Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုနယ်ရှိ ထန်းချောင်းရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ထန်းချောင်းကျေးရွာက နေအိမ် ၆၂လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎နေအိမ် ၆၀ကျော် မီးလောင်ပြာကျပြီး ပြည်သူများကိုပါ ဖမ်းဆီးသွား

မကွေးတိုင်း၊ ရေစကြိုမြို့အနီးရှိ ထန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်)နံနက်က ရေစကြိုမြို့နယ်၊ ထန်းချောင်းကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် အီနာဂါ လေးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပျူများနှင့်အတူ ထန်းချောင်းရွာကို နံနက် ၄နာရီခွဲခန့်ကတည်းက ဝင်ရောက်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း၊ အိမ်မွေးတိရစ္ဆာန်များ၊ ခိုင်းနွားများကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ထန်းချောင်းရွာကို မနက်လေးနာရီလောက်ဝင်စီးတယ်။ မြို့နဲ့နီးတော့ တိုက်လို့မလွယ်ဘူး။ ဒရုန်းနဲ့ပဲလိုက်ချတာ။ သစ်ပင်အောက်က သုံးကောင်လောက်က မှောက်သွားတယ်။ ကွက်တိကျတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့က ရဲဘော်ဝေကြီးက ပြောသည်။

ထန်းချောင်းကျေးရွာက နေအိမ် ၆၂လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် ရေစကြိုမြို့နယ် ထန်းဆယ်ပင်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ စစ်တပ်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ခြောက်လသားအရွယ် ကလေးငယ်အပါအ၀င် အရပ်သား ၅ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်‌တချို့က ပြောပါတယ်။

နိုင်ငံတကာ

လူစည်ကားရာ အပန်း‌ဖြေ ကမ်းခြေတစ်ခုကို ယူကရိန်းက ဒရန်းနဲ့ တိုက်ခိုက်လို့ ကလေးတွေ အပါအဝင် လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရုရှားရဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား ဒရုန်းတစ်စီး နယ်ကျော် ဝင်ရောက်လာလို့ ရိုမေးနီးယားက တိုက်လေယာဉ်တွေ စေလွှတ်ပြီး ပစ်ချခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။