Connect with us

Hi, what are you looking for?

သတင်း

နိုင်ငံတကာနှင့် လူမှုအဖွဲ့များအနေဖြင့် ULA/AA နှင့် အနီးကပ်ပူးပေါင်းပြီး ရခိုင်ပြည်သူများကို အကူအညီပေးရန် AAခေါင်းဆောင် မေတ္တာရပ်ခံ

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရုပ်သံမှတဆင့် ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

(AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ။ ဓါတ်ပုံ-AA)
(AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ။ ဓါတ်ပုံ-AA)

▪️ရခိုင်ပြည်ပြင်ပရောက် ရခိုင်လူမျိုးများလည်း ဝိုင်းဝန်းကူညီကြရန် တိုက်တွန်း

မုန်တိုင်းဒဏ်သင့် ပြည်သူများကို ကူညီရေးအတွက် နိုင်ငံတကာ အဖွဲ့များနှင့် လူမှုအဖွဲ့များအနေဖြင့် ရက္ခိုင့်တပ်တော်(AA)၏ ရခိုင်ပြည်သူ့အစိုးရနှင့် အနီးကပ် ပူးပေါင်းပြီး အကူအညီပေးရန် မေတ္တာရပ်ခံကြောင်း AAခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုများပြားခဲ့သည့် ရခိုင်ပြည်နယ် အခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရုပ်သံမှတဆင့် ယခုကဲ့သို့ မေတ္တာရပ်ခံခဲ့ခြင်းဖြစ်သည်။

မုန်တိုင်း မတိုက်ခင်ကပင်ရှိသည့် အရင်းအမြစ်အားလုံးအသုံးပြုပြီး ကြိုတင်ပြင်ဆင်သကဲ့သို့လက်ရှိတွင်လည်း အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများကို ကြိုးစားလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

ပြည်သူများ အရေးကြီးဆုံးလိုအပ်နေသည်မှာ အမိုးအကာနှင့် သန့်ရှင်းသည့် သောက်သုံးရေ၊ စားနပ်ရိက္ခာနှင့် ဆေးဝါးများဖြစ်ပြီး ချက်ချင်းထောက်ပံ့ကူညီရန် အရေးတကြီးလိုအပ်နေသည်ဟု ပြောသည်။ လျှပ်စစ်မီးပြတ်တောက်နေ၍ အင်တာနက် ဖုန်းလိုင်းဆက်သွယ်ရေး နှင့်အတူ အရေးကြီးသည့် အခြေခံလိုအပ်ချက်များကို အမြန်ဆုံးစီစဉ်ပေးရန် လိုအပ်ကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

Public Service Announcement

Public Service Announcement

AAဘက်က ရှိသည့်အရင်းအမြစ်များသည် သဘာ၀ ဘေးအန္တရာယ်ကပ်ဆိုးကို ဖြေရှင်းရန် မလုံလောက်နိုင်ကြောင်း အသိပေးသည်။

ထိုအခြေအနေတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ NGO၊ INGOများ ဒေသတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်သူ့အစိုးရနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး လိုအပ် သည့် အကူအညီများကို ပေးအပ်ကြရန် အထူး မေတ္တာရပ်ခံကြောင်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောသည်။

ယင်းသို့ပူးပေါင်းဆောင်ရွက်နိုင်ရန် AAက ဖွဲ့စည်းထားသည့် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ကတဆင့် အသေးစိတ်လုပ်ငန်းများ ချမှတ်ဆောင်ရွက်သွားရန်ရှိကြောင်း အသိပေးသည်။

ရခိုင်ပြည်ပြင်ပ၌ ရောက်ရှိနေသည့် ရခိုင်လူမျိုးများအနေဖြင့်လည်း အခုလိုအခြေအနေတွင် ဝိုင်းဝန်းပြီး အကောင်းဆုံးကူညီလုပ်ဆောင်ပေးကြရန် ၎င်းက တိုက်တွန်းသည်။

ထို့ပြင် အခြေခံစားကုန်နှင့်အခြားကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားနေသည့် ကုန်သည် များအနေဖြင့် ပြည်သူများ အခက်အခဲကြုံနေကြရသည့် ကာလကို အခွင့်အရေးယူပြီး အဆမတန် စျေးနှုန်းများမြင့်တင်ခြင်းတွေကို မလုပ်ကြရန်လည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က သတိပေးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရိုဟင်ဂျာတွေကိုတန်းတူပညာသင်ခွင့်နဲ့ ဌာနဆိုင်ရာတွေမှာအလုပ်လုပ်ခွင့်ပေးထားတယ်လို့ဆို

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စားနပ်ရိက္ခာ၊ဆေးဝါးအပါအဝင် ကုန်စည်ဝင်ပေါက်မှန်သမျှ ပိတ်ဆို့ခံထားရလို့ စစ်ဘေးရှောင်သိန်းချီ ငတ်မွတ် ခေါင်းပါးပြီး ပြည်သူတွေအကြပ်အတည်းကြုံနေကြရတဲ့ ရခိုင်ပြည်နယ်မှာဇူလိုင်လဆန်းပိုင်းမှာဆိုးရွားတဲ့ ရေဘေးကိုထပ်မံရင်ဆိုင်ခဲ့ရပါတယ်။

သတင်း

အာရက္ခပြည်မှာ ကြုံတွေ့နေရတဲ့ ရေဘေးဖြစ်စဉ်အတွင်း ရေဘေးသင့်ပြည်သူများ ရဲ့ အရေးပေါ်လိုအပ်ချက်များကို ကူညီဖြေရှင်းပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရဖြစ်တဲ့ ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ် (ULA/AA)ကို တရုတ်ယွမ်ငွေ ၁၅၀,၀၀၀ (တစ်သိန်းငါးသောင်း) ကနဦးအဖြစ် ကူညီပံ့ပိုးခဲ့တယ်လို့ NUGက သတင်းထုတ်ပြန်ပါတယ်။