Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မုန်တိုင်းသင့်ပြည်သူများကူညီရေး စစ်ကောင်စီ တားဆီးပိတ်ပင်ခြင်းမပြုရန် KNU တောင်းဆို

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ပြည်သူများအတွက် KNUက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်ကို ယနေ့ (မေလ ၂၂ရက်) ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီအနေဖြင့် ကူညီရေးလုပ်ငန်းများကို မပိတ်ပင်ရန် ဖော်ပြခဲ့ခြင်းဖြစ်သည်။

(မိုခါမုန်တိုင်းဝင်​ရောက်တိုက်ခတ်ပြီးနောက် ​မေလ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်​တွေမြို့တစ်နေရာ မြင်ကွင်း။ ဓာတ်ပုံ-CJ)
(မိုခါမုန်တိုင်းဝင်​ရောက်တိုက်ခတ်ပြီးနောက် ​မေလ ၁၅ ရက်က ရခိုင်ပြည်နယ် စစ်​တွေမြို့တစ်နေရာ မြင်ကွင်း။ ဓာတ်ပုံ-CJ)

▪️ကူညီရန်စောင့်ဆိုင်းနေသည့် ကုလအဖွဲ့များနှင့် INGO/NGOများ၊လူမှုအဖွဲ့များအား လွတ်လပ်စွာ သွားလာကူညီခွင့်ပေးရန် ဖော်ပြ

အာဏာသိမ်းစစ်ကောင်စီအနေဖြင့်လည်း မုန်တိုင်းသင့် ဒေသများ၏ ပကတိအခြေအနေမှန်ကို တိကျခိုင်မာသော သတင်းအချက်အလက်များ ထုတ်ပြန်ပေးရန်နှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လွတ်လပ်စွာဆောင်ရွက်ခွင့်ပေးရန် ကရင်အမျိုးသားအစည်းအရုံး(KNU)က ထုတ်ပြန်သည်။

ထို့ပြင် အကူအညီပေးရေး လမ်းကြောင်းများကို တားဆီးပိတ်ပင်ခြင်းမပြုဘဲ ကူညီရန် စောင့်ဆိုင်းလျက်ရှိသော ကုလအဖွဲ့အစည်းများ၊ INGO/NGO နှင့် အခြားလူမှုအဖွဲ့အစည်းများကိုလွတ်လပ်စွာ သွားလာကူညီခွင့်ပေးရန်လည်း KNU၏ ယနေ့ ထုတ်ပြန်ချက် ဖော်ပြထားသည်။

မုန်တိုင်းဒဏ်သင့်ခဲ့ရသည့် ပြည်သူများအတွက် KNUက ဝမ်းနည်းကြောင်း ထုတ်ပြန်ချက်ကို ယနေ့ (မေလ ၂၂ရက်) ထုတ်ပြန်ခဲ့ရာ စစ်ကောင်စီအနေဖြင့် ကူညီရေးလုပ်ငန်းများကို မပိတ်ပင်ရန် ဖော်ပြခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မုန်တိုင်းဖြစ်ပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်တွေကို လုပ်ဆောင်နေကြတာကတော့ မုန်တိုင်းဖြစ်ပြီးတာနဲ့ တပြိုင်တည်းလုပ်ဆောင်ခဲ့ကြတာပေါ့။ဒါပေမဲ့ အဲဒီလို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေကြတဲ့သူတွေကို စကစ ဘက်က တားမြစ်ပိတ်ပင်တာတွေ၊ လိုအပ်တဲ့ ထောက်ပံ့ကူညီမှု ပစ္စည်းတွေ မပေးပို့တာတွေ သယ်ယူတဲ့ယာဉ်တွေကို ပိတ်ပင်တာတွေ တွေ့ခဲ့ရတာလည်းဖြစ်တယ်။ သတင်းထဲမှာလည်း ကြားခဲ့ရတာလည်းဖြစ်တယ်။ အဲဒီအတွက်ကြောင့် အဲဒီအချက်ကို ထည့်သွင်းရခြင်းဖြစ်ပါတယ်”ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။

Public Service Announcement

Public Service Announcement

ပြီးခဲ့သည့် ရက်ပိုင်းက ရသေ့တောင်မြို့နယ်ရှိ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းသည့် ဆန်များကို စစ်တွေမှ ရသေ့တောင်သို့ သယ်ယူစဉ် စစ်ကောင်စီတပ်က နယ်လုံဝန်ကြီးထောက်ခံချက်မပါ၍ဟုဆိုကာ ပိတ်ပင်ခဲ့ကြောင်းဒေသခံက ပြောသည်။ နောက်ပိုင်းတွင် ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးက ထောက်ခံ၍ ပြန်လည်သယ်ယူခွင့်ရခဲ့သည်ဟုဆိုသည်။

