Connect with us

Hi, what are you looking for?

သတင်း

ပဇီကြီးရွာမှ စစ်ကောင်စီတပ်စစ်ကြောင်းပြန်ဆုတ်သွား

ကန့်ဘလူမြို့နယ်ပဇီကြီးရွာကိုစစ်တပ်က ဧပြီလ ၁၉ရက်မှစကာ မြေပြင်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီးဧပြီလ ၃၀ ရက်တွင် ပြန်ဆုတ်ခွာသွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

(ကချင်ပြည်နယ်တစ်​နေရာမှ စစ်သားအချို့ /ပုံ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)
(ကချင်ပြည်နယ်တစ်​နေရာမှ စစ်သားအချို့ /ပုံ​ဟောင်းဖြစ်ပါသည်။ဓါတ်ပုံ-မြစ်ကြီးနားဂျာနယ်)

▪︎တိုက်ပွဲ ၆ဘကြိမ်ဖြစ်ရာစစ်ကြောင်းမှူးလက်ဖြတ်လိုက်ရပြီးစစ်သား ၁ဦးအရှင်ဖမ်းမိ ကာ ၂၅ ဦးထက်မနည်း သေဆုံးဒဏ်ရာရဟု မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကပြော

ပဇီကြီးရွာအားစစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်ပြန်ဆုတ်ခွာသွားပြီး ၊ စစ်​ကြောင်းထိုး​နေစဥ် တိုက်ပွဲများအတွင်းစစ်သား ၂၅ဦးထက်မနည်းသေဆုံး၊ဒဏ်ရာရရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်။

ကန့်ဘလူမြို့နယ်ပဇီကြီးရွာကိုစစ်တပ်က ဧပြီလ ၁၉ရက်မှစကာ မြေပြင်စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်ပြီးဧပြီလ ၃၀ ရက်တွင် ပြန်ဆုတ်ခွာသွားခြင်းဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။

” စစ်‌ေ-ွးကြောင်းက လာရာလမ်းအတိုင်း ခြေလျင်ပြန်ဆုတ်သွားတာ။ ဒေသခံတွေကတော့ ရွာမှာ ပြန်မနေရဲကြသေးဘူး။ ရွာတွေထဲမှာလည်း နေစရာကို မရှိတော့ဘူး။ အကုန်ဖျက်ဆီးသွားတာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါစစ်ကောင်စီစစ်ကြောင်းသည် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ဘက်မှ တက်လာပြီး မလည်ရွာကို ဖြတ်ကာ ပဇီကြီးရွာပတ်ဝန်းကျင်ကို ၁၁ရက်ကြာ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။ စစ်​ကြောင်းပြန်ဆုတ်သွားရာတွင်လည်းလာခဲ့လမ်းအတိုင်း ပြန်ထွက်သွားပြီဟု မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

” စုစုပေါင်းတိုက်ပွဲ ၆ ကြိမ်ဖြစ်တယ်။ သူတို့ဘက်က သေတဲ့သူတွေကို ချက်ချင်းမီးရှို့တယ်။ အဖမ်းခံရတဲ့ ရွာသားတွေနဲ့ ကျွန်တော်တို့ ဖမ်းမိတဲ့သူရဲ့ ပြောစကားအရတော့ သူတို့ဘက်က သေတာတွေ၊ ထိခိုက်တာတွေ ၂၅ယောက်ထက်မနည်းဘူးလို့သိရတယ်” ဟု၎င်းကပြောသည်။

ထို့အပြင်မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး လက်တစ်ဖက် ဖြတ်တောက်လိုက်ရသည်ဟုသိရသည် ။ ထို့အပြင် စစ်ကောင်စီတပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိထားပြီး ယခုအခါ စစ်သုံးပန်းအဖြစ် ဖမ်းဆီးထားကြောင်းလည်း အထက်ပါတာဝန်ခံက​ပြောသည်

ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက ​ပြောက်ကျားနည်းဖြင့် မိုင်းကို အဓိက အသုံးပြု တိုက်ခိုက်ခဲ့ကြ​ကြောင်းသိရသည်။

တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ယာယီစခန်းတစ်ခုကို စစ်ကောင်စီက စီးနင်းတိုက်ခိုက်သွားသဖြင့်လက်နက်ခဲယမ်းအချို့ ဆုံးရှုံးခဲ့ရသလို ရဲဘော်များ၏ ဆိုင်ကယ် ၂၁ စီးကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားကြောင်း မလည်တိုက်နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံကပြောသည်။

ပြန်ဆုတ်ခွာသွားသောစစ်ကောင်စီစစ်ကြောင်းကြောင့်ပဇီကြီး၊လေးတွင်းစင်၊ မဲဇတော်၊ ရွာသာယာ၊ထန်းတော၊စကျင်၊ မြေမွန်၊ ချောင်းသာ၊ ချောင်းမကြီးစသည့် ကျေးရွာ ဒေသခံများသည် ဘေးလွတ်ရာသို့ထွက်ပြေးခဲ့ကြရပြီး စုစုပေါင်း နေအိမ် ၄၀၀ခန့် မီးရှို့ဖျက်ဆီးခံရကြောင်း ​ဒေသခံများက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။