Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုနယ်တွင် အင်အား ၁၀၀ကျော်ရှိစစ်ကြောင်းကို CDFနှင့် PDF ပူးပေါင်းတိုက်ခိုက်၊ စစ်ကောင်စီတပ် သေဆုံးမှုရှိ

ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း၊ ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထားသည်။

(မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)
(မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF)မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)

▪️ကျောက်ထုအမြောက်တပ်နှင့် လေယာဉ်ကွင်းတိုက်ခိုက်ခံရ

ချင်း – မကွေးနယ်စပ် မကွေးတိုင်း ဆောမြို့နယ် ကျောက်ထုအမြောက်တပ်မှ ထွက်လာသည့် အင်အား ၁၀၀ကျော် စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် မင်းတပ် ချင်းဒေသကာကွယ်ရေးတပ်(CDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်က ထုတ်ပြန်သည်။

ဧပြီ ၂၃ရက် ညနေပိုင်းတွင် ကျောက်ထုအမြောက်တပ် (၃၆၈)မှ ထွက်လာသည့် အင်အား၁၃၀ ခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃) နှင့် CDF မင်းတပ် တို့ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှု ရှိခဲ့ကြောင်း၊ ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အသိပေးထားသည်။

Public Service Announcement
Public Service Announcement

ယင်းနေ့ညပိုင်းတွင် PDF ဂန့်ဂေါခရိုင်တပ်ရင်း (၈)က ကျောက်ထု အမြှောက်တပ်(၃၆၈)နှင့် ကျောက်ထုလေတပ်ကို Rocket များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဧပြီ ၂၄ရက်ကလည်း မကွေးတိုင်း ပေါက်မြို့နယ် ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)မှ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေစဉ် ဒေသခံ PDF ပူးပေါင်းတပ်က ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့ရာ ရန်သူ ၄ဦး နေရာတွင် သေဆုံးကာ ၁ဦး ဒဏ်ရာရ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဖော်ပြသည်။

ယင်းနေ့ နေ့လည်ပိုင်းတွင် ရန်သူ့တပ်ဖွဲ့ဝင် ရုပ်အလောင်းများကို ရန်သူ့တပ်နှင့်ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာနှင့် ဝန်ခြုံးကျေးရွာများ မှ နယ်မြေခံ ပျူစောထီးများက လာရောက်သယ်ဆောင်ခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်ဖွဲနှင့် ပျူစောထီးများသည် သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့ရာပြည်သူပိုင်နေအိမ်များ မီးလောင်ပြာကျခဲ့ရကြောင်း ထုတ်ပြန်သည်။ရန်သူ့တပ်နှင့် ပျုစောထီးများကဒေသခံ ပြည်သူများ၏ စားနပ်ရိက္ခာများကို အကြမ်းဖက်ခိုးယူသယ်ဆောင် သွားခဲ့သည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

Facebook