Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မကွေးတိုင်း​ မြို့နယ်အများစုဖုန်းလိုင်းပြတ်တောက်၊ မုန်တိုင်းသတင်းအချက်အလက်ရရှိမှုနည်း၍ ကြိုတင်ပြင်ဆင်မှုအားနည်းဟု​ဒေသခံများ​ပြော

စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အိမ်ခြေ ၉၀၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်နေရပ်စွန့်ခွာသူအများစုက အမိုးအကာမလုံခြုံသည့်နေရာများတွင်နေထိုင်နေရသည်။

(မ​ကွေးတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-CJ)
(မ​ကွေးတိုင်းမှ စစ်​ဘေး​ရှောင်ပြည်သူများ။ဓါတ်ပုံ-CJ)

မကွေးတိုင်းအတွင်းမြို့နယ်အများစုတွင်လည်းဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်နေပြီး မိုခါဆိုင်ကလုန်းမုန်မုန်တိုင်းနှင့်ပတ်သတ်ပြီး သတင်းအချက်ရရှိမှုနည်းနေကြောင်းဒေသခံများကပြောသည်။

မုန်တိုင်းနှင့်ပတ်သတ်ပြီး သတင်းရရှိမှုနည်းပါးနေ၍ နေရာတချို့တွင် ကြိုတင်ပြင်ဆင်မှုအားနည်း​နေသဖြင့် စစ်ဘေးရှောင်များအတွက် စိုးရိမ်ရကြောင်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်းပြောသည်။

“အဓိက ကစစ်ဘေးရှောင်တွေကိုစိုးရိမ်တာပါဗျ။ မုန်တိုင်းကြောင့် မိုးကြီး၊လေတိုက်မယ်ဆိုတာဘဲ သိကြတယ်။ ဘယ်လောက်အတိုင်းအတာထိသက်ရောက်ကြမယ်ဆိုတာ ပြည်သူတွေက မသိကြဘူး”ဟု ပခုက္ကူခရိုင်တပ်ရင်း ၁၄ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

လက်ရှိတွင် မကွေးတိုင်းရှိ စစ်ဘေးရှောင်များအတွက် မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်အားနည်းနေပြီး နီးစပ်ရာကျေးရွာများတွင် ခိုလှုံနေရသည်ဟုလည်း မြိုင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

ထိုအပြင် မေ ၁၄ ရက်မနက်ပိုင်းမှ စတင်ပြီး မကွေးတိုင်း နေရာတချို့တွင် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများပြတ်တောက်နေပြီး သတင်းအချက်များမရတော့ဘဲ ၊လျှပ်စစ်မီးများလည်း ဖြတ်တောက်ထားကြောင်း ဒေသခံများကပြောသည်။

ထိုပြင် မကွေးတိုင်း၊ ဆောမြို့နယ်တွင် စစ်ကောင်စီက အင်အား ၂၀၀ခန့်ဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီက စီစဉ်နေပြီး ဂန့်ဂေါမြို့နယ်၊ ဂန့်ဂေါ-ဟားခါးလမ်းပိုင်းတွင်လည်း စစ်ကောင်စီက ထိုးစစ်ဆင်ရန် အင်အား၁၅၀ဖြင့် ဟားခါးဘက်မှ ထိုးစစ်ဆင်ဆင်းလာကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှသိရသည်။ထိုနေရာများတွင်လည်း ဖုန်းလိုင်းများပြတ်တောက်နေကြောင်းလည်း ဒေသခံများက​ပြောသည်။

ယ​နေ့မှာပင် မ​ကွေးတိုင်း​နေရာအနှံအပြားတွင်ကျန်​ဒေသများကဲ့သို့ မိုးသည်ထန်စွာရွာသွန်း​နေ​ကြောင်း​ဒေသခံများက​ပြောသည်။

ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေ ၁၄ ရက် နေ့လယ် ၁၁ နာရီတွင် မြန်မာနိုင်ငံ၊ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်နေပြီးစစ်ကိုင်းတိုင်း၊ ချင်း၊ မ​ကွေး၊ကချင်ပြည်နယ်များကိုပါ ကုန်းတွင်းမုန်တိုင်းအဖြစ်တိုက်ခတ်နိုင်​ကြောင်းသိရသည်။​လေပြင်းတိုက်ခတ်ခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းခြင်း၊​မြေပြိုခြင်း၊လျှပ်တပြက်​ရေကြီးခြင်း​ဘေးများလည်းဖြစ်နိုင်သည်။ထိုအပြင် မုန်တိုင်းမှ လွင့်ထွက်လာ​သောမိုးတိမ်ဆဲလ်များ​ကြောင့် နိုင်ငံတစ်ဝန်း​လေပြင်းတိုက်ခတ်ခြင်း မိုးသည်းထန်ခြင်းများဖြစ်ပွားနိုင်​ကြောင်းမိုး​လေဝသပညာရှင်များကခန့်မှန်းထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီဘက်ကမုန်တိုင်းကို အခွင့်အကောင်းယူပြီး မြိုင်၊ပေါက်စသည့်မြို့နယ်တွင် စစ်အင်အားနှင့် ရိက္ခာများဖြည့်တင်းနေသည်။

“သာမာန်အချိန်မှ ရိက္ခာသယ်လို့မရလို့ မိုးရွာတာကို အခွင့်ကောင်းယူပြီး ဒီဘက်တကြောကို စစ်ကောင်စီက ရိက္ခာတွေ သယ်နေပါတယ်”ဟု ပေါက်မြို့နယ်ရှိ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တစ်ဦးကပြောသည်။

ထိုအပြင် စစ်ကောင်စီ ပခုက္ကူခရိုင်၊ပေါက်မြို့နယ်ကိုလည်း မေ ၁၃ ရက်က ဂျက်ဖိုက်တာတစ်စီးဖြင့် ကင်း​ထောက်ပျံသန်း​ကြောင်း​PDFများက​ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် မကွေးတိုင်းအတွင်း အိမ်ခြေ ၉၀၀၀ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ဘေးရှောင်နေရပ်စွန့်ခွာသူအများစုက အမိုးအကာမလုံခြုံသည့်နေရာများတွင်နေထိုင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှ မျက်မြင်လေးဦးသေဆုံးခဲ့ပြီး ရှစ်ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA) က အသိပေးသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

Non-CDM ဝန်ထမ်းများကို NUGအငိုးရက ပေးအပ်သည့် နောက်ဆုံးအခွင့်အရေးဖြစ်ပြီး ပြည်သူဘက်မှရပ်တည်ကြရန်နှင့် မလိုက်နာပါက ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။