Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်နယ် ကြောင်လည်ရွာအနီး တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

မေလ ၂၀ရက် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ ကြောင်လည်ရွာနှင့် မံထွန်ကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(ဗန်းမောက်ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Banmauk Revolution - BR)
(ဗန်းမောက်ဒေသကာကွယ်ရေးတပ်မှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Banmauk Revolution - BR)

စစ်ရေးအရှိန်မြှင့်နေ၍ ဖြစ်လာနိုင်သည့်အခြေအနေများအတွက် ကြိုပြင်ထားရန် အသိပေး

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်ရှိ ကြောင်လည်ကျေးရွာအနီး ယနေ့နံနက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း Banmauk Revolutionက အသိပေးထုတ်ပြန်သည်။

မေလ ၂၀ရက် နံနက် ၁၀နာရီမှ ညနေပိုင်းအထိ ကြောင်လည်ရွာနှင့် မံထွန်ကျေးရွာအနီးတွင် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်ပြီး ဗန်းမောက်ဒေသကာကွယ်ရေးတပ်ဖွဲ့ထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရပေ။

Public Service Announcement
Public Service Announcement

ဆက်သွယ်ရေးအခက်အခဲကြောင့် မြေပြင်မှပေးပို့သည့် သတင်းကိုဖော်ပြရခြင်းဖြစ်ကြောင်း၊ ဗန်းမောက်နယ်တွင် နေရာအတော်များများ၌ ဖုန်းလိုင်းမမိကြောင်း Banmauk Revolution တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

နှစ်ဖက်ထိခိုက်ကျဆုံး အခြေအနေကို မသိရသေးသော်လည်း စစ်ကောင်စီတပ်က လေယာဉ်ဖြင့် နှစ်ကြိမ်ဗုံးကြဲသွားကြောင်း Banmauk Revolutionက ထုတ်ပြန်သည်။

မြေပြင်တိုက်ပွဲများတွင် အမြဲတမ်းရှုံးနှိမ့်နေသည့် စစ်ကောင်စီတပ်များသည် လေယာဉ်ပစ်ကူခေါ်ခြင်း၊ လူသားတံတိုင်းများ ပြုလုပ်ခြင်းတို့ ဆောင်ရွက်လာနိုင်ကြောင်း သတိပေးထားပြီး မြို့နေလူထုများအနေဖြင့် ထိုအခြေအနေကိုရှောင်ကွင်းနိုင်စေရန် သတိပြုရှောင်ရှားကြရန် အသိပေးထားသည်။

တစ်နိုင်ငံလုံး စစ်ရေးအရှိန်မြင့်နေသည့်နည်းတူ ဗန်းမောက်မြို့နယ်သည်လည်း အပါအဝင်ဖြစ်သဖြင့် ဖြစ်ပေါ်လာနိုင်သောအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားကြပါရန်လည်း အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။