Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ

စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့ရသည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြသည်။

(ကန့်ဘလူနယ် စဇီကြီးရွာအား လေ ကြောင်းမှ တိုက်ခိုက်ခံရပြီး နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
(ကန့်ဘလူနယ် စဇီကြီးရွာအား လေ ကြောင်းမှ တိုက်ခိုက်ခံရပြီး နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

▪️စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှသာ အနိုင့်ကျင့်မှု စနစ်ဆိုးမှ လွတ်မြောက်နိုင်မည်ဟု ထုတ်ပြန်

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ယနေ့ထုတ်ပြန်လိုက်သည်။

ကလေးငယ်များအပါအဝင် အပြစ်မဲ့ ရွာသူ၊ရွာသား ၁၀၀ကျော် အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရသည့် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီက ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း၊ စစ်ကောင်စီက ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရရှာသော ရွာသူ၊ရွာသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း KIO၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ
ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ

စစ်ကောင်စီအနေဖြင့် မိမိပြည်သူကို အကာအကွယ်ပြုရမည့်အစား ရန်သူသဖွယ် အရပ်ဘက် ၊စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုများ နေထိုင်သည့် ရပ်ရွာများကို လူမဆန်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် အလွန်စက်ဆုပ်ရွံရှာဘွယ် ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း KIOက ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့ရသည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများကို မတရားအနိုင်ကျင့် ခြိမ်းခြောက်ရက်စက်မှု နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး အုပ်ချုပ်နေသည့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့်မှု၊ ခြိမ်းခြောက် အနိုင်ကျင့်မှုစသည့် စနစ်ဆိုးမှ လွတ်မြောက်လာနိုင်မည်ဟု ယုံကြည်ကြောင်း KIOက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဇူလိုင် ၁၄ ရက် ၁ရက်တည်း ကလေးငယ် ၄ ဦး သေဆုံးပြီး ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။