Connect with us

Hi, what are you looking for?

သတင်း

သထုံမြို့နယ်တွင် စစ်ကောင်စီနှင့် BGF လက်နက်ကြီးပစ်ခတ်၍ အရပ်သားသုံးဦး ဒဏ်ရာရ

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် အရပ်သားပြည်သူ သေဆုံးမှု မကြာခဏ ရှိခဲ့ပြီး KNU အုပ်ချယ်နယ်မြေရှိ ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

(စစ်တပ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိူခွင်းရန် စောင့်ဆိုင်းနေသော စစ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာဆန္ဒပြနေသော ပြည်သူများအား ပစ်ခတ်ဖြိူခွင်းရန် စောင့်ဆိုင်းနေသော စစ်သားများအား ၂၀၂၁အတွင်းက တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံမြို့နယ် အတွင်း၌ စစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့ လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားပြည်သူ သုံးဦးဒဏ်ရာရခဲ့ကြောင်း KNU ဗဟိုက ယနေ့ သတင်းထုတ်ပြန်သည်။

ဧပြီ ၂ရက် နံနက်က အာဏာသိမ်းစစ်ကောင်စီ ၏ ခမရ (၉) ဝင်းပစခန်းမှ လက်နက်ကြီး သုံးလုံးပစ်ခတ်ခဲ့ရာ သထုံမြို့နယ်၊ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဒဏ်ရာရသူများမှာ အသက်(၁၆)နှစ်နှင့် (၁၇) နှစ်အရွယ် လူငယ် နှစ်ဦးဖြစ်သည်ဟု ဆိုသည်။

ထိုနေ့ မွန်းလွဲပိုင်းပင် စစ်ကောင်စီလက်အောက်ခံ BGF စစ်ကား နှစ်စီးသည် ဓာတ်ကျိုက်ဂူအနီးမှနေ၍ လက်နက်ကြီး (၈)လုံးရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝင်းဖုန်းရွာအနီး လယ်ထဲသို့ ကျရောက်ပေါက်ကွဲပြီး စပါးရိတ်သိမ်းနေသော အသက် (၆၆)နှစ်အရွယ် အမျိုးသား လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့များက ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်ခြင်းများကြောင့် အရပ်သားပြည်သူ သေဆုံးမှု မကြာခဏ ရှိခဲ့ပြီး KNU အုပ်ချယ်နယ်မြေရှိ ပြည်သူအများအပြား စစ်ဘေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်နဲ့ မော်လိုက်မြို့နယ်ကို စစ်တပ်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်တပ်ဟာ လေကြောင်းကနေ ဗုံးကြဲတာ အပါအဝင် အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဆက်လက် ကျူးလွန်နေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။