Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုရှိ ပျူရွာကို PDFများတိုက်ခိုက် စစ်သားနှင့်ပျူ ၂၀ ဦးထက်မနည်း​သေဟု PDFများ​ပြော

တိုက်ပွဲသည် ၂နာရီခန့်အထိကြာခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးထက်မနည်းသေဆုံးသူကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

(ပျူ​စောထီးရွာကို ဝင်​ရောက်တိုက်ခိုက်ခဲ့​သော PDF များထဲမှ အချို့ ။ဓါတ်ပုံ-CJ)
(ပျူ​စောထီးရွာကို ဝင်​ရောက်တိုက်ခိုက်ခဲ့​သော PDF များထဲမှ အချို့ ။ဓါတ်ပုံ-CJ)

ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျုစောထီး‌များကိုပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူ​စောထီး စုစု​ပေါင်း ၂၀ဦးထက်မနည်းသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင် လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ပါဝင်တိုက်ခိုက်ခဲ့​သောကာကွယ်​ရေးအဖွဲ့အချို့က​ပြောသည်။

ဇီးဖြူကုန်းပျူရွာမှ စစ်ကောင်စီနှင့်ပျုစောထီး‌ပူးပေါင်းတပ်ကို KLG PDF ကျောက်လုံးကြီး၊ဒီပဲယင်းဂဠုန်တပ်တော်၊ မိုးကြိုးမုန်တိုင်းအဖွဲ့၊ မဟာညီနောင်ဘွား၊ဒေါင်းလုလင် LPDF၊spring guerrilla platoon၊ ရွှေဘို ဒီပဲယင်း မဟာမိတ်ညီနောင် တို့က မေလ ၉ရက်နံနက် ၄နာရီခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘန်ကာလေးခုရှိတာ။သုံးခုသိမ်းပြီးနေပြီ။တစ်ခုပဲကျန်တော့တာ။ ပျူရွာသုံးရွာကနေ စစ်ကူတွေ ကားနဲ့လာလို့နောက်ပြန်ဆုတ်ခဲ့ရတာ”ဟု KLG PDF ပြောရေးဆိုခွင့်ရှိသူက People’s Spring သတင်းဌာနသို့​ပြောသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲသည် ၂နာရီခန့်အထိကြာခဲ့ပြီး စစ်ကောင်စီနှင့် ပျူစောထီး ၂၀ဦးထက်မနည်းသေဆုံးသူကို မျက်မြင်တွေ့ခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးရဲဘော်များကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှု အ​ရေအတွက်ကိုသီးခြားအတည်မပြုနိုင်​သော်လည်း People’s Springကြည့်ရှုခွင့်ရ​သော ရုပ်သံမှတ်တမ်းတွင် ပျူ​စောထီး ၅ ၊၆ ဦးခန့်​ လဲကျ​နေသည်ကို​တွေ့ရသည်။

ပြည်သူ့ကာကွယ်ရေးရဲဘော်လေးဦးမှာ အသေးစားဒဏ်ရာများသာရရှိခြင်းဖြစ်ပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း သတင်းရရှိသည်။ တိုက်ပွဲမှ ​ပြန်​ရောက်လာ​သော PDFများကို ​ဒေသခံများက ​​အောင်သ​ပြေဖြင့်ကြိုဆိုကြသည်ကိုလည်း​တွေ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်သား ၁၄ ဦး အညံ့ခံ၊ လက်နက်ခဲယမ်းတွေသိမ်းရ၊စစ်ရာဇဝတ်မှုကျူးလွန်သူတွေကိုစစ်ဥပ​ဒေနဲ့အ​ရေးယူမည်

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။