Connect with us

Hi, what are you looking for?

သတင်း

နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦး PDFနှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီက ထောင်သုံးနှစ်ချမှတ်

ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်တို့သည် PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခြင်းသည် စစ်ကောင်စီက ကြွက်မနိုင်၍ ကျီကို မီးရှို့ခြင်းဟု စစ်ကိုင်းတိုင်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦး PDFနှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီက ထောင်သုံးနှစ်ချမှတ်
နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦး PDFနှင့် ဆက်သွယ်သည်ဟုစွပ်စွဲကာ စစ်ကောင်စီက ထောင်သုံးနှစ်ချမှတ်

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်နှစ်ဦး PDFနှင့် ဆက်သွယ်သည်ဟု စွပ်စွဲကာ စစ်ကောင်စီက ဖမ်းဆီးပြီး ထောင်သုံးနှစ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

နမ်းမားနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်ကို စစ်ကောင်စီတပ်က ၂၀၂၂ နိုဝင်ဘာတွင် ဖမ်းဆီးပြီး ယခုလ(မတ်လ)အတွင်း ရဲတရားရုံးက ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။

” စစ်တပ်က သူ့ထင်ကြေးနဲ့သူ ဖမ်းပြီးထောင်ချတာ။ အခုတော့ ရဲမိသားစုဝင်တွေလည်း ဘ၀တွေ စုတ်ပြတ်ကုန်ပြီ။ ကျွန်တော့်တပည့်နှစ်ယောက်လည်းထောင်ကျပြီ။ လုပ်ချင်တိုင်းကို လုပ်နေတော့တာ” ဟု ထောင်ဒဏ်ချမှတ်ခံရသော ဒုရဲအုပ်နှစ်ဦး၏ ဆရာဖြစ်သော အငြိမ်းစားရဲအရာရှိတစ်ဦးက People’s Spring သို့ ဆက်သွယ်ပြောဆိုသည်။

ဒုရဲအုပ်မျိုးကျော်နှင့် ဒုရဲအုပ်သွင်အောင်တို့သည် PDF နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။ ယင်းကဲ့သို့ ဖမ်းဆီးခြင်းသည် စစ်ကောင်စီက ကြွက်မနိုင်၍ ကျီကို မီးရှို့ခြင်းဟု စစ်ကိုင်းတိုင်းတွင် တာဝန်ကျနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ကျွန်တော်လည်း ရခိုင်ကနေ ပြန်လာခဲ့တာပဲ။ ကြိုက်တဲ့ရဲကိုမေးလိုက်။KIA ပဲဖြစ်ဖြစ်၊ AA ပဲဖြစ်ဖြစ်၊ PDF ပဲဖြစ်ဖြစ် ကိုယ်တာဝန်ကျတဲ့ဒေသမှာ မသေဖို့၊ အတိုက်မခံရဖို့ ကြံဖန်ပြီး ပြောဆိုရတာတွေရှိတယ်။ စစ်တပ်ကကောင်တွေ ရှေ့တန်းစခန်းတွေမှာ သူတို့ကို လာမတိုက်အောင် တဖက်အဖွဲ့အစည်းနဲ့ ညှိနေကြတာတွေလည်း ရှိတာပဲ။ တိုက်ပွဲအတုဖော်ပြီး သူတို့အဘတွေကို ရီပို့တင်ရတာတွေလည်း မကြားချင်မှအဆုံးပဲ။ အခုလို ရဲတွေဖမ်းပြီး ထောင်ချပစ်တာတော့ ကြွက်မနိုင် ကျီမီးနဲ့ရှို့တာ တော်တော်ခံပြင်းတယ်” ဟု အထက်ပါရဲတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် မြို့နယ်များအတွင်း စစ်ကြောင်းလှည့်ရာတွင် ရဲတပ်ဖွဲ့ဝင်များကို ရှေ့တွင်ထား၍ လှည့်စေပြီး စခန်းသို့ ပြန်ရောက်ချိန်တွင်လည်း ဘန်ကာများအတွင်း နေစေကာ လုံခြုံရေးအချိန်ပြည့် စောင့်ခိုင်းနေသည်ဟု ရဲတပ်ဖွဲ့ဝင်အချို့က ညည်းတွားသည်။

” ဒီလိုတွေ လုပ်မှာကိုသိလို့ ကျွန်တော်တို့ အစောဆုံး CDM လုပ်ခဲ့တာ။ မတရားတာကို မတရားမှန်းသိရင်ပဲ ရနေပြီ။ CDM လုပ်ပါ။ လူထုနဲ့ ပူးပေါင်းပါ။အနိမ့်ဆုံးဗျာ လူလိုသူလို ဆက်ဆံခံရမယ်ဗျာ။ CDM လုပ်ဖို့ အခုထိ ကြိုဆိုလျက်ပါ”ဟု CDM ရဲအရာရှိတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook