Connect with us

Hi, what are you looking for?

သတင်း

လင်းလင်း ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ တော်လှန်ရုပ်ရှင်နှစ်ကား နိုင်ငံတကာရုပ်ရှင်ဆုရ

ဒီဆုရတဲ့အပေါ် နယ်ပယ်အသီးသီးက တော်လှန်ရေးမှာ ပါဝင်နေသူတွေက ဝမ်းသာ ဂုဏ်ယူကြောင်း လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။

လင်းလင်း ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ တော်လှန်ရုပ်ရှင်နှစ်ကား နိုင်ငံတကာရုပ်ရှင်ဆုရ
လင်းလင်း ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ တော်လှန်ရုပ်ရှင်နှစ်ကား နိုင်ငံတကာရုပ်ရှင်ဆုရ

အဆိုတော် လင်းလင်း ဒါရိုက်တာ အနေနဲ့ ရိုက်ကူးထားတဲ့ တော်လှန် ရုပ်ရှင် နှစ်ကားက Cannes World Film Festival ရဲ့ မတ်လအတွက် ရွေးချယ်‌ ပေးတဲ့ ဆုပေးပွဲမှာ နိုင်ငံတကာကရုပ်ရှင်တွေနဲ့အတူ ဆုရရှိခဲ့ပါတယ်။

ဒေါင်းနဲ့ ချစ်သုဝေ တို့ပါဝင်သရုပ်ဆောင်ထားတဲ့ စမှတ် ရုပ်ရှင်က “Best Education Film”ဆုရခဲ့တာဖြစ်ပြီး အနုပညာရှင်တွေနဲ့အတူ တော်လှန်ရေး ရဲဘော်တွေပါဝင်သရုပ်ဆောင်ထားတဲ့လမ်း ရုပ်ရှင်ကတော့ “Best Mobile Phone Feature Film ” ဆုရရှိခဲ့တာပါ။

Cannes World Film Festival က မတ်လအတွက် ဆုရရှိတဲ့ ဇာတ်ကားတွေကို ဧပြီ ၂၈ ရက်မှာ သူတို့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကနေကြေညာပေးခဲ့တာပါ။

လင်းလင်း ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ တော်လှန်ရုပ်ရှင်နှစ်ကား နိုင်ငံတကာရုပ်ရှင်ဆုရ
လင်းလင်း ဒါရိုက်တာအနေနဲ့ရိုက်ထားတဲ့ တော်လှန်ရုပ်ရှင်နှစ်ကား နိုင်ငံတကာရုပ်ရှင်ဆုရ

” ဒီ​နွေဦးမှာ ၈နှစ်အကြာ မှ ​ရုပ်ရှင်ပြန်ရိုက်ဖြစ်တယ်​ပြောရမှာ​ပေါ့ ..နိုင်ရာဝန်နဲ့ ငါတို့အသံ​တွေ တိတ်မ​နေဖို့ ကြိုးစားခဲ့ကြတာ Cannes World Film Festival မှာ official selectedဖြစ်ပြီး semifinal..final..nominessထိဖြတ်​ကျော်ပြီး ခုလို ၂ကားလုံး award winning ဖြစ်​တော့ စိတ်ထဲ ဘယ်လို​ပျော်မှန်းမသိဘူး” လို့ ဇာတ်ကားနှစ်ကားလုံးမှာ ပါဝင်ထားတဲ့ ချစ်သုဝေက သူ့ခံစားချက်ကို ဖေ့စ်ဘွတ်ခ်မှာ မျှဝေထားပါတယ်။

Public Service Announcement

Public Service Announcement

စမှတ် ရုပ်ရှင်က တော်လှန်ရေး ရန်ပုံငွေ အတွက် လက်မှတ်တွေရောင်းပြီး အွန်လိုင်းကနေပြသခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ဒီရုပ်ရှင်က ကိုရီးယားနိုင်ငံကပြုလုပ်တဲ့ ရုပ်ရှင်ပွဲတော်တစ်ခုမှာလည်း ဆုရရှိထားပါသေးတယ်။

လမ်း ရုပ်ရှင်ကတော့ Musical အမျိုးအစား ဇာတ်ကားဖြစ်ပြီး ချစ်သုဝေ ၊ မြတ်နိုးအေး ၊ အောင်မြင့်မြတ် တို့နဲ့အတူ တော်လှန်ရေး ရဲဘော်တွေလည်းပါဝင်သရုပ်ဆောင်ထားပြီး ရန်ပုံငွေ ရှာဖွေရေးအတွက်တော့ လုပ်ဆောင်ထားခြင်းမရှိသေးပါဘူး။

“ဒီဘက် ကမ္ဘာအခြမ်းမှာ ပညာအစုံတွေရှိကြတဲ့လူတွေက ပစ္စည်းတော့ မစုံမလင် ရှိတာလေးတွေနဲ့ကိုမှ

ဖုန်းလေးနဲ့ပဲ ရိုက်ခဲ့ရတဲ့ ကားလေး nominations တွေဝင်ကတည်းက တစ်ဖွဲ့သားလုံး အရမ်းပျော်နေကြတာ ခုတော့ “The Way” musical film လေးက “Best Mobile Feature Film” award လေး Cannes World Film Festival မှာ ရသွားတယ်တဲ့။ ဘဝမှာ ပထမဦးဆုံး သီချင်းဆိုပြီး ရိုက်ဖူးတဲ့ ကားလေးပေါ့နော်။ ဆုပါရသွားတော့ သိပ်ကိုပျော်ရပါတယ်” လို့ လမ်းရုပ်ရှင်မှာပါဝင်ထားတဲ့ မြတ်နိုးအေးက သူ့ခံစားချက်ကို မျှဝေထားပါတယ်။

ဒီဆုရတဲ့အပေါ် နယ်ပယ်အသီးသီးက တော်လှန်ရေးမှာ ပါဝင်နေသူတွေက ဝမ်းသာ ဂုဏ်ယူကြောင်း လူမှုကွန်ရက်မှာ မျှဝေထားကြပါတယ်။

“World filmfestival မှာ နိုင်ငံအစုံမှာ ငါတို့နိုင်ငံရဲ့လူသားဆန်တဲ့ အနုပညာစစ်စစ်ကိုဂုဏ်ပြုလိုက်ကြပြီ”. လို့ မနီလာသိန်း က ရေးသားထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

ဆောင်းပါး

လွန်ခဲဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် ၂၀၀၃ ခုနှစ်မှာ စင်ကာပူနိုင်ငံကနေ ပြန်လာတဲ့ လူငယ်တစ်ယောက်ဟာ မြန်မာ့မြန်မာ့ရုပ်ရှင်လောကထဲကို ဝင်ရောက်လာခဲ့တယ်။ သူက ဒါရိုက်တာမင်းထင်ကိုကိုကြီးပါ။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ နိုင်ငံရေးအရ တရားဝင်မှု ရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်များကို အသိအမှတ်မပြုဖို့ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းလိုက်ပါတယ်။