Connect with us

Hi, what are you looking for?

သတင်း

ဖွံ့ဖြိုးမှုခေါင်းစဥ်ဖြင့် ပေးအပ်ထားသော သင်္ဘောများကိုစစ်ရေးတွင် အသုံးပြုခဲ့၍ မြန်မာစစ်တပ်ကို ဂျပန်အစိုးရ ကန့်ကွက်

ဂျပန်အစိုးရ၏ ထိုသို့ ကူညီထောက်ပံ့မှုများ ရပ်တန့်ခြင်းမရှိခြင်းက မြန်မာနိုင်ငံအတွင်း လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများ ရှိနေသည်။

(ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းထား​သော ​သ​ဘော် ။ဓါတ်ပုံ-ဂျပန်သံရုံး)
(ဂျပန်အစိုးရက မြန်မာနိုင်ငံအတွက် လှူဒါန်းထား​သော ​သ​ဘော် ။ဓါတ်ပုံ-ဂျပန်သံရုံး)

အထူးဖွံ့ဖြိုးရေးကူညီထောက်ပံ့မှုအစီအစဥ်ဖြင့်ပေးအပ်ထားသော သင်္ဘောများကို စစ်ကောင်စီက စစ်ရေးဆိုင်ရာကိစ္စရပ်များအတွက် အသုံးပြုခဲ့သောကြောင့် ဂျပန်အစိုးရက တရားဝင်ကန့်ကွက်ခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တရားဝင်ဖွံ့ဖြိုးမှုအထောက်အပံ့အစီအစဥ်(ODA)ကို စစ်ဘက်နှင့်မသက်ဆိုင်သောကိစ္စရပ်များအတွက် အသုံးပြုရန်ဖြစ်၍ (စစ်ရေးဆိုင်ရာတွင်)ထပ်မံအသုံးမပြုရန် မြန်မာစစ်ကောင်စီကို ဂျပန်အစိုးရက တောင်းဆိုထားသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနအရာရှိများက ပြောသည်။

ဂျပန်အစိုးရသည် ၂၀၁၇ တွင် တပတ်ရစ် သင်္ဘောနှစ်စီး၊ ၂၀၁၉ တွင် သင်္ဘောအသစ်တစ်စီး စုစုပေါင်း ခရီးသည်တင်သင်္ဘော သုံးစီးကို အလုပ်သမားများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် ခရီးသည်ပို့ဆောင်ရေးယာဥ်များအဖြစ် ODA အစီအစဥ်မှတဆင့် ပေးအပ်ခဲ့သည်။

သို့သော် ၂၀၂၂ စက်တင်ဘာတွင် ဒေသတွင်းသတင်းဌာနများ၏ဖော်ပြချက်အရ အဆိုပါသင်္ဘောများကို စစ်ကောင်စီတပ်က အသုံးပြုနိုင်ဖွယ်ရှိကြောင်း သိရပြီး သင်္ဘောသုံးစီးအနက် နှစ်စီးကို ရခိုင်ပြည်နယ်တွင် စစ်သားများနှင့် လက်နက်များ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့သည်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မြန်မာစစ်ကောင်စီသည် ODAအစီအစဥ် စည်းကမ်းသတ်မှတ်ချက်များကို ထပ်မံချိုးဖောက်မည်မဟုတ်ကြောင်း ဂျပန်အစိုးရကို ကတိပြုခဲ့သည်ဟု ဂျပန်နိုင်ငံခြားရေးအရာရှိိများက ပြောသည်။

ဂျပန်သည် စစ်တပ်အာဏာသိမ်းချိန်မှစ၍ ဖွံ့ဖြိုးမှုဆိုင်ရာအကူအညီပေးရေးပရောဂျက်များကို ဆိုင်းငံ့ထားခဲ့သည်။ သို့သော် ဂျပန်သည် မြန်မာစစ်ကောင်စီနှင့် ယခင်ရှိထားပြီးသော ODA ပရောဂျက်များကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။

ဂျပန်အစိုးရ၏ ထိုသို့ ကူညီထောက်ပံ့မှုများ ရပ်တန့်ခြင်းမရှိခြင်းက မြန်မာနိုင်ငံအတွင်း လူမဆန်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဖြစ်ပေါ်စေကြောင်း ဝေဖန်မှုများ ရှိနေသည်။

လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)၏ထုတ်ပြန်ချက်အရ ဖွံ့ဖြိုးမှုပရောဂျက်တစ်ခုအတွက် ဂျပန်အစိုးရ တာ၀န်ပေးအပ်သည့် ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာစစ်တပ်နှင့်ဆက်နွှယ်သော မြန်မာကုမ္ပဏီတစ်ခုကို အမေရိကန်ဒေါ်လာ ၂ သန်း(ယန်း ၂၆၀ သန်း) ပေးချေခဲ့ကြောင်း သိရသည်။

ထို့အတွက် မြန်မာစစ်တပ်အကျိုးအမြတ်ရနေသည့် လူသားချင်းစာနာမှုနှင့်မသက်ဆိုင်သော အကူအညီအားလုံးကို ဆိုင်းငံ့ထားရန် ဂျပန်အစိုးရကို HRW က တောင်းဆိုထားသည်။

ကိုးကား – The Asahi Shimbun

ဆက်စပ်သတင်းများ

သတင်း

Telenor ဌာနချုပ်ကို​နော်​ဝေရဲတွေနဲ့ စုံထောက်တွေက ဝင်ရောက်စစ်ဆေးရှာဖွေ

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်ရေးတင်းမာနေတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ စစ်ရှောင်နေရတဲ့ဌာနဆိုင်ရာဝန်ထမ်းတွေ ပြန်လာကြဖို့ စစ်တပ်က ညွှန်ကြားထားတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ရွှေကူမြို့‌နယ်ထဲက ဧရာ၀တီမြစ်ကြောင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ KPDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ စစ်သင်္ဘောကို နှစ်မြှုပ်ဖျက်ဆီးလိုက်ပြီလို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်အချို့ကပြောပါတယ်။