Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဖလမ်း ဗားရ်တံတားရှိ စစ်ကောင်စီစခန်းကို CNDF သိမ်းပိုက်၊ စစ်ကောင်စီ သုံးဦးသေ၊ ၁၄ဦး အရှင်ဖမ်းမိ လက်နက်ခဲယမ်းများရရှိ

စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်က ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၉ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။

(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီတပ်က ဝေဘူလမြို့ကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်တုန့်ပြန် အရပ်သား ၉ဦးသေဆုံး

▪︎စစ်ကောင်စီတပ်က အရပ်သားများကိုပစ်မှတ်ထားလေကြောင်းတိုက်ခိုက်၍ ၁၂ရက်အတွင်းချင်းပြည်နယ်တွင် ပြည်သူ ၁၈ဦးသေဆုံး၊ ဒဏ်ရာရသူများစွာရှိ

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားရ်တံတားအနီးရှိ စစ်ကောင်စီရဲစခန်းကို ယနေ့ ဧပြီ ၁၀ရက်တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်(CNDF)က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှု ရှိခဲ့သည့်အပြင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦး အရှင်ဖမ်းမိခဲ့ကြောင်း ချင်းသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“နောက်ဆုံးသတင်းကြားတာက ၃ယောက်ကျတယ် ၁၄ယောက်အရှင်ဖမ်းတယ်ပေါ့။ အဲဒီလို ရှိတယ်။ ပြီးတော့ သူတို့မှာ ရှိတဲ့ လက်နက်တချို့ကို အားလုံးသိမ်းသွားပြီးတော့ အဲဒီ စခန်းကို ဆက်လက်ပြီးတော့ ရဲတွေ စစ်ခွေးတွေ မနေနိုင်အောင် သူတို့ကဖျက်ဆီးလိုက်တာပေါ့” ဟု ၎င်းက ဆက်​ပြောသည်။စစ်​ကောင်စီတပ် ​သေဆုံးခိုက်မှုအ​ခြေအ​နေကိုPeople’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ။

(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

အဆိုပါ စခန်းတိုက်ခိုက်​နေစဉ်အတွင်း စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ရာ CNDF ရဲဘော် အချို့ ထိခိုက်မှုရှိခဲ့သည်ဟုသိရသည်။

ထို့ပြင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားမှု မရှိသည့်ဖလမ်းမြို့နယ် ဝေဘူလမြို့ပေါ်ကို လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ဝေဘူလမြို့ပေါ်မှာ ဂျက်ဖိုက်နာနဲ့ ချတယ်။ အဲဒီမှာ အစကတော့ ပြည်သူ ခြောက်ဦး သေတယ်လို့ ကြားရတာ အခု ၉ဦးပေါ့။ သုံးဦးထပ်တိုးတယ်လို့ ကျနော်တို့ ပြန်ကြားရတယ်။ အဲဒါတင်မကပါဘူး။ ဟားခါးနဲ့ ဖလမ်းကြား တိုက်ပွဲဖြစ်တဲ့နေရာလည်း ဒီညနေမှာ ဂျက်ဖိုက်တာ လေးစီးနဲ့နှစ်စီးက ၄ကြိမ်၊ နှစ်စီးက ၂ ကြိမ် အဲဒီတိုက်ပွဲဖြစ်တဲ့နေရာမှာ လာကြဲသွားတယ်။ ကျနော်တို့ဘက်က အထိအခိုက်တော့မရှိဘူးပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

ဖလမ်းနှင့် ဟားခါးလမ်းပိုင်းတွင်စစ်ကောင်စီတပ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်က တိုက်ခိုက် ခဲ့ရာ ဧပြီ ၈ရက်တွင် စစ်ကောင်စီတပ်မှ ယာဉ် ၂စီး၊ ဧပြီ ၁၀ရက်တွင် နောက်ထပ် ယာဉ် ၂စီးကို သိမ်းဆည်း နိုင်ခဲ့ဟု CNA ပြောရေးဆိုခွင့်ရှိသူက အသိပေးသည်။

စစ်ကောင်စီတပ်က ဝေဘူလမြို့ကို လေကြောင်းမှ တိုက်ခိုက်ခြင်းသည် ဖလမ်းမြို့နယ် ဗားရ်တံတားရှိ စစ်ကောင်စီစခန်း သိမ်းပိုက်ခံရမှုနှင့် ဆက်စပ်ကြောင်း ဆလိုင်းထက်နီက ပြောသည်။

“အဲဒီဘက်မှာက တိုက်ပွဲဖြစ်တာရှိတယ်။ အဲဒီ ဖလမ်းမြို့နယ်အတွင်း ဗားရ်တံတားက ရဲစခန်းကို CNDF ဆိုတဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ကနေ ဝင်ပြီးတော့ သိမ်းတယ်။ သိမ်းတော့ အဲဒီမှာ ဂျက်ဖိုက်တာ တစ်စီး လာပြီးချသွားတယ်။ အဲဒီမှာ CNDF တစ်ယောက်ရယ် ပြီးတော့ အဲဒီက ဒေသကျေးရွာအုပ်ချုပ်ရေးမှူး တစ်ယောက်တော့ ဆုံးသွားတယ်ပေါ့။အဲဒီကနေ တဆင့် အဲဒီ ဂွင်မှာ ရှိတဲ့ ဝေဘူလမြို့ထဲကို ဝင်ကြဲသွားတာ။ အမှန်က အဲဒီမှာ CNDF ရယ်အခြား ဒေသကာကွယ်ရေးတပ်ဖွဲကတွေ မရှိဘူးပေါ့။ အဲဒါကို တမင် ပြည်သူကို ဦးတည်ပြီးတော့ တမင်ကို လုပ်သွားတာပေါ့။ ဒါက အဲဒီမတိုင်ခင် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာမှာ ကြဲချတဲ့ ပုံစံလုပ်သွားတာပေါ့” ဟု ဆလိုင်းထက်နီက ပြောသည်။

(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)
(ဗားရ်တံတားနှင့် ​ဝေဘူလမြို့ကို စစ်​ကောင်စီတပ်က ​လေယာဥ်ဖြင့် ဗုံးကျဲပြီး​နောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-CJ)

စစ်ကောင်စီတပ်သည် မတ်လ ၃၀ရက်က ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် အရပ်သား ပြည်သူ ၉ဦး သေဆုံးပြီး ဒဏ်ရာရသူအများအပြားရှိခဲ့သည်။

“ကျနော်တို့ ပြည်သူတွေကို အဲဒီလို လူသားဒိုင်းသဖွယ် အဲဒီလို ရက်စက်မယ် ကြမ်းပြမယ် အဲဒါမှ CNA တို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့က ကိုယ်ပြည်သူကို စာနာပြီးတော့ စစ်ဆင်ရေးတွေဘာတွေ မလုပ်မှာ အဲဒါနဲ့ ဖြတ်လေးဖြတ် ပေါ်လစီထဲက တစ်ခုကို ယူပြီး အဲဒီလို လုပ်တာဖြစ်တယ်။ တကယ့် စစ်ရာဇဝတ်မှု မြောက်တဲ့ဟာဖြစ်တယ်” ဟု ဆလိုင်းထက်နီက စစ်ကောင်စီ၏ ချင်းလူထုအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြောပြသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။