Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့သပိတ်ခေါင်းဆောင်နှင့် ဖမ်းဆီးခံအမျိုးသမီးတစ်ဦး၏နေအိမ်ကို စစ်ကောင်စီ ဖြိုချဖျက်ဆီး

ကလေးမြို့သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့လေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

(ဖျက်ဆီးခံရသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဖျက်ဆီးခံရသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်အာဏာရှင်တော်လှန်ရေး သပိတ်ခေါင်းဆောင်နှင့် သပိတ်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖြိုချဖျက်ဆီးလိုက်ပြီး စစ်ကောင်စီ၏ ယင်းလုပ်ရပ်မှာ အလွန်အောက်တန်းကျသောလုပ်ရပ်ဟု မြို့ခံများက ဝေဖန်နေသည်။

“ကလေးမြို့၊ တောင်ဖီလာရပ်ကွက်က ချင်းမလေးတစ်ယောက်ရဲ့ အိမ်ကို မနက်က ဖြိုချတယ်။ ညနေမှာ ကို‌ဗိုက်ပူရဲ့အိမ်ကို ဖြိုတယ်။ ယောင်္ကျားတန်မဲ့ အောက်တန်းကျတာပဲ။ သူများအိမ်တွေကို ဖြိုချတဲ့ တစ်အုပ်လုံး ဝဋ်လည်မှ သိလိမ့်မယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့သပိတ်ခေါင်းဆောင် ကိုဗိုက်ပူ၏ နေအိမ်နှင့် ဧပြီ ၁၆ရက်က ဖမ်း‌ဆီးခံရသော သပိတ်အဖွဲ့ဝင် မကျိန်ဒွန့်ကိမ်၏ နေအိမ်ကို စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၁၉ရက်)တွင် ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယနေ့ အိမ်ဖြိုကျခံရသော မကျိန်ဒွန့်ကိမ်အပါအဝင် ကလေးမြို့သပိတ်အဖွဲ့ဝင် လေးဦးသည် ဧပြီ ၁၆ရက်က ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမတွင် အတာရေအိုးများပေါ် တော်လှန်သင်္ကြန်စာသားများ ရေးသားပြီးဆန္ဒပြရန် ပြင်ဆင်နေစဥ် အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကလေးမြို့သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့လေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

“မင်းအောင်လှိုင်အောက်က Non CDMတွေက သူတို့ အဘခိုင်းတိုင်းလုပ်နေတာ။အခုလို အိမ်တွေလိုက်ဖြိုနေတာက Non CDMတွေ ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ မျက်မြင်ပဲ”ဟု ကလေးမြို့ခံတစ်ဦးက‌ ပြောသည်။

သပိတ်အင်အားစုအဖွဲ့ဝင်များ ဖမ်းဆီးခံရသော်လည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက နေ့စဉ် ချီတက်ဆန္ဒပြသည့်သပိတ်ရက်ပေါင်း (၈၀၀) ပြည့်နေ့တွင် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသူများအတွက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ကလေးမြို့ပင်မသပိတ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။