Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတွင် စစ်ကောင်စီ၏သင်္ကြန်ပွဲ ပြည်သူ များသွားရောက် ရေကစားခြင်းများ မပြုလုပ်ကြရန် MN PDF Myitngle သတိပေး

စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ပေါင်း ၁၃ခုထက်မနည်း တည်ဆောက်ထားပြီး အတုအယောင်ဟန်ပြသင်္ကြန် ဖြစ်မြောက်အောင် ကြိုးစားနေကြောင်း မြို့ခံအချို့က ပြောသည်။

(ယမန်နေ့က စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပွဲအတွက် မြို့တော်မဏ္ဍပ်အစမ်းလေ့ကျင့်နေကြစဥ်။ ဓာတ်ပုံ - စကစ)
(ယမန်နေ့က စစ်ကောင်စီ၏ ဟန်ပြသင်္ကြန်ပွဲအတွက် မြို့တော်မဏ္ဍပ်အစမ်းလေ့ကျင့်နေကြစဥ်။ ဓာတ်ပုံ - စကစ)

မန္တလေးမြို့တွင် စစ်ကောင်စီကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပြည်သူများ သွားရောက်ပူးပေါင်းရေကစားခြင်းများ မပြုလုပ်ကြရန် အမှတ်(၅)တပ်ရင်း MN PDF Myitngle မြို့ပြပြောက်ကျားတပ်ဖွဲ့က သတိပေးလိုက်သည်။

ယနေ့ (ဧပြီ ၁၃ ရက်)မှစတင်ကာ စစ်ကောင်စီက ကျင်းပမည့် သင်္ကြန်ပွဲတော်ကို ပြည်သူများအနေဖြင့် သွားရောက်ပူးပေါင်းခြင်း၊ ပါဝင်ရေကစားခြင်းများ မပြုလုပ်ကြရန်၊ နိုင်ငံတစ်ဝန်းသွေးမြေကျချိန် စစ်ကောင်စီက ပြုလုပ်သော ရေကစားမဏ္ဍပ်အနီးသို့ သွားရောက်ခြင်းမပြုကြရန် ထုတ်ပြန်ကြေညာသည်။

လုပ်ငန်းများဆောင်ရွက်ရာတွင် ပြဿနာတစ်စုံတစ်ခု ပေါ်ပေါက်ခဲ့ပါက တော်လှန်ရေးရဲဘော် များနှင့်မသက်ဆိုင်ဘဲ လုံးဝတာဝန်ယူမည်မဟုတ်ကြောင်း MN PDF Myitngle မြို့ပြပြောက်ကျားတပ်ဖွဲ့က ထပ်မံသတိပေးသည်။

စစ်ကောင်စီတပ်သည် မန္တလေးမြို့တွင် ဖျော်ဖြေရေးနှင့်ရေကစားမဏ္ဍပ်ပေါင်း ၁၃ခုထက်မနည်း တည်ဆောက်ထားပြီး အတုအယောင်ဟန်ပြသင်္ကြန် ဖြစ်မြောက်အောင် ကြိုးစားနေကြောင်း မြို့ခံအချို့က ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနှစ်ကလေးတွေဘယ်မှကို မလွှတ်ဘူး။ တအားအန္တရာယ်များတယ်။”ဟု မန္တလေးမြို့ခံ မိခင်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ အတုအယောင်သင်္ကြန်အား ပါဝင်ခြင်းမပြုရန် ပြည်သူများအား PDFအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။