Connect with us

Hi, what are you looking for?

သတင်း

မုန်တိုင်းကြောင့် အမေရိကန်ဒေါ်လာ ၂.၇ သန်းခန့် ပျက်စီးဆုံးရှုံး

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူလေတပ်ရဲ့ C – 130 လေယာဉ်နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးလိုက်ပြီး ဆက်လက်သယ်ယူပို့ဆောင်ပေးဦးမယ်လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဓာတ်ပုံ − UN
ဓာတ်ပုံ − UN

မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာ ထိခိုက်ပျက်စီးဆုံးရှုံးမှု ခန့်မှန်းတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂.၇ သန်းခန့်ရှိတယ်လို့ ဘေးအန္တရာယ်စီမံခန့်ခွဲရေး လူသားချင်းစာနာ ကူညီမှုဆိုင်ရာ အာဆီယံညှိနှိုင်းရေးမှူးရုံး(AHA Centre)က တွက်ချက်ထုတ်ပြန်ပါတယ်။

အဆောက်အဦး၊ လမ်းနဲ့တံတား ထိခိုက်ပျက်စီးမှုတန်ဖိုးကို ခန့်မှန်းတွက်ချက်ထားတာဖြစ်ပြီး ဒါဟာ မေလ ၂၀ ရက်က ထုတ်ပြန်တဲ့ AHA စင်တာရဲ့အချက်အလက်ဖြစ်ပါတယ်။

ဒါအပြင် ကျွဲ၊နွား အကောင်ရေ ၃ ထောင်ကျော် ၊ အိမ်ခြေ ၂,၅၀၀ ကျော် ပျက်စီးခဲ့ပြီး အသက်ဆုံးရှုံးခဲ့ရသူ ဦးရေကတော့ ၁၅၂ဦးရှိတယ်လို့ AHA Centre က ဆိုထားပါတယ်။

အချက်အလက်တွေကို ကုလသမဂ္ဂ၊ ကြက်ခြေနီ ၊ NGO တွေ နဲ့ သတင်းဌာနတွေက ကောက်ယူထားတာလို့ AHA Centre က ပြောပါတယ်။

Public Service Announcement

Public Service Announcement

မုန်တိုင်းသင့်ပြည်သူတွေအတွက် အာဆီယံရဲ့ အကူအညီတွေဟာ မနေ့က စင်ကာပူလေတပ် သယ်ယူပို့ဆောင်ရေး လေယာဉ်နဲ့ ရန်ကုန် ဆီပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက စင်ကာပူလေတပ်ရဲ့ C – 130 လေယာဉ်နဲ့ ကူညီထောက်ပံ့ရေးပစ္စည်းတွေပို့ဆောင်ပေးလိုက်ပြီး ဆက်လက်သယ်ယူပို့ဆောင်ပေးဦးမယ်လို့ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်နဲ့ ဧရာဝတီတိုင်းမှာ အခုရက်ပိုင်းကြုံတွေ့နေရတဲ့ လေပြင်းဘေးကြောင့် စပါးခင်းအများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတောင်သူလယ်သမားတွေက ပြောပါတယ်။

နိုင်ငံတကာ

သူ့လက်မှတ် ပါဝင်လာတဲ့ အမေရိကန်ဒေါ်လာ ၁၀၀ တန် ငွေစက္ကူပုံကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ မုန်တိုင်းတစ်ခုကြောင့် ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဒေသတွေမှာ လေပြင်းတွေတိုက်၊ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီး အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။

အတွေးအမြင်

မုန်တိုင်းဘေးသင့်ခဲ့​ပေမယ့် ကံ​ကောင်းခဲ့တဲ့ အောင်ချင်းငှက်နှစ်ကောင်အကြောင်းကို ဩစတေးလျသံရုံးက ဒီနေ့ထုတ်ပြန်လာပါတယ်။

Facebook