Connect with us

Hi, what are you looking for?

ဗီဒီယို

ပြည်သူ့ရင်ပြင်အပြင်မှာဆောက်ထားတဲ့ မဏ္ဍပ်တွေအထဲပြန်ရွေ့ဆောက်

ဗုံးပေါက်မှုဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှိရာ လမ်းမကြီးကိုလည်း စစ်ကောင်စီက ပိတ်ထားပြီး ပြင်ဆင်တာတွေဆက်လုပ်နေပါတယ်။

သင်္ကြန် ရောက်ဖို့ သုံးရက်ပဲလိုတော့ချိန်မှာ စစ်ကောင်စီက ရန်ကုန်မြို့တွင်းမဏ္ဍပ်တွေကို အပူတပြင်းဆောက်လုပ်နေတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ရက်က ရန်ကုန်တိုင်းအစိုးရရုံးရှေ့ ပြည်သူ့ရင်ပြင် အပြင်ဘက်မှာ ဆောက်လုပ်နေတဲ့ မဏ္ဍပ်တွေကိုလည်း ပြည်သူ့ရင်ပြင်အတွင်း ပြောင်းဆောက်နေတာကိုလည်းတွေ့ရပါတယ်။

အဲဒီမဏ္ဍပ်တွေဆောက်နေတဲ့ရက်က ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်အနီး ဗုံးပေါက်ခဲ့တာကြောင့် မဏ္ဍပ်တွေကို ပြည်သူ့ရင်ပြင်အတွင်း ရွှေ့ပြောင်းခြင်းဖြစ်နိုင်တယ်လို့ သုံးသပ်နေတာလည်းရှိပါတယ်။

ဗုံးပေါက်မှုဖြစ်ခဲ့တဲ့ ရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ရှိရာ လမ်းမကြီးကိုလည်း စစ်ကောင်စီက ပိတ်ထားပြီး ပြင်ဆင်တာတွေဆက်လုပ်နေပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက လူစည်ကားတဲ့ နေရာတွေမှာ မဏ္ဍပ်ဆောက်လုပ်ဖို့ ညွှန်ကြားထားတယ်လိုဆိုပေမယ့် ရန်ကုန်မြို့လယ် အနော်ရထားလမ်းပေါ်မှာ ရေကစားမဏ္ဍပ်နှစ်ခုပဲ ဆောက်နေတာတွေ့ရပါတယ်။

၂၇ လမ်း နဲ့ ဘိုကလေးဈေးမှာ စစ်ကောင်စီတပ်လုံခြုံရေးယူပြီး ဆောက်လုပ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီက သင်္ကြန်ကိုစည်ကားရေး နည်းမျိုးစုံနဲ့ပြင်ဆင်လျက်ရှိပြီး တော်လှန်ရေးအင်အားစုတွေကလည်း စစ်ကောင်စီ သင်္ကြန်တွင်မပါဖို့ တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။