Connect with us

Hi, what are you looking for?

သတင်း

ကျိုက်ထိုတွင် စစ်ကောင်စီဂိတ်စခန်းနှစ်ခုကို KNLA ပူးပေါင်းတပ် တိုက်ခိုက်

KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေများ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ခဲ့သည်။

(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ဂိတ်စခန်းတို့ကို KNLAတပ်မဟာ(၁)၊ PDF၊ KRF၊ PPDF- KDမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF-KD)
(စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ဂိတ်စခန်းတို့ကို KNLAတပ်မဟာ(၁)၊ PDF၊ KRF၊ PPDF- KDမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - PPDF-KD)

▪️စစ်ကောင်စီတပ်သား ရှစ်ဦးထိခိုက်ဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁)နယ်မြေ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီ ဂိတ်စခန်း နှစ်ခုကို ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးရှိခဲ့သည်ဟု တိုက်ခိုက်မှုတွင် ပါဝင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့အချို့က သတင်းထုတ်ပြန်သည်။

မတ်လ ၂၉ရက်က နေ့လည်ပိုင်းက ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာ စစ်ကောင်စီ စစ်ဆေးရေးဂိတ်စခန်းနှင့် အင်္ဂဘိုရွာ လက်ပံပင်သင်္ချိုင်းအနီးရှိ စစ်ကောင်စီ ဂိတ်စခန်းတို့ကို KNLAတပ်မဟာ(၁)၊ PDF၊ KRF၊ PPDF- KD ပူးပေါင်းတပ်ဖွဲ့မှဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင်(PPDF-KD)က ဖော်ပြထားသည်။

မုပ္ပလင်လမ်းဆုံရှိ ဂိတ်စခန်းအား တိုက်ခိုက်ရာတွင် ဗုံးသီးများသည် ဘန်ကာပေါ်သို့ ကျရောက်ခဲ့ပြီး စစ်ကောင်စီတပ်သား ရှစ်ဦး ထိခိုက်မှုရှိခဲ့သည်ဟု PPDF-KDက ထုတ်ပြန်ခဲ့ပြီးလက်ပံပင်လမ်းဆုံဂိတ်မှ စစ်ကောင်စီတပ်များ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း ဖော်ပြသည်။

တိုက်ခိုက်မှုတွင်ပါဝင်သည့် ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က တိုက်ပွဲသတင်းထုတ်ပြန်ထားရာ မုပ္ပလင်စစ်ဆေးရေးဂိတ်အား ဒရုန်းဖြင့် တိုက်ခိုက်ရာ ဘန်ကာပေါ် တည့်မတ်စွာကျရောက်ပြီး စစ်ကောင်စီတပ်က ထိခိုက်သူ ရှစ်ဦးရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုများနှင့်ပတ်သက်ပြီး မေးမြန်းရန် နယ်မြေခံ KNLA တပ်မှူးထံသို့ ဆက်သွယ် ရာ အဆက်အသွယ်မရသေးပေ။

တိုက်ခိုက်မှုအတွင်း ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း KRFက အသိပေးထားသည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ်ကျဆုံးသည်အထိ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး စစ်ကောင်စီ လက်ပါးစေများ သတင်းပေး ဒလန်များနှင့် စစ်ကောင်စီ ဒေါက်တိုင်များကို တိုက်ခိုက်ချေမှုန်းမည်ဟု ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

မြန်မာ-ထိုင်းနယ်စပ်စစ်တပ်ရဲ့ ဝေါ်လေဗျူဟာကုန်းတပ်စခန်းကို ကရင်လွတ်မြောက်ရေးတပ်မတော်(KNLA)ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ထပ်မံထိုးစစ်ဆင်​နေပြီးတိုက်ပွဲ​တွေပြင်းထန်နေတယ်လို့ လူထုနွေဦးရဲ့စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။