Connect with us

Hi, what are you looking for?

သတင်း

ကလေးမြို့သပိတ်ခေါင်းဆောင်နှင့် ဖမ်းဆီးခံအမျိုးသမီးတစ်ဦး၏နေအိမ်ကို စစ်ကောင်စီ ဖြိုချဖျက်ဆီး

ကလေးမြို့သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့လေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

(ဖျက်ဆီးခံရသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(ဖျက်ဆီးခံရသော နေအိမ်အား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်အာဏာရှင်တော်လှန်ရေး သပိတ်ခေါင်းဆောင်နှင့် သပိတ်အဖွဲ့ဝင် အမျိုးသမီးတစ်ဦး၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ယနေ့ ဖြိုချဖျက်ဆီးလိုက်ပြီး စစ်ကောင်စီ၏ ယင်းလုပ်ရပ်မှာ အလွန်အောက်တန်းကျသောလုပ်ရပ်ဟု မြို့ခံများက ဝေဖန်နေသည်။

“ကလေးမြို့၊ တောင်ဖီလာရပ်ကွက်က ချင်းမလေးတစ်ယောက်ရဲ့ အိမ်ကို မနက်က ဖြိုချတယ်။ ညနေမှာ ကို‌ဗိုက်ပူရဲ့အိမ်ကို ဖြိုတယ်။ ယောင်္ကျားတန်မဲ့ အောက်တန်းကျတာပဲ။ သူများအိမ်တွေကို ဖြိုချတဲ့ တစ်အုပ်လုံး ဝဋ်လည်မှ သိလိမ့်မယ်”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ကလေးမြို့သပိတ်ခေါင်းဆောင် ကိုဗိုက်ပူ၏ နေအိမ်နှင့် ဧပြီ ၁၆ရက်က ဖမ်း‌ဆီးခံရသော သပိတ်အဖွဲ့ဝင် မကျိန်ဒွန့်ကိမ်၏ နေအိမ်ကို စစ်ကောင်စီတပ်က ယနေ့(ဧပြီ ၁၉ရက်)တွင် ဘူဒိုဇာဖြင့် ဖြိုချဖျက်ဆီးခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

ယနေ့ အိမ်ဖြိုကျခံရသော မကျိန်ဒွန့်ကိမ်အပါအဝင် ကလေးမြို့သပိတ်အဖွဲ့ဝင် လေးဦးသည် ဧပြီ ၁၆ရက်က ကလေးမြို့ တပ်ဦးသီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမတွင် အတာရေအိုးများပေါ် တော်လှန်သင်္ကြန်စာသားများ ရေးသားပြီးဆန္ဒပြရန် ပြင်ဆင်နေစဥ် အကြမ်းဖက် စစ်ကောင်စီက ပစ်ခတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကလေးမြို့သပိတ်အဖွဲ့ဝင်များဖြစ်သော ကိုသန်းစိုးဦး၊ မကျိန်ဒွန့်ကိမ်၊ မနှင်းစံ၊ ကိုမျိုးကိုဝင်းတို့လေးဦး ဖမ်းဆီးခံရခြင်းဖြစ်သည်။

“မင်းအောင်လှိုင်အောက်က Non CDMတွေက သူတို့ အဘခိုင်းတိုင်းလုပ်နေတာ။အခုလို အိမ်တွေလိုက်ဖြိုနေတာက Non CDMတွေ ဘယ်လောက် အန္တရာယ်ကြီးလဲဆိုတာ မျက်မြင်ပဲ”ဟု ကလေးမြို့ခံတစ်ဦးက‌ ပြောသည်။

သပိတ်အင်အားစုအဖွဲ့ဝင်များ ဖမ်းဆီးခံရသော်လည်း စစ်တပ်အာဏာသိမ်းပြီးကတည်းက နေ့စဉ် ချီတက်ဆန္ဒပြသည့်သပိတ်ရက်ပေါင်း (၈၀၀) ပြည့်နေ့တွင် ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာ သေဆုံးသူများအတွက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း ကလေးမြို့ပင်မသပိတ်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။