Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေစကြိုနယ်ရှိ ထန်းချောင်းရွာ စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်

ထန်းချောင်းကျေးရွာက နေအိမ် ၆၂လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(စစ်တပ်အာဏာသိမ်းပြီးနောက် လုံခြုံရေးနေသော စစ်ကောင်စီတပ်သားများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪︎နေအိမ် ၆၀ကျော် မီးလောင်ပြာကျပြီး ပြည်သူများကိုပါ ဖမ်းဆီးသွား

မကွေးတိုင်း၊ ရေစကြိုမြို့အနီးရှိ ထန်းချောင်းကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေစဥ် ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ပြောသည်။

ယမန်နေ့ (ဇွန်လ ၄ ရက်)နံနက်က ရေစကြိုမြို့နယ်၊ ထန်းချောင်းကျေးရွာသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် အီနာဂါ လေးလုံးချကာ တိုက်ခိုက်ခဲ့ကြောင်း ရေစကြို(ပကဖ)အဖွဲ့က ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း ရေစကြို(ပကဖ)အဖွဲ့က ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်သည် ပျူများနှင့်အတူ ထန်းချောင်းရွာကို နံနက် ၄နာရီခွဲခန့်ကတည်းက ဝင်ရောက်ပြီး နေအိမ်များ မီးရှို့ဖျက်ဆီးသွားကြောင်း၊ အိမ်မွေးတိရစ္ဆာန်များ၊ ခိုင်းနွားများကိုလည်း မီးရှို့သတ်ဖြတ်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“ထန်းချောင်းရွာကို မနက်လေးနာရီလောက်ဝင်စီးတယ်။ မြို့နဲ့နီးတော့ တိုက်လို့မလွယ်ဘူး။ ဒရုန်းနဲ့ပဲလိုက်ချတာ။ သစ်ပင်အောက်က သုံးကောင်လောက်က မှောက်သွားတယ်။ ကွက်တိကျတယ်။”ဟု ရေစကြို(ပကဖ)အဖွဲ့က ရဲဘော်ဝေကြီးက ပြောသည်။

ထန်းချောင်းကျေးရွာက နေအိမ် ၆၂လုံး မီးရှို့ဖျက်ဆီးခံရပြီး စစ်ကောင်စီတပ်က ဒေသခံပြည်သူအချို့ကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ညနေပိုင်းတွင် ရေစကြိုမြို့နယ် ထန်းဆယ်ပင်ကျေးရွာကိုလည်း ဝင်ရောက်မီးရှို့ဖျက်ဆီးသွားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ဧပြီ ၁၇ရက်က ကရင်ပြည်နယ် ကော့ကရိတ်မြို့ မြောက်ပိုင်းရှိ ရင်ကွဲတောင်အနီး၌ စစ်ကောင်စီ၏ အမှတ်(၅၅)ခြေမြန်တပ်မမှ အရာရှိများ စစ်ဆင်ရေးအစည်းအဝေးပြုလုပ်နေစဥ် တိုက်ခိုက်ခဲ့ခြင်းဟု အထက်ပါ ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သတင်း

၂၀၂၃ ဩဂုတ်တွင် မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အရေအတွက်က ၁,၀၀၀အောက်အထိ ကျဆုံးခဲ့သော်လည်း ၂၀၂၃ ဒီဇင်ဘာမှစ၍ တဖြေးဖြေး ပြန်မြင့်တက်လာခဲ့ရာ မတ်လအတွင်း နေအိမ် ၂,၈၃၁လုံး မီးရှို့ခံခဲ့ရကြောင်း အသိပေးသည်။