Connect with us

Hi, what are you looking for?

သတင်း

ချပ်သင်းတွင် စစ်ရှောင်အမျိုးသားတစ်ဦး မြွေကိုက်ခံရ

မေလ ၁ ရက် ည ၇ နာရီခန့်က ချပ်သင်းတိုက်နယ်ရှိ တောတစ်နေရာတွင် တဲထိုးနေထိုင်နေသည့် အသက်(၂၈) နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် နွားများသွားသိမ်းရာမှ ဘယ်ဘက်ခြေဖမိုးမြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။

မြွေကိုက်ခံရသူ စစ်ဘေးရှောင်အမျိုးသားတစ်ဦးအား ဆေးကုသပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
မြွေကိုက်ခံရသူ စစ်ဘေးရှောင်အမျိုးသားတစ်ဦးအား ဆေးကုသပေးနေစဥ်။ ဓာတ်ပုံ-ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ချပ်သင်းတိုက်နယ်တွင် စစ်ရှောင်အမျိုးသားတစ်ဦး မြွေကိုက်ခံရကြောင်း သတင်းရရှိသည်။

မေလ ၁ ရက် ည ၇ နာရီခန့်က ချပ်သင်းတိုက်နယ်ရှိ တောတစ်နေရာတွင် တဲထိုးနေထိုင်နေသည့် အသက်(၂၈) နှစ်အရွယ် စစ်ရှောင်အမျိုးသားတစ်ဦးသည် နွားများသွားသိမ်းရာမှ ဘယ်ဘက်ခြေဖမိုးမြွေကိုက်ခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါ အမျိုးသားအား မြန်မာမြွေဆိပ်ဖြေဆေး BPI နှစ်လုံးထိုးပေးခဲ့ရာ လက်ရှိတွင် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများထံမှ သိရသည်။

ချပ်သင်းတိုက်နယ်သည် အမြဲစစ်ရှောင်နေရသည့်တိုက်နယ်ထဲတွင်ပါဝင်ကြောင်း၊ ကန့်ဘလူနယ်တွင် စစ်ကြောင်းထိုးမှ အနီးကပ်ရှောင်ရသည့် ကျေးရွာများလည်းရှိပြီး အချို့ကျေးရွာများမှာ စကစ၊ပျူအထိုင်စခန်းတို့နှင့် နီး၍ ကျေးရွာအတွင်း မနေရဲတော့ဘဲ နီးစပ်ရာ တောထဲတဲတိုက်များတွင် နေထိုင်နေကြသည်မှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

ကန့်ဘလူခရိုင်အတွင်း၌ ၂၀၂၁ နှစ်ကုန်ပိုင်းမှ ၂၀၂၃ ဧပြီအထိ မြွေဆိုးကိုက်ခံရသူ ၆၁ ဦးအထိရှိပြီး ကလေးငယ်နှစ်ဦးအပါအဝင် ခြောက်ဦး သေဆုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“မြွေဆိုးကတော့ နေရာအနှံ့အပြားမှာရှိတယ်။

အဓိကက ဆေးဝါးလိုအပ်တယ်။အိန္ဒိယဆေးနဲ့ BPI​ မြွေဆိပ်ဖြေဆေးတွေလိုတယ်။ အချိန်မီထိုးနှံပေးနိုင်ရင်တော့အဆင်ပြေတယ်။”ဟု ကန့်ဘလူနယ်မြောက်ခြမ်းတွင် ကူညီဆောင်ရွက်ပေးနေသူ ကိုဂျောင်ဒီအွန်က ပြောသည်။

ကန့်ဘလူခရိုင်အတွင်း ရာသီဥတု ပူပြင်းလာမှုနှင့်အတူ မြွေဆိုးကိုက်ခံရမှုများ ဆက်တိုက်ဖြစ်လာနေကာ ယခု ဧပြီတစ်လအတွင်း မြွေဆိုးကိုက်ခံရသူ လေးဦးဖြစ်ပွားခဲ့ကာ နှစ်ဦး သေဆုံးခဲ့ရကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

လက်ရှိတွင် ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီ တပ်ဖွဲ့များက ရွာစဉ်လှည့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံစစ်ရှောင်ပြည်သူများမှာ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေးပြဿနာများအပြင် မြွေဆိုးကိုက်ခံရမှု အန္တရာယ်များဖြင့်ပါ ရင်ဆိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူလူထုတွေရှိရာ နေရာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းဗုံးတွေနဲ့ တိုက်ခိုက်လို့ အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း အာရက္ခတပ်တော်(AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ရှောင်တွေနေတဲ့ ဘုရားတန်ဆောင်းပေါ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ (၁)နှစ်သားကလေးငယ် အပါအဝင် ၂ဦး သေဆုံးခဲ့ပြီး ကလေးမိခင် အသက်အန္တရာယ် စိုးရိမ်နေရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ စစ်ဘေးရှောင် ကလေးငယ် ၅၀ ကျော်ဟာ ပညာသင်ကြားဖို့အတွက် စာရေးကိရိယာတွေ လိုအပ်နေကြောင်း စစ်ရှောင် ကူညီပေးနေသူတွေက ပြောပါတယ်။