Connect with us

Hi, what are you looking for?

သတင်း

ခင်ဦးမြို့သို့လာသော စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ ခုနစ်ဦးသေဟုဆို

ယနေ့နံနက်ပိုင်းကပင် ခင်ဦးနယ်အရှေ့မြောက်ဘက်၊ ကန့်ဘလူနယ်တောင်ခြမ်းရှိ ပဇီကြီးရွာအား စစ်ကောင်စီတပ်က Mi35နှင့် ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ တစ်ရာဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSO အဖွဲ့ဝင်ရဲဘော်များ။ ဓာတ်ပုံ-KSO
စစ်ဆင်ရေးတစ်ခုတွင် တွေ့ရသည့် Khin U Special Force Organization-KSO အဖွဲ့ဝင်ရဲဘော်များ။ ဓာတ်ပုံ-KSO

▪️စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ပစ်၍ ကလေးတစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ရေဦးမှ ခင်ဦးမြို့နယ်ဘက်သို့ ကူးလာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးပြီး လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကလေးငယ်တစ်ဦးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း Khin U Special Force Organization-KSO အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့ (ဧပြီ၁၁ ရက်) နံနက် ၆နာရီခန့်က ရေဦးမြို့ အောင်ဆန်း (အ.မ.က) ကျောင်းမှ စစ်ကောင်င်္စတပ်သား (၆၀)ကျော်သည် မူးမြစ်ကူးတံတားအရှေ့ဘက်ရှိ ခင်ဦးမြို့နယ် အင်းပတ်ကွေ့အထိုင်ချ စစ်အုပ်စုနှင့်ပေါင်း၍ အင်းပတ်ကွေ့ဈေးတန်းတောင်ဘက်သို့ ခြေလျင်စစ်ကြောင်း ထိုးလာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်သည် ပဒေသာမိုင်း၂တွဲထောင်ထားသည့် မိုင်းကွင်းအတွင်း ဝင်လာ၍ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ နေရာ၌ပင် ခုနစ်ဦး ပွဲချင်း ပြီးသေဆုံးကြောင်း Khin U Special Force Organization-KSO အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ကျန်ရှိ စစ်ကောင်စီတပ်သားနှင့် ပျူစောထီးများသည် ဘေးအနီးဝန်းကျင်ရှိ ခြုံများသို့ ဒဏ်ရာများဖြင့် ဝင်တိုးရာ တိုက်မိုင်းများထိ၍ ထိခိုက် သေဆုံးမှုများရှိကြောင်း KSO အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“သုံးဆယ်လောက်ကျသွားမလားမသိဘူး။ ကားတွေနဲ့တင်သွားတယ်။ ခဏနေတော့ လေယာဥ်တက်လာပြီဆိုပြီးတော့ ခင်ဦးအနောက်ခြမ်းက ပြည်သူတွေကရှောင်ကြတာ။ တကယ်တမ်းအဲလေယာဥ်က ရွှေဘိုဘက်ကနေပတ်ပြီးတော့ ကန့်ဘလူဘက်သွားပစ်တာ။”ဟု အထက်ပါတာဝန်ခံကပြောသည်။

ထိခိုက်သေဆုံးသူများအား ရေဦးမြို့ပေါ်မှ Customကားတစ်စီးဖြင့် လာရောက်သယ်ဆောင်သွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်အချို့က ဆိုသည်။

စစ်ကောင်စီဘက်က အထိနာသွား၍ ရေဦးတိုင်းရင်းဆေးရုံရှိ စစ်အုပ်စုက လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ အင်းပတ်ကျေးရွာရှိ နေအိမ်၁လုံး ပျက်စီး၍ အသက်(၁၂)နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အမျိုးသား၂ဦး၊ အမျိုးသမီး တစ်ဦး လက်နက်ကြီးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် အင်းပတ်ကျေးရွာနှင့် ကျေးရွာစာသင်ကျောင်းအတွင်း ဝင်ရောက်ရှာဖွေမွှေနှောက်သွားခဲ့ပြီး နံနက် ၁၀နာရီဝန်းကျင်၌ ရေဦးမြို့နှင့် အင်းပတ်ကွေ့ အထိုင်ချစခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သတင်းရရှိသည်။

ယနေ့နံနက်ပိုင်းကပင် ခင်ဦးနယ်အရှေ့မြောက်ဘက်၊ ကန့်ဘလူနယ်တောင်ခြမ်းရှိ ပဇီကြီးရွာအား စစ်ကောင်စီတပ်က Mi35နှင့် ဂျက်ဖိုက်တာများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ တစ်ရာဝန်းကျင် ထိခိုက်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က တိုက်ခန်းတစ်ခန်းမှာ သံပန်းဘာဂျာတံခါးညပ်ပြီး အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အခင်းနေရာကိုသွားရောက်ကူညီခဲ့တဲ့ ကိုပူတူးနဲ့ဘော်ဒါများအဖွဲ့က အသိပေးထားပါတယ်။