Connect with us

Hi, what are you looking for?

သတင်း

ပူတာအိုတွင် စစ်ကောင်စီက PDFအမည်သုံးပြီး အခွန်ကောက်ခံနေဟု ခရိုင် PDF ထုတ်ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

(ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ် (KPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KPDF)
(ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ် (KPDF)မှ ရဲဘော်များ စစ်ရေးလေ့ကျင့်နေစဉ်။ ဓာတ်ပုံ - KPDF)

▪️PDFအနေဖြင့် အခွင်ကောက်ခံခြင်း လုံး၀မပြု၊ ကောက်ယူရန်တာဝန်မရှိဟု အသိပေး

ကချင်ပြည်နယ် ပူတာအိုမြို့နယ်အတွင်း ပူတာအိုခရိုင်ပြည်သူ့ကာကာကွယ်ရေးတပ်(KPDF) အမည်သုံး ငွေကြေးအခွန်ကောက်ခံနေမှုများရှိရာ ယင်းသို့ ကောက်ယူမှုလုံး၀မရှိကြောင်း ပူတာအိုခရိုင် KPDFက အသိပေးချက်ထုတ်ပြန်သည်။

ပူတာအိုခရိုင် KPDFအမည်နှင့် ဂုဏ်သိက္ခာညိုးနွမ်းစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ဆိုင်ပိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်းရှင်များအား တယ်လီဖုန်းဖြင့် ငွေကြေးအခွန်ဆောင်ရန် လိုက်လံဆက်သွယ်လျက်ရှိကြောင်း၊ အဆိုပါ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းသည် တယ်လီဖုန်း (၀၉၆၇၃၅၉၅၅၀၂ နှင့် ၀၉၉၈၉၂၃၅၃၆၂) စသည့် ဖုန်းနံပါတ်များဖြင့် လိမ်လည် ဆက်သွယ်တောင်းခံနေကြောင်း ဖော်ပြထားသည်။

“ယခုကဲ့သို့ မိမိတို့ ပူတာအိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ် အမည်တပ်ကာ ငွေကြေးလိမ်လည် ဆက်သွယ်တောင်းခံနေခြင်းသည် မိမိတို့တို့ အဖွဲ့အစည်းကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ကြံနေသည့် စစ်ကောင်စီ၊ ပျူစောထီးအပေါင်းအပါများ၏ ကောက်ကျစ်ယုတ်မာသော လုပ်ဆောင်ချက်များသာဖြစ်ကြောင်း ထပ်မံ အသိပေးပါသည်”ဟု ပူတာအိုခရိုင် PDFက ထုတ်ပြန်သည်။

ထိုသို့လုပ်ဆောင်နေသူများ နှင့် ပါဝင်ပတ်သက် သူများကို စုံစမ်းရှာဖွေဖော်ထုတ်ကာ ပြင်းပြင်းထန်ထန် အရေးယူသွားမည်ဟုလည်း သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ပူတာအိုခရိုင် KPDFအနေဖြင့် မည်သည့် ငွေကြေးအကောက်အခွန်ကိစ္စရပ်များကို မဆို လုံး၀(လုံး၀) ကောက်ခံခြင်းမပြုကြောင်း၊ ကောက်ယူရန်လည်း တာဝန်လုံး၀မရှိကြောင်း အသိပေးထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကလည်း ကာကွယ်ရေးတာဝန်၊ စစ်ဘက်ရေးရာကိစ္စရပ်များ တာဝန်ယူထားရသည့် PDFများသည် အခွန်ကောက်ခံခွင့် ပေးမထားကြောင်း၊ အခွန်ကောက်ခံခွင့်ကို အရပ်ဘက် အုပ်ချုပ်ရေးပိုင်းက ဆောင်ရွက်ရန် စနစ်ဆောင်ရွက်နေကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook