စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်တွင် ယမန်နေ့ညက နောင်ပိုအောင်ရဲစခန်းတိုက်ခိုက်ခံရပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယမန်နေ့ (ဧပြီ၂ ရက်) ည ၉ နာရီခန့်မှစတင်ကာ ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာ ရဲစခန်းတိုက်ခိုက်ခဲ့မှုဖြစ်စဥ်နှင့်ပတ်သက်၍ ဟုမ္မလင်း HPDFက အတည်ပြုသည်။
“ခဏနေလောက်မှသေချာ ပြောပြနိုင်မယ်။ ကျွန်တော်တို့ နည်းနည်းအတည်ပြုစရာနဲ့စာရင်းစုစရာတွေ ရှိသေးလို့ပါ။ ထုတ်ပြန်ပေးပါ့မယ်။”ဟု ဟု ဟုမ္မလင်းHPDFမှ တာဝန်ရှိသူက ပြောသည်။
ဟုမ္မလင်းမြို့နယ်တွင် စစ်ကောင်စီတပ်၊ SNA တပ်များနှင့် PDF ပူးပေါင်းမဟာမိတ်တပ်များ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံပြည်သူများ စစ်ရေးသတိရှိကြရန် ဟုမ္မလင်းHPDF သတိပေးထားသည်။

Public Service Announcement
နောင်ပိုအောင် -ပင်ခုတ်- နတ်နန်း-ဖောင်းပြင် လမ်းတစ်လျှောက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် ထိုလမ်းပိုင်းများအား ယာယီ ဖြတ်သန်းသွားလာခြင်းမပြုကြရန်နှင့် သတိပေးချက်အား မလိုက်နာ၍ တစုံတရာဖြစ်ပွားခဲ့ပါက တာဝန်မယူကြောင်း နယ်မြေဒေသခံရဲဘော်များကိုယ်စား ဟုမ္မလင်းHPDF ထပ်မံသတိပေးထားသည်။


















































