Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ်ရှိတာဝါတိုင်စခန်းကုန်းကို PDF သိမ်းပိုက်၊ လက်နက် ၁၆လက်နှင့် ခဲယမ်းများရရှိဟု NUG စစ်ရုံးချုပ်ထုတ်ပြန်

တိုက်ပွဲမှာ မနက် ၇နာရီ ၄၀မှစတင်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ နံနက် ၈နာရီအထိသာ ကြာမြင့်ခဲ့ပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

(စစ်​ကောင်စီတပ် ၊တာဝါတိုင်စခန်းကုန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)
(စစ်​ကောင်စီတပ် ၊တာဝါတိုင်စခန်းကုန်းမှသိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ။ဓါတ်ပုံ-NUG-MOD)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်ရှိ ရန်သူ့အင်အား(၃၀)ခန့် ရှိသော တာဝါတိုင်စခန်းကုန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) (ယင်းမာပင်ခရိုင်) တပ်ရင်း(၁)မှ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) စစ်ရုံးချုပ်ကသတင်းထုတ်ပြန်သည်။

ယနေ့ ဧပြီ ၁၇ရက် နံနက် ပိုင်းတွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

တိုက်ပွဲမှာ မနက် ၇နာရီ ၄၀မှစတင်ခဲ့ပြီး မိနစ် ၂၀ ခန့်အကြာ နံနက် ၈နာရီအထိသာ ကြာမြင့်ခဲ့ပြီး ရန်သူ့ထံမှ လက်နက်ခဲယမ်းများ ရရှိခဲ့ကြောင်း ဓာတ်ပုံမှတ်တမ်းနှင့်အတူ ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ရန်သူ့တပ်ထံမှ ရရှိခဲ့သည့် လက်နက်ခဲယမ်းများမှာ MA-2 (၃) လက်၊MA – 1 (၆) လက်၊ MA – 3 (၅)လက်၊ MA – 4 (၁)လက် နှင့် MA ကျည်ဘောက် (၈)ခု ၊ ၅ ဒသမ ၅၆ ကျည် (၉၃၈၀) တောင့် ၊ 60mm – ပြောင်းတို (၁)လက် ၊ 60 mm ဗုံးသီး (၅၀) လုံး၊ 40 mm ဗုံးသီး (၅၇) လုံး ၊ လက်ပစ်ဗုံးသီး (၅၆) လုံး ၊ ရှေ့ထွက်မိုင်း (၁၀) လုံး၊ နင်းမိုင်း (၂၉) လုံး ၊ Detonator(လက်ပစ်) (၃၇) ခု၊ Detonator (မိုင်း) (၄၅) ခု တို့ဖြစ်သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ချပ်ဝတ်တန်ဆာ (၂) ခု နှင့် ငွေကျပ် (၁၁၁၀၀) ကျပ် တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။