Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်က​မောင်း​ထောင်းရွာမှ သားအဖနှစ်ဦးနှင့်ညီအစ်ကိုနှစ်ဦး တစ်အိမ်တည်းမှဆွေမျိုးကိုဖမ်းဆီးသတ်ဖြတ်

မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းမှထွက်လာသည့် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မောင်းထောင်ကျေးရွာသို့ဝင်ရောက်လာပြီးစီးနင်း အကြမ်းဖက်ခဲ့သည်။

(စစ်​ကောင်စီ၏ တပ်မ ၃၃ မှ စစ်သားတစ်ဦး။ဓါတ်ပုံ-CJ)
(စစ်​ကောင်စီ၏ တပ်မ ၃၃ မှ စစ်သားတစ်ဦး။ဓါတ်ပုံ-CJ)

▪︎ကျန်ရစ်သူကိုယ်ဝန်​ဆောင်မိခင်မှာ ခင်ပွန်း၊သားနှင့်တူ နှစ် ဦးကိုတစ်ပြိုင်နက်ဆုံးရှုံး

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မောင်းထောင်ကျေးရွာမှ ဆယ်ကျော်သက်နှစ်ဦးအပါအဝင်တစ်အိမ်တဘ်းမှ သားအဖနှစ်ဦးနှင့် ညီအစ်ကိုနှစ်ဦး စုစု​ပေါင်း​ဆွေးမျိုး ၄ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်လိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များကပြောသည်။

မတ်လ ၃၀ ရက်နေ့ နံနက် ၅ နာရီခန့်က ညောင်ပင်ဝန်းရဲစခန်းမှထွက်လာသည့် အင်အား ၄၀ ကျော်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မောင်းထောင်ကျေးရွာသို့ဝင်ရောက်လာပြီးစီးနင်း အကြမ်းဖက်ခဲ့သည်။

အဆိုပါစစ်ကြောင်းသည် တပ်မ(၃၃) မှဖြစ်ပြီး ၁၂ ဦးသာ စစ်ယူနီဖောင်းဝတ်ထားကာ ကျန်သည့်စစ်သားများသည် အထက်အောက်အနက်များဝတ်ဆင်ထားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

​မောင်းထောင်ရွာအတွင်းဝင်ရောက်မွှေနှောက်အကြမ်းဖက်၍ ပြည်သူများ၏ အဖိုးတန်းပစ္စည်းများကို​ဖောက်ထွင်းလုယက်ယု​ဆောင်​နေစဥ်ဒေသခံကာကွယ်​ရေးတပ်ဖွဲ့အချို့နှင့် ပစ်ခတ်မှုဖြစ်ခဲ့သည်။ထို​နောက် စစ်တပ်က က​လေးငယ်နှစ်ဦးအပါအဝင်ပြည်သူ ၆ ဦးကိုဓါးစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသည်။ ၆ ဦးအနက် ၂ ဦးအား ပြန်လွှတ်ပေးလိုက်ပြီးက​လေးငယ်နှစ်ဦးအပါအဝင် ၄ ဦးအားသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုလေးဦးအနက် သားအဖနှစ်ဦးဖြစ်သည့် အသက်၃၈ နှစ်အရွယ် ဦးကျော်သူထွန်းနှင့်၎င်း၏သား အသက် ၁၄ နှစ်အရွယ် အိုအီးအားလည်းကောင်း၊ ညီအစ်ကိုနှစ်ဦးဖြစ်သည့် အသက် ၁၅ နှစ်အရွယ် တုံတုံချစ်နှင့် အသက် ၂၀ အရွယ် ကိုချစ်စူးတို့အားလည်းကောင်း စစ်ကောင်စီတပ်က သတ်ဖြတ်လိုက်ခြင်းဖြစ်ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

“စစ်ကောင်စီစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့ ပြည်သူနှစ်ဦးရဲ့ ရုပ်အလောင်းနှစ်လောင်းကို ညောင်ပင်ဝန်း တံတားအောက်တွေ့ရှိခဲ့ပြီးကျန်နှစ်ဦးရဲ့ ရုပ်အလောင်းကို ရှာမတွေ့သေးဘူးလို့ပါတယ်လို့ သိရပါတယ်။”ဟု အထက်ပါအဖွဲ့က ပြောသည်။

သို့​သော်ထပ်မံရရှိ​သောသတင်းအရ သတ်ဖြတ်ခံရ​သောညီအစ်ကို ၂ ဦး၏ ရုပ်အ​လောင်းကိုယ​နေ့ ပြန်လည်​တွေ့ရှိရ​ကြောင်းစစ်တပ်ကအ​လောင်းများကို ​ရေနှင့်​မျှော၍ ​ဖျောက်ပစ်ရန်ကြိုးစားခြင်းဖြစ်​ကြောင်း​ဒေသခံများက​ပြောသည်။

သတ်ဖြတ်ခံရ​သော ဦးကျော်သူထွန်း(၃၈နှစ်)၊၎င်း၏သား အိုအီး(၁၄နှစ်) ၊ ညီအကိုနှစ် ဦးဖြစ်​သော တုံတုံချစ်(၁၅ နှစ်)၊ ချစ်စူး(၂၀ နှစ်)တို့ ၄ ဦးသည်တစ်အိမ်တည်းအတူ​နေကြ​သော​ဆွေမျိုးများဖြစ်​နေသည်။ထို​ကြောင့် ကျန်ရစ်သူ အမျိုးသမီးမှာခင်ပွန်း၊သားနှင့်တူများကိုတစ်ပြိုင်နက် ဆုံးရှုံးလိုက်ရခြင်းဖြစ်ပြီး ၊၎င်းမှာရင်​သွေးငယ်ကို ကိုယ်ဝန်​ဆောင်ထားရ​သူလည်းဖြစ်​ကြောင်း​ဒေသခံအချို့က​ပြောသည်။

​ဒေသခံပြည်သူ​လေးဦးကိုဖမ်းဆီးသတ်ဖြတ်ခဲ့​သောထိုစစ်ကြောင်းကို နံနက် ၇ နာရီခန့်တွင် ပုဏ္ဏားယာကွေ့၌လည်းကောင်း၊ ညောင်ပင်ဝန်းစခန်း၌လည်းကောင်း ဗိုလ်မိုးကြိုး၊စွန်ရဲ ၊မြို့နယ် ပ.က.ဖ တို့နှင့်အတူ အခြာ မဟာမိတ်အဖွဲ့များပူးပေါင်းကာ လက်နက်ကြီးဖြင့် နှစ်ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တိုက်နယ်စွန် PDF အဖွဲ့က ပြောသည်။

လက်ရှိ ထိုစစ်ကြောင်းသည် မုံရွာ-မန္တလေးလမ်းရှိ ညောင်ပင်ဝန်းစခန်း၌ ပြန်လည်စခန်းချနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီဇင်ဘာ ၃၀ ရက် ညကလည်း ရှမ်းမြောင်းရွာက ကျောက်မှုန့်စက်ရုံပိုင်ရှင်၏ မိခင်ဖြစ်သူ၊ စက်ရုံရှိ အမျိုးသမီးအလုပ်သမား တစ်ဦးနှင့် အမျိုးသားအလုပ်သမား ၅ ဦး စုစုပေါင်း ပြည်သူ ၇ဦးအား ပစ်သတ်သွားခဲ့သည်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။