Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အရာတော်နှင့် ငါန်းဇွန်တွင် PDFစခန်းနှစ်ခု စီးနင်းခံရ

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ် တောင်မွှာကျေးရွာရှိ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးသွားပြီး သက်ကြီးရွယ်အို လေးဦးအပါအဝင် ဒေသခံ ပြည်သူ ၆ဦးကို သတ်ဖြတ်သွားခဲ့သည်။

(စီးနင်းဖျက်ဆီးခံခဲ့ရသော ငါန်းဇွန်နယ်အခြေစိုက် TGYR အဖွဲ့၏စခန်းအား မီးလောင်ပျက်စီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-TGYR)
(စီးနင်းဖျက်ဆီးခံခဲ့ရသော ငါန်းဇွန်နယ်အခြေစိုက် TGYR အဖွဲ့၏စခန်းအား မီးလောင်ပျက်စီးပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-TGYR)

▪️တော်လှန်ရေးရဲဘော်တစ်ဦးနှင့် ရဲဘော်တစ်ဦး၏ မိခင် သတ်ဖြတ်ခံရ

အရာတော်နှင့် ငါန်းဇွန်မြို့နယ်တို့ရှိ ဒေသတွင်း PDF စခန်းနှစ်ခု စီးနင်းဖျက်ဆီးခံရပြီး တော်လှန်ရေးရဲဘော်တစ်ဦးနှင့် ရဲဘော်တစ်ဦး၏ မိခင်တစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ယမန်နေ့ (မေလ ၂၈ ရက်) နံနက် ၉ နာရီခန့်က စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကမ်းပြူနှင့်ဝါးရောင်းကျေးရွာများကို စစ်ကောင်စီတပ်သား အင်အား ၅၀ခန့်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး ဒေသခံပြည်သူ ၂၈ ဦးကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ကာ ဒေသကာကွယ်ရေးတပ်စခန်းတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ထို့နောက် ဖမ်းဆီးလာသူများအနက်မှ တော်လှန်ရေးရဲမေ၏ မိခင်ဖြစ်သူကို စစ်သားများက အပိုင်းပိုင်းခုတ်သတ်၍ မီးရှို့ထားခဲ့ကြောင်း၊ သတ်ဖြတ်ခံရသူ၏ သမီးမှာ ၂၀၂၂ ဇွန်လက စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကိုခံခဲ့ရသော တော်လှန်ရေးရဲမေ မအေးမြင့်မိုရ်၏ မိခင်ဖြစ်ကြောင်း အရာတော်ပို့စ်က ဖော်ပြသည်။

လူသားဒိုင်းအဖြစ်ဖမ်းဆီးထားသူများကိုမူ ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အလားတူ မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်အခြေစိုက် TGYRတပ်ဖွဲ့၏ ရဲဘော်တစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရပြီး စခန်းကိုပါ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ပြီးခဲ့သည့်မေလ ၂၄ ရက်က စစ်ကောင်စီတပ်က TGYR တပ်ဖွဲ့ဝင် ရဲဘော်အိုဝမ်အား ပစ်ခတ်ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်ခဲ့၍ ကျဆုံးခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“သေနတ်ဒဏ်ရာများ နဲ့ ကျဆုံးသွားတဲ့ကျွန်တော်တို့ရဲဘော်ကို စစ်တပ်က တရွတ်တိုက်ဆွဲခေါ်ပြီး ရပ်ရွာထဲမှာ PDF ရုပ်အလောင်းမြင်ဖူးချင်ရင် လာကြည့်ကြဆိုပြီး ပြောဆိုသွားသေးတယ် “ဟု TGYR အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ထို့နောက် စစ်ကောင်စီတပ်က မေလ ၂၆ ရက် နံနက် ၅ နာရီခန့်တွင် ငါန်းဇွန်မြို့နယ်ရှိ TGYR အဖွဲ့၏စခန်းကို စီးနင်းခဲ့ပြီး ကျည်မျိုးစုံ ၅၃၀ ကျော်၊ ဖုန်းများ၊ မိုင်း ၆ လုံး၊ ၆၀မမ အဖူး ၄၀၊ ဆိုင်ကယ်နှစ်စီး၊ ဆန် တစ်အိတ်၊ ဆီတစ်ပုံး၊ စာရွက်စာတန်းများအပါအဝင် ကျပ်သိန်း ၁၅၀ ဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း TGYR အဖွဲ့က ပြောသည်။

TGYR – Youth Guerrilla Counter Revolution အဖွဲ့အနေဖြင့် စခန်းပြန်လည်ထူထောင်နိုင်ရန် အကူအညီများလိုအပ်နေကြောင်း အသိပေးထားသည်။

သို့သော် စခန်းစီးနင်းခံရသော်လည်း ရဲဘော်များ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက်ပိုင်းက အရာတော်မြို့နယ် တောင်မွှာကျေးရွာရှိ နေအိမ် ၆၀ ကျော် မီးရှို့ဖျက်ဆီးသွားပြီး သက်ကြီးရွယ်အို လေးဦးအပါအဝင် ဒေသခံ ပြည်သူ ၆ဦးကို သတ်ဖြတ်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်ခံရပြီးနောက် လျှော်ဖြူကျေးရွာသို့ ရွာကြီးရွာမှ စစ်ကောင်စီတပ်သားများ လာရောက်အင်အားဖြည့်ထားကြောင်း ဒေသခံများက ပြောသည်။

သတင်း

သရက်ကုန်းတိုက်ပွဲအတွင်း လက်နက်ငယ် (၄၀)ကျော် ၊ ၆၀မမ (၂)လတ် ၊ Drone Jammar (၁)ခု ၊ ခဲယမ်းအမြောက်အများအပါအဝင် ရန်သူ့အလောင်း ၂၁လောင်းသိမ်းဆည်းရမိခဲ့သည်ဟု ထုတ်ပြန်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထံမှ ၆၀ မမ အဝေးပစ်ပို့ယမ်း (၅)ထုပ်ရရှိခဲ့ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သတင်း

"ပြည်သူတွေ စိတ်မပူပါနဲ့။ ကျွန်တော်တို့ အဲဒီစစ်ကြောင်း မြဝတီကိုမရောက်နိုင်အောင် တားဆီးပါမယ်"ဟု ကျားဖြူစစ်ကြောင်းမှ ဒုစစ်ကြောင်းမှူး ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။