Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ချပ်သင်းတွင် စစ်ရှောင်အမျိုးသားတစ်ဦး မြွေကိုက်ခံရ

မေလ ၁ ရက် ည ၇ နာရီခန့်က ချပ်သင်းတိုက်နယ်ရှိ တောတစ်နေရာတွင် တဲထိုးနေထိုင်နေသည့် အသက်(၂၈) နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် နွားများသွားသိမ်းရာမှ ဘယ်ဘက်ခြေဖမိုးမြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။

မြွေကိုက်ခံရသူ စစ်ဘေးရှောင်အမျိုးသားတစ်ဦးအား ဆေးကုသပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
မြွေကိုက်ခံရသူ စစ်ဘေးရှောင်အမျိုးသားတစ်ဦးအား ဆေးကုသပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်တွင် စစ်ရှောင်အမျိုးသားတစ်ဦး မြွေကိုက်ခံရကြောင်း သတင်းရရှိသည်။

မေလ ၁ ရက် ည ၇ နာရီခန့်က ချပ်သင်းတိုက်နယ်ရှိ တောတစ်နေရာတွင် တဲထိုးနေထိုင်နေသည့် အသက်(၂၈) နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် နွားများသွားသိမ်းရာမှ ဘယ်ဘက်ခြေဖမိုးမြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားအား မြန်မာမြွေဆိပ်ဖြေဆေး BPI နှစ်လုံးထိုးပေးခဲ့ရာ လက်ရှိတွင် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ရှောင်နေရသည့်တိုက်နယ်ထဲတွင်ပါဝင်ကြောင်း၊ ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုးမှ အနီးကပ်ရှောင်ရသည့် ကျေးရွာများလည်းရှိပြီး အချို့ကျေးရွာများမှာ စကစ၊ပျူအထိုင်စခန်းတို့နှင့် နီး၍ ကျေးရွာအတွင်း မနေရဲတော့ဘဲ နီးစပ်ရာ တောထဲတဲတိုက်များတွင် နေထိုင်နေကြသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူခရိုင်အတွင်း၌ ၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“မြွေဆိုးကတော့ နေရာအနှံ့အပြားမှာရှိတယ်။

အဓိကက ဆေးဝါးလိုအပ်တယ်။အိန္ဒိယဆေးနဲ့ BPI​ မြွေဆိပ်ဖြေဆေးတွေလိုတယ်။ အချိန်မီထိုးနှံပေးနိုင်ရင်တော့အဆင်ပြေတယ်။”ဟု ကန့်ဘလူနယ်မြောက်ခြမ်းတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုဂျောင်ဒီအွန်က ပြောသည်။

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများ ဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်ခံရသူ လေးဦးဖြစ်ပွားခဲ့ကာ နှစ်ဦး သေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အယောက်(၈၀)ကျော်လောက်ပါတဲ့အာဏာသိမ်းစစ်ကောင်စီစစ်ကြောင်းက ရွာစဥ်တလျှောက် လူသတ်မီးရှို့နေပြီး သူတို့ကိုင်းရွာကိုပါ ရောက်ရှိလာလို့ ဒေါ်တင်ခိုင်တို့တရွာလုံး ထွက်ပြေးတိမ်းရှောင်လာခဲ့ကြရတာပါ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

ဒုက္ခရောက်နေသူများအား ကူညီရာ၌ ဆရာတော် ကိုင်ဆွဲသည့် အဓိကသဘောထားများမှာ ဘာလူမျိုးလဲမမေးရန်၊ ဘယ်ဘာသာ ကိုးကွယ်လည်းမမေးရန်၊ လူအချင်းချင်းဟုသာ မြင်ကြရန် ဆိုသည့်အချက်များဖြစ်သည်ဟု ခွန်ရိန်းယံက ပြောပြသည်။