စစ်တပ်မှ စစ်အာဏာသိမ်းယူမှုကြောင့် ပြည်သူလူထုများတို့သည် ခက်ခဲပင်ပန်းကြီးစွာဖြင့် လုပ်ကိုင်စားသောက် ရုန်းကန် အသက်ရှင်နေရသည့် အချိန်တွင် မိုခါမုန်တိုင်း ဒဏ်သင့်ပြီး အသက်ဆုံးရှုံးခဲ့ရသော ပြည်သူများ၊ ရိုဟင်ဂျာ ဒုက္ခသည်စခန်းများအတွင်း အသက်ဆုံးရှုံးရသော ရိုဟင်ဂျာ ပြည်သူ အမြောက်အများနှင့် အိုးအိမ် ပိုက်ဆိုင်မှု ဆုံးရှုံးခဲ့ရသော ပြည်သူများ အတွက် ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်း KNUက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ဦးဆောင်ပြီး နိုင်ငံတကာ အဖွဲကအစည်း အသီးသီး အစိုးရ မဟုတ်သော အဖွဲ့အစည်းများ(INGO/NGO) နှင့် ဒေသတွင်းရှိ လူမှုအခြေပြု အဖွဲ့အစည်းများတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်ပြီး လိုအပ်သော အကူအညီများ ပံ့ပိုးထောက်ပံ့ရန် ဖိတ်ခေါ်မှု ပြုလုပ်ခဲ့ပြီး ကယ်ဆယ်ရေး၊ ဝန်ဆောင်မှုများ၊ ကြိုတင်ပြင်ဆင်ခြင်းများနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် အဘက်ဘက်မှ ဝိုင်းဝန်းကူညီ ခဲ့သည့် အဖွဲ့အစည်းအသီးသီးများ၏ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိမိပြည်သူ့များရှေ့တွင် မားမားမတ်မတ် ရပ်တည်သောကြောင့် များစွာ ဂုဏ်ယူမိကြောင်း ဖော်ပြခဲ့သည်။

မတူညီသည့် လမ်းကြောင်းများ မှ လူသားချင်းစာနာထောက်ထားရေး အကူအညီများကိုလည်း ပြည်သူများထံသို့ ထိထိရောက်ရောက်စီးဆင်း နိုင်ရန် အာရက္ခ ပြည်သူ့အစိုးရ အပါအဝင် အခြားသော သက်ဆိုင်ရာ ဒေသန္တရ အစိုးရများနှင့်လည်း အတူပူးပေါင်း လုပ်ဆောင်ပြီး ယခု အခက်အခဲကို ကျော်လွှားဖြတ်ကျော်နိုင်ရန် တောင်းဆိုကြောင်း KNUက ထုတ်ပြန်သည်။

စစ်တပ်အာဏာသိမ်းမှုကြောင့် ယခု လက်ရှိတွင် ကြုံတွေ့နေရသော နိုင်ငံရေးအကြပ်အတည်းများ၊ ဆင်းရဲဒုက္ခများအပြင် သဘာ၀ ဘေးဒဏ် ကြုံတွေ့နေရသော ပြည်သူများအတွက် တက်စွမ်းနိုင်သောဘက်မှ ဝိုင်းဝန်းဖြေရှင်းပေးရန်လိုအပ်နေကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် မုန်တိုင်းဒဏ်ကြုံခဲ့ရသည့် ရခိုင်ဒေသ ပြည်သူများအား ကူညီမည့်ဆန်များကို စစ်ကောင်စီက သယ်ခွင့်မပြု၍ ဒေသခံ များအခက်အခဲကြုံနေရသည်ဟု ရခိုင်ဒေသခံအချို့က ပြောသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ မုန်တိုင်းဒဏ်ခံစားရသည့် ပြည်သူများကို ထောက်ပံ့ရန် အတွက် စစ်တွေမှ ရသေ့တောင်သို့ ဆန်သယ်ယူရာ စစ်ကောင်စီဂိတ်က သယ်ခွင့်မပြုခဲ့ခြင်းဖြစ်သည်ဟု ရသေ့တောင်ဒေသခံက ပြောသည်။

” ကျနော်တို့ ရသေ့တောင်မြို့နယ်ဟာ မိုခါ မုန်တိုင်းဒဏ်ကိုအပြင်းထန်ခံစားခဲ့ရတယ်။ ဆန်စပါးတွေလည်း မုန်တိုင်းဒဏ်မိတော့ စားရေးသောက်ရေးအခက်အခဲဖြစ်နေတာ။ ဒါကြောင့် ရန်ကုန်ကအလှူရှင် တစ်ဦးဆီကအလှူခံပြီး အုပ်စုမှာရှိတဲ့ တကယ့်ကိုငတ်နေကြတဲ့အိမ်ထောင်စုတွေကို မျှဝေမယ်ပေါ့။သို့ပေမယ့် ဆန်ကို နယ်လုံဝန်ကြီးလက်မှတ်ပါမှ သယ်ခွင့်ရမယ်ဆိုတော့ ကျနော်တို့ရခိုင်တွေကို ငတ်သေစေချင်တာလားလို့ အစိုးရ(စစ်ကောင်စီ)ကို မေးခွန်းထုတ်ချင်တယ်” ဟု ဒေသခံက ပြောသည်။

အခြားရခိုင်ဒေသခံတစ်ဦးကလည်း စစ်ကောင်စီ၏ ဆန်သယ်ယူခွင့်မပြုသည့် လုပ်ရပ်သည် စစ်ကောင်စီ၏ ရခိုင်ပြည်သူများအပေါ် သဘောထားကိုမြင်တွေ့နိုင်ကြောင်း မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။