Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီတပ် စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ပစ်ခတ်၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)
(ပြီးခဲ့သည့် ၂၀၂၂ အတွင်းက ရေစကြိုရေလယ်ကျွန်းဒေသသို့ စစ်ကောင်စီစစ်ကြောင်းထိုးလာ၍ ဒေသခံ ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရစဥ်။ ဓာတ်ပုံ- Cj)

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးခုဖြင့် ဝင်ရောက်ပြီး ၎င်းတို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးကာ ကလေးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း ​ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (မေလ ၂၆ ရက်) နံနက်ပိုင်းက အင်အား ၂၀၀ကျော်ပါ စစ်ကောင်စီတပ်သည် မော်တော်များဖြင့် ရေလယ်ကျွန်းဒေသကျေးရွာများအား စစ်ကြောင်းသုံးခုဖြင့် ပတ်လည်ဝိုင်းပိတ်ဆို့ခဲ့ကြောင်း၊ ထို့နောက် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ မိဖုရားကျေးရွာမှ ကလေးနှစ်ဦး၏ မိခင်တစ်ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး မဲကုန်းရွာမှ ကလေးငယ်တစ်ဦးလည်း ကျည်ထိမှန်ဒဏ်ရာရထားကြောင်းဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

“ပေါက်တောဘက်က တစ်ဖွဲ့၊ ချစ်သူရွာဘက်က တစ်ဖွဲ့၊ မြင်းခြံဘက်ကလာတဲ့အဖွဲ့တွေနဲ့ ရေစကြို‌ ရေလယ်ကျွန်းကို ဝင်ရောက်နေတာပါ။ လက်နက်ကြီးတွေလည်း ပစ်ခတ်နေတယ်။”ဟု ရေလယ်ကျွန်းဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် မင်းရွာ၊ ပေါက်တော၊ မဲကုန်းကျွန်း၊ မိဖုရားကျွန်း၊ သမန္တပို့နှင့် လေးအိမ်တန်း စသည့်ကျေးရွာများအား ပစ်ခတ်ဝင်ရောက်နေ၍ ကျေးရွာအများအပြားမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

ရေစကြိုမြို့နယ်ရှိ ရေလယ်ကျွန်းဒေသသည် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်မှုအားကောင်းရာဒေသဖြစ်ပြီး ကျေးရွာအများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရကာ ဒေသခံပြည်သူအများအပြားလည်း ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရသည်။

စစ်ကောင်စီတပ်သည် မေလ ၂၄ ရက်ကလည်း ရေစကြိုမြို့နယ်၊ ပေါက်တောကျေးရွာသို့ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

ဧပြီ ၂၀ရက်တွင် ဆီဆိုင်မြို့နယ် နားခိုက်ကျေးရွာရှိ PNLO ဒုဥက္ကဋ္ဌ(၂)ဖြစ်သူဗိုလ်မှူးချုပ်ခွန်ကျော်ထင်၏ မိသားစုပိုင်နေအိမ်၊ PNLAရဲဘော်အချို့ မိဘပိုင်နေအိမ်နှင့် ပြည်သူအချို့၏ နေအိမ်များကို PNO ပြည်သူ့ စစ်က ဖြိုချဖျက်ဆီးကာ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြသည်။