Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်က စစ်ကိုင်း၊ ဝက်လက်နှင့် ခင်ဦးနယ်ရှိ ကျေးရွာ ၆ရွာ မီးရှို့ဖျက်ဆီး၊ ဒေသခံ ပြည်သူနှစ်ဦး သတ်ဖြတ်

စစ်ကိုင်းနှင့်ဝက်လက်ရှိ မီးရှို့ဖျက်ဆီးခံကျေးရွာငါးရွာတွင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်​၍ နေအိမ် အရေအတွက်မသိရသေးပေ။

(ခင်ဦးမြို့နယ် ရွာသစ်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)
(ခင်ဦးမြို့နယ် ရွာသစ်ရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်း၊ ဝက်လက်နှင့် ခင်ဦးမြို့နယ် တွင် စစ်ကောင်စီတပ်က သုံးရက်အတွင်း ကျေးရွာ ၆ ရွာမီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(မေလ ၂ ရက်)က စစ်ကိုင်းမြို့နယ် မြောက်ခြမ်း ပဒူကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ကျောက်ပနန်ရွာနှင့် ရွာသစ်ကျေးရွာနှင့် ယနေ့ (ဇွန်လ ၃ ရက်)တွင် ပဒူကျေးရွာရှိ နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“ပဒူက အခုတစ်ကြိမ်ထပ်ရှို့ခံရတာလည်း တော်တော်ပါတယ်ပြောတယ်။ ကျွန်တော်တို့ရွာနဲ့ နည်းနည်းလှမ်းပေမယ့် အထုပ်အပိုးတွေပြင်ထားရတယ်”ဟု စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ကျေးရွာတစ်ရွာတွင် နေထိုင်သူတစ်ဦးက ပြောသည်။

အလားတူ ဝက်လက်နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်သည် ယနေ့ မွန်းလွဲပိုင်းက တမာကန်ရွာနှင့် နဘဲပင်လှကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့အပြင် နဘဲပင်လှရွာမှ အသက် (၂၃)နှစ် အရွယ် အမျိုးသား တစ်ဦးကို ပစ်သတ်ပြီး အသက် (၆၀)ခန့် အမျိုးသား တစ်ဦး ပေါင်ကျည်ထိမှန်ဒဏ်ရာရရှိထားကြောင်း Wet Let Informational Network အဖွဲ့က ​ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ခင်ဦးမြို့နယ်တွင်လည်း စစ်ကောင်စီတပ်က ဇွန်လ ၁ ရက် နံနက်ပိုင်းတွင် ရွာသစ်ရွာမှ နေအိမ် ခုနစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အသက်(၅၀)နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း မူးသာကျေးရွာတွင် မီးရှို့သတ်ဖြတ်သွားခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကိုင်းနှင့်ဝက်လက်ရှိ မီးရှို့ဖျက်ဆီးခံကျေးရွာငါးရွာတွင် စစ်ကောင်စီတပ်ရှိနေဆဲဖြစ်​၍ နေအိမ် အရေအတွက်မသိရသေးပေ။

ထို့အပြင် နယ် သုံးနယ်ရှိ ကျေးရွာအများအပြားမှ ​ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ​ဒေသတွင်း လူမှုကယ်ဆယ်ရေးဆောင်ရွက်နေသူများက ပြောသည်။

စစ်ကိုင်း၊ ဝက်လက်နှင့် ခင်ဦးနယ်တို့တွင် ပြီးခဲ့သည့် မေလ ဒုတိယလဝက်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲများဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ် အာဏာသိမ်းပြီးချိန်မှ၂၀၂၃ ဖေဖော်ဝါရီ၂၈ရက်အထိ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့် လက်အောက်ခံအဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း ၆၀,၄၅၉ လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ၄၇,၇၇၈ လုံးဖြင့် အများဆုံး မီးလောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အောင်သုခကျေးရွာမှာ ၂ နှစ်ကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်၊ သတ်ဖြတ်ခဲ့တဲ့ အသက် ၁၆ နှစ်အရွယ် မောင်ပေါက်စချေဆိုသူကို သက်ငယ်မုဒိမ်းမှု၊ လူသတ်မှုတို့နဲ့ အာရက္ခတပ်တော်(AA)ရဲ့ မောင်တောခရိုင်တရားရုံးက ထောင်ဒဏ် ၁၀နှစ်ချမှတ်လိုက်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းဒေသအတွင်း တနေရာမှာ အမျိုးသမီးမဟာမိတ် အင်အားစု (WAB) စုဖွဲ့မှု (၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဂျန်ဒါအသိပညာပေးမှုဆိုင်ရာ ဆွေးနွေးပွဲကို ဒီကနေ့ (စက်တင်ဘာ ၁၀) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့ စစ်ကြောင်းထိုး သတ်ဖြတ်မှုတွေကြောင့် ၄လအတွင်း စိတ်ကျန်းမာရေးမကောင်းသူတွေ အပါအဝင် ပြည်သူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Facebook