစ်ခံရ​သော ရဟတ်ယာဥ်အမျိုးအစား၊ထိခိုက်မှုရှိ၊မရှိတို့ကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

လက်ရှိ ကရင်နီဒေသတွင်း စစ်ကောင်စီ၏ ထိုးစစ် တွင် Mi35 Jet Fighter ဖြင့် ပစ်ခတ်မှု ၄၅ကြိမ်၊ ဟယ်လီ​ကော်ပတာဖြင့်ပျံသန်းပတ်ခတ်မှု ၁၂ကြိမ် နှင့် လက် နက်ကြီးဖြင့်ပစ်ခတ်မှု အကြိမ် ၅၀၀ နှင့်အထက်ရှိသည်ဟုကရင်နီ​တော်လှန်​ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

မတ်လ ၁၀ ရက်နေ့ကစ၍ စစ်တပ်က ကရင်နီ(ကယား)ပြည်နယ်၊ဒီးမောဆိုအရှေ့ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခု ဖြင့် စတင်ထိုးစစ်ဆင်​နေသည်။

ထိုနေ့တွင်ပင် ဒေါသဲရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၁၆ ဦးသေဆုံးကြောင်း ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုကော်မတီKMIC ကထုတ်ပြန်ထားသည်။

မတ်လ ၃ ရက်ကလည်းချင်းပြည်နယ်ထန်တလန်မြို့တွင် စစ်တပ်က ရိက္ခာပို့​သော Mi-17 ရဟတ်ယာဥ်ကို ချင်းကာကွယ်​ရေးတပ်များက ​လေယာဥ်ဆင်းသက်စဥ်တိုက်ခိုက်ရာ​လေယာဥ်အစိတ်အပိုင်းအချို့မီး​လောင်ပြီး ချက်ချင်း​ထွက်ခွာသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်တပ် စစ်ကြောင်းတွေရှိနေလို့ ကချင် လွတ်လပ်ရေးတပ်မတော် (KIA)က လုံခြုံရေးသတိပေးချက်နဲ့ ဖြတ်သန်းသွားလာခွင့်ပိတ်ထားတဲ့ ဖားကန့် - ကာမိုင်းလမ်းပိုင်းမှာ စစ်တပ်က အရပ်သားကားကို ထပ်မံပစ်ခတ်လို့ ၃ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။