Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းနယ်မြောက်ခြမ်းတိုက်ပွဲ PDF ရဲဘော်လေးဦးကျဆုံး

တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

▪️စစ်ရှောင်ယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်နေကာ PDF ရဲဘော်လေးဦးကျဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်​၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်သော စစ်ရှောင်ပြည်သူမိား​၏ ယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၉ ရက် နံနက် ၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာသို့ ထိုးစစ်ဆင်လာသော အင်အား၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခု မီးရှို့ဖျက်စီးခံခဲ့ရပြီး စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း၊စစ်အုပ်စုဘက်ကလည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ကျောက်ဆည် K.S PDF အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

ကန်ကြီးကုန်းနှင့် ဆည်လေးကြား၊ ကန်ကြီးကုန်း နှင့်ပဒူကျေးရွာကြားနှင့် အနီးတဝိုက်တွင် ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပဒူရွာဘက် လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (မေလ ၂၁ ရက်)တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထိုးလာသောကြောင့် ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ခက်ခရွာအနီးတွင် စစ်ဘေးရှောင်များ​၏ ယာဉ်တစ်စီး တိမ်းမှောက်၍ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုများဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“တနေ့က အထိနာသွားတော့ အင်အားတိုးပြီး ထပ်လာတာ။ လက်နက်ကြီးတွေလည်းပစ်တယ်။ မြေကြီးတွေကိုတုန်တယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

အဆိုပါတိုက်ပွဲတွင် ကျောက်ဆည်ပြည်သူ့ကာကွယ်ရေး(K.S PDF၊ စစ်ကိုင်းတိုင်းအခြေစိုက်)အဖွဲ့ ၊ဒေသခံ ကျေးရွာ ပ.က.ဖ တပ်ပေါင်းစုများ၊ စစ်ကိုင်းရင်း ၁၊ စစ်ကိုင်းရင်း (၃)၊ စစ်ကိုင်းရင်း (၅၁၀)နှင့် မန္တလေးခရိုင်တပ်ရင်း (၃)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များကို မေးမြန်းရန်ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။