Connect with us

Hi, what are you looking for?

သတင်း

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)
(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ပြီး ၎င်းတို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မော်တော်များဖြင့် ရေလယ်ကျွန်းဒေသကျေးရွာများအား စစ်ကြောင်းသုံးခုဖြင့် ပတ်လည်ဝိုင်းပိတ်ဆို့ခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိဖုရားကျေးရွာမှ ကလေးနှစ်ဦး၏ မိခင်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး မဲကုန်းရွာမှ ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရထားကြောင်းဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ပေါက်တောဘက်က တစ်ဖွဲ့၊ ချစ်သူရွာဘက်က တစ်ဖွဲ့၊ မြင်းခြံဘက်ကလာတဲ့အဖွဲ့တွေနဲ့ ရေစကြို‌ ရေလယ်ကျွန်းကို ဝင်ရောက်နေတာပါ။ လက်နက်ကြီးတွေလည်း ပစ်ခတ်နေတယ်။”ဟု ရေလယ်ကျွန်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းရွာ၊ ပေါက်တော၊ မဲကုန်းကျွန်း၊ မိဖုရားကျွန်း၊ သမန္တပို့နှင့် လေးအိမ်တန်း စသည့်ကျေးရွာများအား ပစ်ခတ်ဝင်ရောက်နေ၍ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook