Connect with us

Hi, what are you looking for?

သတင်း

ဝက်လက်နယ်တွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးအား သတ်ဖြတ်

ဧပြီ ၁၈ ရက်မှစတင်ကာ ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့ (ဧပြီ ၂၃ ရက်) နံနက် ၈နာရီခွဲခန့်က အောင်ချမ်းသာကျေးရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ဝက်လက်နယ်ရှိ အောင်ချမ်းသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - Cj)
(ပြီးခဲ့သည့် မတ်လအတွင်းက ဝက်လက်နယ်ရှိ အောင်ချမ်းသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ - Cj)

▪️အဆိုပါ စစ်ကောင်စီတပ်စစ်ကြောင်းအား ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး ဒေသခံ ပြည်သူတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

ဧပြီ ၁၈ ရက်မှစတင်ကာ ရွှေဘိုမြို့မှ ဝက်လက်မြို့နယ်သို့ စစ်ကြောင်းထိုးရောက်ရှိလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းသည် ယမန်နေ့ (ဧပြီ ၂၃ ရက်) နံနက် ၈နာရီခွဲခန့်က အောင်ချမ်းသာကျေးရွာအနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုအချို့ရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ဝက်လက်ထဲကို အင်အား ထပ်ဖြည့်ပြီးဝင်လာတာ။ သခွတ်တောဘုန်းကြီးကျောင်းနားမှာ တိုက်ပွဲဖြစ်တာ စကစဘက်က ၁၀ယောက်သေတယ်လို့ပြောတယ်။ မျက်မြင်ပေါ့။”ဟု ဒေသတွင်း ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့နောက် စစ်ကောင်စီတပ်သည် အောင်ချမ်းသာရွာရှိ နေအိမ် ၁၄၀ခန့်နှင့် ဘင်တဲကုန်းရွာမှ နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း၊ ထို့အပြင် သခွတ်တောကျေးရွာမှ ဒေသခံပြည်သူ ၁၅ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ​ဒေသတွင်းကင်းထောက် ရဲဘော်များက ပြောသည်။

Public Service Announcement
Public Service Announcement

အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက်တွင် လှတောရွာ၌ (၃၅)နှစ်အရွယ် အမျိုးသားတစ်ဦးကိုသတ်ဖြတ်ပြီး မီးရှို့ထားခဲ့ကြောင်း ဒေသတွင်း ကင်းထောက်အဖွဲ့ Wetlet Informational Network က ပြောသည်။

ယင်းစစ်ကြောင်းကြောင့် ဝက်လက်နယ်ရှိ အောင်ချမ်းသာ၊ သခွတ္တော၊ ဘင်တဲကုန်းရွာများအပြင် အောင်တက်ကုန်း၊ သဖန်းကုန်းစသည့် ကျေးရွာများမှ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ညနေပိုင်းတွင် စစ်ကောင်စီတပ်သည် ရွှေဘို – မန္တလေးလမ်းပိုင်းရှိ လှတောကျေးရွာသို့ ရောက်ရှိနေကြောင်း သတင်းရရှိသည်။

(ပြီးခဲ့သည့် မတ်လအတွင်းက ဝက်လက်နယ်ရှိ အောင်ချမ်းသာရွာအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်။ ဓာတ်ပုံ – Cj)

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook