Connect with us

Hi, what are you looking for?

သတင်း

စစ်တွေမှာ အုတ်နံရံပိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံး

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ဒုံပိုက်ရွာမှာ လေဘေးရှောင်ကြတဲ့ ဓမ္မာရုံပြိုကျလို့ ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ သူရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

စစ်တွေမြို့မှာ မုန်တိုင်းမဝင်မီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်
စစ်တွေမြို့မှာ မုန်တိုင်းမဝင်မီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတွေ့ရစဉ်

ရခိုင်ပြည်နယ် ၊စစ်တွေမြို့မှာ မုန်တိုင်း ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အရာရှိ ၁ ဦး နဲ့ တပ်ဖွဲ့ဝင် ၂ဦး အုတ်နံရံပိပြီး သေဆုံးသွားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

စစ်တွေကို မုန်တိုင်းတိုက်ခတ်တဲ့ မေလ ၁၄ ရက် မှာ သေဆုံးသွားတာလို့ စစ်ကောင်စီက ဆိုပါတယ်။

သေဆုံးသူ ၃ ဦးမှာ အရာရှိ ၁ ဦးပါပြီးအသေးစိတ်အချက်အလက်တွေကို စစ်ကောင်စီဘက်က ထုတ်ပြန်တာမရှိပါဘူး။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် သေဆုံးသူဟာ မနေ့က အထိ ၂ ဦးသာရှိတယ်လို့ စစ်ကောင်စီ က သတင်းထုတ်ထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

မြေပြင်မှာတော့ သေဆုံးသူ ဦးရေဟာ စစ်ကောင်စီ ကိန်းဂဏန်းနဲ့ကွာဟနေပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်မြို့နယ် ရဲ့ မိုင် ၂၀ ခန့်အကွာ ပင်လယ်အနီးက ဒုံးပိုက်ရွာမှာ လေဘေးရှောင် ပြည်သူတွေ သေဆုံးခဲ့တာရှိပါတယ်။

ရသေ့တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ခင်စောဝေက ဒုံပိုက်ရွာမှာ လေဘေးရှောင်ကြတဲ့ ဓမ္မာရုံပြိုကျလို့ ဒေသခံ ၁၃ ဦးသေဆုံးခဲ့ရတယ်လို့ သူရဲ့လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ − စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။