Connect with us

Hi, what are you looking for?

သတင်း

ဘောလခဲ – ဖားဆောင်နှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးများကို ရက်အကန့်အသတ်မရှိ ပိတ်

စစ်ရေးတင်းမာလျက်ရှိချိန်တွင် ပြည်သူများ၏ အသက်ဘေးအန္တရာယ် ထိခိုက်စေမှုများကို ကာကွယ်ရန် လမ်းပိုင်းပိတ်ပင်ခြင်းဟု အသိပေးသည်။

(ဘောလခဲမြို့နယ်လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Bawlakhe PDF)
(ဘောလခဲမြို့နယ်လမ်းပိုင်းတစ်နေရာတွင် ပြည်သူ့ကာကွယ်ရေးတပ်က စစ်ဆေးမှုများပြုလုပ်နေစဥ်။ ဓာတ်ပုံ - Bawlakhe PDF)

စစ်ကောင်စီ၏ ထိုးစစ်ကြောင့် ဘောလခဲ – ဖားဆောင်နှင့် ဘောလခဲ – ရွာသစ်လမ်းမကြီးများကို ရက်အကန့်အသတ်မရှိပိတ်ထားမည်ဖြစ်ကြောင်း Bawlakhe PDFက ယနေ့ ထုတ်ပြန် သည်။

စစ်ရေးတင်းမာလျက်ရှိချိန်တွင် ပြည်သူများ၏ အသက်ဘေးအန္တရာယ် ထိခိုက်စေမှုများကို ကာကွယ်ရန် လမ်းပိုင်းပိတ်ပင်ခြင်းဟု အသိပေးသည်။

“ပြည်သူများအနေနှင် ဤထုတ်ပြန်ချက်အား အတိအကျလိုက်နာစေလိုပါတယ်။‌အ‌ခြေနေငြိမ်သက်သွားတဲ့ချိန်ကျ လမ်းပြန်အသုံးပြုရမယ့်နေ့ကို ကျွန်တော်တို့ ပြန်ထုတ်ပြန်ပေးပါမယ်”ဟု Bawlakhe PDF က ပြောသည်။

မတ်လ ၁၆ ရက်က ဘောလခဲမြို့နယ်အထွက် ဖားဆောင်မြို့နယ်ကြား ရေနီပေါက်တံတားအနီတွင် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ၁၀ထက်မနည်းဒဏ်ရာရရှိထားသည်။

Public Service Announcement

Public Service Announcement

ထို့နောက်အထိနာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရေနီပေါက်ရွာသား ခုနစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်မပေးသေးပေ။

ယခုလ ဆန်းပိုင်းကစ၍ ကရင်နီဒေသအနှံ့ ထိုးစစ်ဆင် နေသော စစ်ကောင်စီတပ်မှာ အထိနာ နေပြီး ဒီးမော့ဆို ၊ ဖယ်ခုံ ၊မိုးဗြဲ နှင့် ပင်လောင်းမြို့နယ်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၀၀ခန့်ရှိပြီး ခြောက်ဦးအရှင်ဖမ်းမိထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ကြားဖြတ်တိုက်ခိုက်မှုအတွင်း လက်နက်ခဲယမ်းတွေ သိမ်းရတယ်လို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်တပ်အရာရှိအပါအဝင် သေဆုံးမှုရှိဟုဆို

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆို၊ ဘောလခဲနဲ့ မိုးဗြဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ် ဖရူဆိုနဲ့ ဘောလခဲမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်နဲ့ ရဲဘော်တချို့က ပြောပါတယ်။