Connect with us

Hi, what are you looking for?

သတင်း

ကနီနယ် သရက်တောရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ် သုံးဦးသေဆုံး

မတ်လ ၃၀ ရက်ကလည်း ကနီမြို့ပေါ်တွင် ကင်းစောင့်ရန် ထွက်လာသည့် စစ်ကောင်စီတပ် သားများအား ကျောက်လုံးကြီး KLG တပ်မဟာနှင့်ဒေသတွင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

(DRPA ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-DRPA)
(DRPA ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-DRPA)

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ သရက်တောကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ်အဖွဲ့များ အနီးကပ်တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးကြောင်း အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော်(DRPA)က သတင်းထုတ်ပြန်သည်။

ဧပြီ ၄ ရက် နေ့လည် ၁၂ နာရီဝန်းကျင်က ကနီမြို့နယ် အလယ်ကျွန်းကျေးရွာရှိ စစ်ကောင်စီတပ်မှ အင်အား ၅၀ ကျော်အပါအဝင် ပျူစောထီးများနှင့် ဒေသမဟာမိတ်တပ်ဖွဲ့များ သရက်တောရွာ အနောက်မြောက်ဘက်မီတာ ၁၀၀ အတွင်း၌ အနီးကပ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း DRPA၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တိုက်ပွဲမှာ ၁နာရီခွဲဝန်းကျင် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သား သုံးဦးသေဆုံးခဲ့ကာ စစ်ကောင်စီဘက်က အထိအခိုက်အများအပြားဖြင့် ဆုတ်ခွာသွားသည်ဟု DRPA၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

Public Service Announcement
Public Service Announcement

မဟာမိတ်အဖွဲ့မှ ရဲ​ဘော် တစ်ဦးလည်း သေနတ်ချို့ယွင်းမှုဖြစ်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

“ဆယ်ဧကလောက်ခြားတယ်။ မိုင်းကွင်းထဲကို စစ်ကြောင်းထိုးဖို့ဆိုပြီးလာတာ။ လာတဲ့အခါမိုင်းကွင်းမှန်းသိတော့ အရင်မဖြတ်ဘူး။ နွားအုပ်ကို အရင်ဖြတ်ခိုင်းတာ။ နွားလေးကောင်အရင်ကျော်လာလို့ ကျွန်တော်တို့ကသိမ်းထားလိုက်တယ်။ ၃ကောင်ကတော့မိုင်းကွင်းဖြတ်ရင်းသေသွားတယ်။အဲဒီမှာတိုက်ပွဲဖြစ်တယ်။ သူတို့ကျတဲ့သူတွေကိုပြန်ထုတ်သွားတာကိုမြင်လိုက်ရတယ်။”ဟု DRPA၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို DRPA၊ ခရိုင်ရင်း (၂)၊ အမေ့သားကျားသုံးဖော်နှင့် KPDF 1မှ KGF တပ်ခွဲတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မတ်လ ၃၀ ရက်ကလည်း ကနီမြို့ပေါ်တွင် ကင်းစောင့်ရန် ထွက်လာသည့် စစ်ကောင်စီတပ် သားများအား ကျောက်လုံးကြီး KLG တပ်မဟာနှင့်ဒေသတွင်းမဟာမိတ်အဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က နှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။