Connect with us

Hi, what are you looking for?

သတင်း

ပေါင်တည်တွင် စစ်​ကောင်စီ​ဆောက်လုပ်​နေ​သောသင်္ကြန်မဏ္ဍာပ်ကို​PDF က​ဖောက်ခွဲသတိ​ပေး

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဆင်ရေးဒေသတွင်ပါဝင်သော ပဲခူးတိုင်းစစ်ဒေသခွဲတွင် စစ်ကောင်စီတပ်ဖွဲ့အားတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟုလည်း အသိပေးထားသည်။

(​ပေါင်တည်တွင်စစ်တပ်​ဆောက်လုပ်​နေဆဲသကြ်န်မဏ္ဍပ်။ဓါတ်ပု-CJ)
(​ပေါင်တည်တွင်စစ်တပ်​ဆောက်လုပ်​နေဆဲသကြ်န်မဏ္ဍပ်။ဓါတ်ပု-CJ)

ပေါင်းတည်မြို့နယ်တွင်စစ်ကောင်စီက ဆောက်လုပ်နေသော သင်္ကြန်မဏ္ဍပ်အား ယနေ့(‌ဧပြီလ၉ရက်)နံနက်အစောပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသံမိုင်းဖြင့်ဖောက်ခွဲ သတိပေးခဲ့သည်။

ပေါင်းတည်မြို့ရှိ ဆောက်လုပ်နေဆဲသင်္ကြန်မဏ္ဏပ်ကိုပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း – ၃၆၀၁ တပ်ခွဲ – ၅ နွေဦးတပ်ဖွဲ့က မိုင်းဖောက်ခွဲသတိပေးခဲ့ခြင်းဖြစ်သည်။

” မိုင်းတစ်လုံးပဲသုံးပြီး ဖောက်ခွဲခဲ့ပါတယ်။ စစ်ကောင်စီကတော့ သင်္ကြန်ကို စည်အောင် သူ့ဝန်ထမ်းတွေနဲ့ လုပ်မှာ။ ပြည်သူတွေကတော့ ပူပေါင်းမှာမဟုတ်ပါဘူး”ဟု ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ သင်္ကြန်မဏ္ဏပ်သည်ပေါင်းတည်မြို့၊ စျေး ၂ ရပ်ကွက် ဘုရားကြီးလမ်းတွင် တည်ရှိသည်။ ယနေ့ နံနက် ငါးနာရီခန့်တွင် ပေါက်ကွဲသံကျယ်လောင်စွာကြားရကြောင်း မြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ထိခိုက်မှုတော့မရှိခဲ့ဘူး။ သင်္ကြန်တွင်းမှာတော့ သတိနဲ့ သွားလာကြဖို့လိုတယ်။စစ်ကောင်စီအုပ်စုနဲ့ အနီးကပ်မနေကြဖို့လိုတယ်”ဟု ပေါင်းတည်မြို့ခံတစ်ဦးကပြောသည်။

ယခုမိုင်း‌ဖောက်ခွဲမှုသည်ပေါင်းတည်မြို့နယ်တွင်စစ်ကောင်စီက၎င်းတို့၏အကျိုးစီးပွားအတွက်ဟန်ပြကျင်းပမည့် သင်္ကြန်ပွဲ‌တော်အား သပိ‌တ်မှောက်ဆန့်ကျင်ကြရန် တိုက်တွန်းသည့်အနေဖြင့် ဖောက်ခွဲခြင်းဟု ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်ထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဆင်ရေးဒေသတွင်ပါဝင်သော ပဲခူးတိုင်းစစ်ဒေသခွဲတွင် စစ်ကောင်စီတပ်ဖွဲ့အားတိုက်ခိုက်မှုများ အရှိန်မြှင့်နေသည်ဟုလည်း အသိပေးထားသည်။

“ကျနော်တို့က ဒီထက်ပိုပြီးတော့ စစ်ရေးအရှိန်မြှင့်ပါမယ်။ ဒါကို ပြည်သူတွေက သိရှိနားလည်ပြီးလုံခြုံရေးသတိပိုရှိကြဖို့ လိုပါတယ်” ဟုပဲခူးတိုင်းစစ်ဒေသခွဲတာဝန်ရှိသူကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