Connect with us

Hi, what are you looking for?

သတင်း

ငါန်းဇွန်တွင် စစ်ကောင်စီတပ်သားများက သင်္ကြန်လည်ပတ်သော လူငယ်များအား ဖမ်းဆီးရိုက်နှက်နေ

ငါန်းဇွန်မြို့တွင်းတွင် စစ်ကောင်စီက မဏ္ဍပ်ပြုလုပ်ထားသော်လည်း ၎င်းတို့အားထောက်ခံသူ လူနည်းစုသာရှိနေကြောင်း ဒေသခံများက ပြောသည်။

ငါန်းဇွန်မြို့ပေါ် စစ်ကောင်စီမဏ္ဍပ်ရှေ့တွင် ရေကစားနေသော စစ်ကောင်စီဝန်ထမ်းများ။ ဓာတ်ပုံ-Cj
ငါန်းဇွန်မြို့ပေါ် စစ်ကောင်စီမဏ္ဍပ်ရှေ့တွင် ရေကစားနေသော စစ်ကောင်စီဝန်ထမ်းများ။ ဓာတ်ပုံ-Cj

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့တွင် စစ်ကောင်စီတပ်သားများက သင်္ကြန်လည်ပတ်သော လူငယ်များအား ဖမ်းဆီးရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သင်္ကြန်လည်ပတ်သော အမျိုးသားနှစ်ဦးစီးနင် လာသည့် ဆိုင်ကယ်များအားဖမ်းဆီးခြင်း၊ စစ်သားနှင့်ရဲများက ယူနီဖောင်းများ၊ အရပ်ဝတ်များဖြင့် မြို့တွင်းလှည့်၍ ရေကစား ပြည်သူများအားပါးရိုက်ခြင်း၊ ထိုင်ထ လုပ်ခိုင်းခြင်းများ ပြုလုပ်နေကြောင်း မြို့ခံအချို့က ပြောသည်။

ထို့အပြင် မြို့အဝင်ဂိတ်များမှာလည်း ခရီးသွား ပြည်သူများထံမှ အဓမ္မငွေတောင်းခံနေကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ဂိတ်တွေက အရက်ဖိုး၊ မုန့်ဖိုးတောင်းရမ်းတာတွေ ပိုများလာတယ်။ တောင်းရမ်းမရသော ဆိုင်ကယ်တွေကားတွေဆို ဆဲဆိုပြီး စစ်ဆေးတယ်။ ပါးရိုက်၊ ထိုင်ထလုပ်ခိုင်းတာတွေတောင်ရှိတယ်။”ဟု ငါန်းဇွန်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ငါန်းဇွန်မြို့တွင်းတွင် စစ်ကောင်စီက မဏ္ဍပ်ပြုလုပ်ထားသော်လည်း ၎င်းတို့အားထောက်ခံသူ လူနည်းစုသာရှိနေကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံနှင့် နွားထိုးကြီးမြို့နယ်တို့တွင်မူ စစ်ကောင်စီက သင်္ကြန်မဏ္ဍပ်ပင် ပြုလုပ်နိုင်ခြင်းမရှိပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။

Facebook