Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးဖြစ်ရပ် လက်တုံ့ပြန်သည့်အနေဖြင့် သပိတ်ကျင်းတွင် စစ်ကောင်စီယာဉ်တန်းအား တိုက်ခိုက်

(၁၂)ဘီးယာဉ်နှစ်စီးဖြင့်လာသော စစ်ကောင်စီယာဉ်တန်းကို တကောင်းတိုက်နယ် (၄)မိုင်ရွာနှင့် (၆) မိုင်ကျေးရွာကြားမှစောင့်ဆိုင်း၍ ယနေ့ နံနက် ၅နာရီ၁၀မိနစ်နှင့် ၅နာရီ၁၅မိနစ်တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

(တ​ကောင်းပကဖ တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - တ​ကောင်းပကဖ)
(တ​ကောင်းပကဖ တပ်ဖွဲ့ဝင်အချို့ကိုတွေ့ရစဉ်။ ဓာတ်ပုံ - တ​ကောင်းပကဖ)

▪️၁၅ဦးထက်မနည်းသေဆုံးဟု တကောင်း (ပကဖ) ပြော

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် တကောင်းတိုက်နယ်အတွင်း စစ်ကောင်စီယာဉ်တန်းအား ယနေ့(ဧပြီ ၁၂ရက်) နံနက်ပိုင်းက နှစ်ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၅ဦးထက်မနည်းသေဆုံးကြောင်း တကောင်း(ပကဖ)က သတင်းထုတ်ပြန်သည်။

(၁၂)ဘီးယာဉ်နှစ်စီးဖြင့်လာသော စစ်ကောင်စီယာဉ်တန်းကို တကောင်းတိုက်နယ် (၄)မိုင်ရွာနှင့် (၆) မိုင်ကျေးရွာကြားမှစောင့်ဆိုင်း၍ ယနေ့ နံနက် ၅နာရီ၁၀မိနစ်နှင့် ၅နာရီ၁၅မိနစ်တွင် နှစ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဟု သတင်းရရှိသည်။

ထိုတိုက်ခိုက်မှုသည် ကန့်ဘလူမြို့နယ် ပဇီကြီး ကျေးရွာအား စစ်ကောင်စီတပ်က ဧပြီ ၁၁ရက်နံနက်တွင် လေကြောင်းမှတိုက်ခိုက်ခဲ့၍ ဒေသခံများသေဆုံးရသည့်ဖြစ်ရပ်အတွက် သွေးကြွေးဆပ်ခြင်းဟု တကောင်း(ပကဖ)က ထုတ်ပြန်ထားသည်။

“အဲ့ကားနှစ်စီးကိုပဲ နှစ်ကြိမ်ဆက် မိုင်းဆွဲတာ။ သေတာများတယ်။ တကောင်းမြို့ထဲက နာရေးကားသုံးစီးနဲ့ လာသယ်သွားတာ ဟုတ်တယ်”ဟု ထီးချိုင့်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

တိုက်ခိုက်မှုနှစ်ကြိမ်တွင် မိုင်းခြောက်လုံး အသုံးပြုခဲ့ပြီး ပထမတကြိမ်တိုက်ခိုက်မှု၌ ယာဉ်နောက် ပိုင်းထိမှန်ပြီး ရမ်းခါသွားကြောင်း၊ ဒုတိယအကြိမ်တိုက်ခိုက်မှုတွင် ယာဉ်ခေါင်းပိုင်းအား ထိမှန်ပြီး မီးလောင်ပျက်စီးသွားကြောင်း တကောင်း (ပကဖ)က သတင်းထုတ်ပြန်သည်။

အင်းနက်မှထွက်လာသော (၁၂)ဘီးယာဉ် နှစ်စီးအား မိုင်း သုံးလုံးဖြင့် နံနက်၅နာရီ၁၀မိနစ်တွင် ဖောက်ခွဲတိုက်ခိုက်ရာ ၎င်းမစ်ရှင် နှစ်ခုတွင် စစ်ကောင်စီတပ်ဘက်မှ ၁၅ယောက်ခန့်သေဆုံးခဲ့ပြီး တကောင်းမြို့တွင်းမှ နာရေးယာဉ် သုံးစီးဖြင့် လာရောက်‌သယ်ဆောင်သွားသည်ဟု ဆိုသည်။

ဒုတိယအကြိမ်မိုင်းဆွဲအပြီးတွင် ‌ယာဉ်ပေါ်မှ၁၅ဦးထက်မနည်းသေဆုံးပြီး ငါးဦးဒဏ်ရာအပြင်းအထန်ရကာ ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညောင်းကုန်းကျေးရွာသို့ ပြေးဝင်သွားသည်ဟု ဆိုသည်။

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ပြည်သူ ၅၀နှင့် ၁၀၀ကြားသေဆုံးနိုင်ပြီး သေဆုံးသူအရေအတွက်ကို အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ရှာ‌ဖွေကယ်ဆယ်ရေးလုပ်နေသူများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်မြို့တော် ၊ ဘားအံမြို့ ၊ သံလွင်မြစ်အနောက်ကမ်းမှာ ဧပြီလ တတိယပတ်အတွင်း စစ်ကောင်စီတပ်က အင်အားအများအပြားစေလွှတ်ပြီး နေရာယူတပ်စွဲတာတွေရှိလာတယ်လို့ ကရင်စစ်ဘက် နဲ့အရပ်ဘက် သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကျေးရွာ သုံးရွာကို စစ်ကောင်စီက ယမန်နေ့ ညနေပိုင်းတွင် လေကြောင်းမှ ဗုံးအလုံး ၄၀နီးပါး ကြဲချသောကြောင့် အရပ်သားလေးဦးသေဆုံးခဲ့သလို ယနေ့(ဧပြီ၂၇ရက်) နံနက်ပိုင်းတွင်လည်း လေကြောင်းမှထပ်မံ ဗုံးကြဲနေသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နှင့် ဖားကန့်မြို့နယ် တို့တွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်အကြား ယနေ့ ဧပြီ ၂၇ရက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။

သတင်း

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီ တိုက်ခိုက်၍ KNUနယ်မြေ၌ ပြည်သူ ၂၀ဦး သေဆုံး၊အများအပြား ဒဏ်ရာရ