Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေးဘီလူး၊ နဂါးနီစစ်ကြောင်းနှင့် MSRF တို့မှ ရဲ ဘော်(၃၀)အား အထူးလက်ဖြောင့်မွန်းမံသင်တန်းပေး

အလားတူ မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊တပ်မဟာ(၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)
(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

▪︎စနိုက်ဘာရဲဘော်များအား လိုအပ်သလိုတာဝန်ပေးအပ်သွားမည်ဟု S.O.F ပြော

မွန်ပြည်နယ်အခြေစိုက် ရေးဘီလူးတပ်ဖွဲ့၊ မွန်တော်လှန် ရေးတပ်နှင့် ကရင်ပြည်နယ်အခြေစိုက် နဂါးနီစစ်ကြောင်းတို့မှ စနိုင်ဘာရဲဘော်(၃၀)ကို အထူးလက်ဖြောင့်မွမ်းမံသင်တန်း အောင်မြင်စွာသင်ကြပြီးမြောက်ခဲ့ပြီဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ စနိုက်ဘာ(လက်ဖြောင့်)ရဲဘော်(၃၀)ကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန် ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ကတာဝန်ယူပြီး KNU တပ်မဟာ(၆) နယ်မြေအတွင်း အထူးလက်ဖြောင့်မွန်းမံသင်တန်း တစ်လကြာသင်ကြားခဲ့ရာ မေ ၁၉ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့ခြင်း ဖြစ်သည်။

(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)
(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

“မွန်းမံသင်တန်းမှာတက်ရောက်တဲ့ စနိုက်ဘာရဲဘော်တွေက သင်တန်းပြီးတဲ့အခါမှာ သူတို့ရဲ့မိခင်တပ်ဖွဲ့တွေ သူတို့ရဲ့နေရာတွေမှာပြန်ပြီး တာဝန်ထမ်းဆောင်မှာပေါ့။ အဲဒီမှာမှ ဒီလေ့ကျင့်ရေးမှာပါတဲ့ တပ်ဖွဲ့အချင်းချင်း စစ်ဆင်ရေးပူးပေါင်းဆောင်ရွက်တဲ့အခါမှာ စစ်နိုက်ဘာအဖွဲ့တွေက ပူးပေါင်းစစ်ဆင်ရေးပြန်လုပ်သွားမှာ”ဟု S.O.F မှ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ ပြောသည်။

စနိုက်ဘာရဲဘော်များ၏ ပူးပေါင်းစစ်ဆင်ရေးတာဝန်များကို KNU တပ်မဟာ(၆)ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ၊တပ်မဟာ(၄)၏ထိန်းချုပ်နယ်မြေတွင်ဖြစ်စေ လိုအပ်လျှင်လိုအပ်သလို စနိုက်ဘာရဲဘော်များကိုအားပြုပြီး စစ်ဆင်ရေးများပူးပေါင်းလုပ်ဆောင်သွားမည်ဟု ၎င်းက ရှင်းပြသည်။

Public Service Announcement

Public Service Announcement

(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)
(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

ထို့ကြောင့် အထူးလက်ဖြောင့်မွမ်းမံသင်တန်းတွင် S.O.F၊ နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ MSRF မှ အတွေ့အကြုံရှိထူးချွန်စနိုက်ပါရဲဘော်များအား သီး ခြားစုဆောင်း၍ စာတွေ့ လက်တွေ့နှင့် လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို လက်တွေ့လေ့ကျင့် ပစ်ခတ်စေပြီး တပ်ဖွဲ့အချင်းချင်း ပူးပေါင်းစစ်ဆင်ရေးများဆောင် ရွက်နိုင်ရန်နှင့် စစ်ဆင်ရေးတိုင်းတွင် စနိုက်ပါများအား အထူးကဏ္ဍအနေဖြင့် ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ရန် ရည်ရွယ်သင်ကြားပေးခဲ့ကြောင်း S.O.F က အသိပေးသည်။

(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)
(ရဲ​ဘော်များကို အထူးလက်​ဖြောင့်မွန်းမံသင်တန်း​ပေး​နေစဥ်။ဓါတ်ပုံ-SOF)

အလားတူ မွမ်းမံသင်တန်းပြီးမြောက်ခဲ့သော အထူးလက်ဖြောင့်ရဲဘော် (၃၀) ဦးအား KNU တပ်မဟာ (၆)၊တပ်မဟာ(၄) နယ်​မြေရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးနှင့် စစ်ကြောင်းများတွင် စစ်ဆင်ရေးတာဝန်များ ပေးအပ်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။

သတင်း

ကော့ကရိတ်မြို့သို့ စစ်ကူရောက်ရှိလာသော စစ်ကြောင်းမှာ မည်သည့်လမ်းကြောင်းမှ ရောက်ရှိလာသည်ကို မသိရဘဲ အင်အား ရာနှင့်ချီပါဝင်သည်ဟု ရဲဘော်တစ်ဦးက ပြောသည်။

သတင်း

မြဝတီမြို့မှာ တော့ မြို့စောင့်တပ် ခလရ ၂၇၅ ဆုတ်ခွာလိုက်ရပြီး အဲဒီတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ထိုင်းဘက်ကို တိမ်းရှောင်ဖို့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတားအမှတ် ၂ ဆီ ရောက်ရှိနေကြပါတယ်။