Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနယ်မြောက်ခြမ်းတိုက်ပွဲ PDF ရဲဘော်လေးဦးကျဆုံး

တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

▪️စစ်ရှောင်ယာဉ်တစ်စီး တိမ်းမှောက်၍ တစ်ဦးသေဆုံး၊ ခြောက်ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ တိုက်ပွဲများဖြစ်နေကာ PDF ရဲဘော်လေးဦးကျဆုံးခဲ့ရသည်။

ထို့အပြင် စစ်ကောင်စီတပ်​၏ စစ်ကြောင်းထိုးမှုကြောင့် ထွက်ပြေးတိမ်းရှောင်သော စစ်ရှောင်ပြည်သူမိား​၏ ယာဉ်တစ်စီး တိမ်းမှောက်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

မေလ ၁၉ ရက် နံနက် ၆နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ပဒူကျေးရွာသို့ ထိုးစစ်ဆင်လာသော အင်အား၃၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးစခန်းတစ်ခု မီးရှို့ဖျက်စီးခံခဲ့ရပြီး စစ်ကောင်စီတပ် ထောင်ထားသော မိုင်းနင်းမိ၍ ပြည်သူ့ကာကွယ်ရေးရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း၊စစ်အုပ်စုဘက်ကလည်း အထိနာပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ကျောက်ဆည် K.S PDF အဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

ကန်ကြီးကုန်းနှင့် ဆည်လေးကြား၊ ကန်ကြီးကုန်း နှင့်ပဒူကျေးရွာကြားနှင့် အနီးတဝိုက်တွင် ညနေပိုင်းအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပဒူရွာဘက် လက်နက်ကြီးကျရောက်၍ နေအိမ်တစ်လုံး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

ယနေ့ (မေလ ၂၁ ရက်)တွင် စစ်ကောင်စီတပ်စစ်ကြောင်း ပြန်ထိုးလာသောကြောင့် ဒေသခံပြည် သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရာ ခက်ခရွာအနီးတွင် စစ်ဘေးရှောင်များ​၏ ယာဉ်တစ်စီး တိမ်းမှောက်၍ အသက်(၂၅)နှစ်အရွယ် အမျိုးသမီး တစ်ဦး သေဆုံးသွားပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးအဖွဲ့များ ပစ်ခတ်မှုများဆက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

“တနေ့က အထိနာသွားတော့ အင်အားတိုးပြီး ထပ်လာတာ။ လက်နက်ကြီးတွေလည်းပစ်တယ်။ မြေကြီးတွေကိုတုန်တယ်။”ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai
ထွက်ပြေးတိမ်းရှောင်လာရသော စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-Saw Yan Pai

အဆိုပါတိုက်ပွဲတွင် ကျောက်ဆည်ပြည်သူ့ကာကွယ်ရေး(K.S PDF၊ စစ်ကိုင်းတိုင်းအခြေစိုက်)အဖွဲ့ ၊ဒေသခံ ကျေးရွာ ပ.က.ဖ တပ်ပေါင်းစုများ၊ စစ်ကိုင်းရင်း ၁၊ စစ်ကိုင်းရင်း (၃)၊ စစ်ကိုင်းရင်း (၅၁၀)နှင့် မန္တလေးခရိုင်တပ်ရင်း (၃)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

တိုက်ပွဲအခြေအနေများနှင့်ပတ်သက်၍ ဒေသကာကွယ်ရေးအဖွဲ့များကို မေးမြန်းရန်ကြိုးစားသော်လည်း လက်တလောဆက်သွယ်၍ မရသေးပေ။

တိုက်ပွဲများကြောင့် စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာ ရှစ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။