Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ

စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့ရသည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြသည်။

(ကန့်ဘလူနယ် စဇီကြီးရွာအား လေ ကြောင်းမှ တိုက်ခိုက်ခံရပြီး နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)
(ကန့်ဘလူနယ် စဇီကြီးရွာအား လေ ကြောင်းမှ တိုက်ခိုက်ခံရပြီး နောက်မြင်ကွင်း။ ဓာတ်ပုံ-CJ)

▪️စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်မှသာ အနိုင့်ကျင့်မှု စနစ်ဆိုးမှ လွတ်မြောက်နိုင်မည်ဟု ထုတ်ပြန်

စစ်ကောင်စီက စစ်ရေးပစ်မှတ်မဟုတ်သည့် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် လုပ်ရပ်ကို ပြင်းထန်စွာရှုတ်ချကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက ယနေ့ထုတ်ပြန်လိုက်သည်။

ကလေးငယ်များအပါအဝင် အပြစ်မဲ့ ရွာသူ၊ရွာသား ၁၀၀ကျော် အစုလိုက်၊ အပြုံလိုက် သေဆုံးခဲ့ရသည့် အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီက ပြည်သူလူထုများအပေါ် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ရှုမြင်ကြောင်း၊ စစ်ကောင်စီက ရက်ရက်စက်စက် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် သေဆုံးခဲ့ရရှာသော ရွာသူ၊ရွာသားများ၏ မိသားစုဝင်များ၊ မိတ်ဆွေများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း KIO၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ
ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရသည့် စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု KIO ပြင်းထန်စွာ ရှုတ်ချ

စစ်ကောင်စီအနေဖြင့် မိမိပြည်သူကို အကာအကွယ်ပြုရမည့်အစား ရန်သူသဖွယ် အရပ်ဘက် ၊စစ်ဘက် မခွဲခြားဘဲ အကြောင်းအမျိုးမျိုးပြကာ စစ်ရေးပစ်မှတ်မဟုတ်သော ပြည်သူလူထုများ နေထိုင်သည့် ရပ်ရွာများကို လူမဆန်စွာ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခြင်းသည် အလွန်စက်ဆုပ်ရွံရှာဘွယ် ကောင်းသော သူရဲဘောကြောင်သည့် လုပ်ရပ်ဖြစ်ကြောင်း KIOက ထုတ်ပြန်ခဲ့ပြီး ယင်းလုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချခဲ့သည်။

Public Service Announcement
Public Service Announcement

စစ်အာဏာရှင်စနစ်ဆိုးကြီးမှ လွတ်မြောက်ရန် အမှန်တရားဘက်မှ ရပ်တည်ပြီး တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စတေးခဲ့ရသည့် ပုဂ္ဂိုလ်များအားလုံးကို လေးစားဂုဏ်ပြုကြောင်း ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုများကို မတရားအနိုင်ကျင့် ခြိမ်းခြောက်ရက်စက်မှု နည်းလမ်းပေါင်းစုံ ကျင့်သုံးပြီး အုပ်ချုပ်နေသည့် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းပြီး စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှသာ မတရားအနိုင်ကျင့်မှု၊ ခြိမ်းခြောက် အနိုင်ကျင့်မှုစသည့် စနစ်ဆိုးမှ လွတ်မြောက်လာနိုင်မည်ဟု ယုံကြည်ကြောင်း KIOက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့(မေလ ၃ ရက်)ကျရောက်သော ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့တွင် စာနယ်ဇင်းလွတ်လပ်ခွင့်နှင့် သတင်းမီဒီယာဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ သဘောထားရပ်တည်ချက်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။