Connect with us

Hi, what are you looking for?

သတင်း

ကောလင်းတိုက်ပွဲစစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁၃ဦး ဒဏ်ရာရဟု ခန့်မှန်း၊ စစ်တပ်အသုံးအဆောင်အချို့ PDF ရရှိ

မေလ ၂၇ရက်တွင် ကောလင်းမြို့မှ စထွက်လာသော စစ်ကောင်စီတပ် အင်အား ၇၀ ခန့် သည် ကောလင်းခရိုင် တပ်ရင်း ၁ နယ်မြေအတွင်းရှိကျောက်ပုထိုးသို့ ရွာစဉ်လှည့်ဝင် စစ်ကြောင်းထိုးလာ၍ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟုဆိုသည်။

(​ကောလင်းတိုက်ပွဲတွင် စစ်တပ်ထံမှPDFများသိမ်းဆည်းရရှိ​​​သော ပစ္စည်းအချို့ ။ဓါတ်ပုံ- ​ကောလင်းPDF)
(​ကောလင်းတိုက်ပွဲတွင် စစ်တပ်ထံမှPDFများသိမ်းဆည်းရရှိ​​​သော ပစ္စည်းအချို့ ။ဓါတ်ပုံ- ​ကောလင်းPDF)

ကောလင်းမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေတပ်မတော်(PDF) ကောလင်းခရိုင်တပ်ရင်း( ၁) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က ၂ဦးသေဆုံးခဲ့ကြောင်း ကောလင်း PDFက ထုတ်ပြန်သည်။

စစ်ကောင်စီ၏ ခမရ ၃၆၃ ၊ ခမရ ၃၆၉ တို့ နှင့် ဇွန်လ ၂ ရက်နေ့နှင့် ၄ ရက်နေ့များ၌ တိုက်ပွဲဖြစ်ခဲ့သည်။

တိုက်ပွဲအတွင်း ရန်သူဘက်မှ သေးဆုံး ၂ ဦး ထိခိုက်ဒါဏ်ရာရ ၁၃ ဦးထိရှိဟုခန့်မှန်းသိရှိရပြီး စစ်သုံးပစ္စည်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြကာ ထပ်မံ စုံစမ်းစိစစ်ဆဲဟု အသိပေးထားသည်။

မေလ ၂၇ရက်တွင် ကောလင်းမြို့မှ စထွက်လာသော စစ်ကောင်စီတပ် အင်အား ၇၀ ခန့် သည် ကောလင်းခရိုင် တပ်ရင်း ၁ နယ်မြေအတွင်းရှိကျောက်ပုထိုးသို့ ရွာစဉ်လှည့်ဝင် စစ်ကြောင်းထိုးလာ၍ တပ်ရင်း(၁)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်ဟုဆိုသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၂ရက်တွင် ကိုးထောင်ဘို့မှ ခမရ ၃၆၃ အင်အား ၅၃ ဦးခန့် စစ်ကြောင်းသည် သစ်ဖုလ ဘုရားကုန်းသို့ လာရောက်စစ်ကူပေးရာ ထိုစစ်ကြောင်းကိုလည်း ထပ်မံ တိုက်ခိုက်ခဲ့ကြောင်း၊

ဇွန်လ ၄ရက်တွင် စစ်ကြောင်း နှစ်ကြောင်းပေါင်းပြီး အုန်းပင်ကုန်းရွာဘက်မှ ပြန်ဆုတ်ခွာရာ တပ်ရင်း ၁ မှ ထပ်မံတိုက်ခိုက်ခဲ့၍ ရှေ့မတိုးနိုင်ပဲ အုန်းပင်ကုန်းရွာသို့ ပြန်လည် ဝင်ရောက်သွားကြောင်း ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီတပ်သည် လေကြောင်း နှင့်လက်နက်ကြီး ပစ်ကူများ တောင်း၍ ပြန်လည်ဆုတ်ခွာရန် ပြင်ဆင်နေကြောင်း အသိပေးထားသည်။

အလားတူ ယခုရက်ပိုင်းတွင် ပင်လယ်ဘူးမြို့နယ်၊ ကြောင်လည်ရွာတွင်ဇွန်လ ၆ရက်နေ့လယ်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးပြီး ဂျက်ဖိုက်တာဖြင့် လေးကြိမ်လာရောက်တိုက်ခိုက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကပြောသည်

ကြောင်လည်ရွာတွင် ဇွန်လ ၆ရက် နေ့လယ် ၁နာရီခန့်မှ စတင်၍ ၂ နာရီနီးပါးကြာအောင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

” တိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ထက်မနည်း သေတယ်။ သူတို့ လူတွေ ပိတ်မိနေလို့ ဂျက်ဖိုက်တာနဲ့ လေးကြိမ်ပစ်တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ကြီးမားတဲ့ အထိအခိုက်မရှိခဲ့ပါဘူး”ဟု ၎င်းကပြောသည်။

အဆိုပါ စစ်ကြောင်းသည် ပင်လည်ဘူးမှ ကန့်ဘလူမြို့ဘက်သို့ ဆက်ထွက်လာ၍ ဒေသခံများ ယာယီတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

ထိုအပြင်ကန့်ဘလူမြို့တွင်လည်း စစ်ကောင်စီစစ်ကောင်းကို ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေပြီး ‌ချပ်သင်းနှင့် ချပ်ကြီးရွာကြားတွင် မေလ ၆ရက် ညနေက စစ်ကောင်စီယဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

” ချပ်သင်းနှင့် ချက်ကြီးကြားက ဖလားရရွာမှာ မိုင်းအတွဲလိုက်ဆွဲတာ။ ဘယ်လောက်သေသွားလဲတော့ သတင်းအတိအကျမရသေးပါဘူး။ တစ်စီးကတော့ လမ်းဘေး ထိုးကျသွားတာ” ဟု ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

ထိုအပြင်ကန့်ဘလူမြို့နယ် ချပ်သင်းရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီစခန်းကင်းစခန်း လေးခုကို ဇွန်လ ၂ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုက တိုက်ခိုက်ခဲ့ သေးသည်။ အဆိုပါတိုက်ပွဲတွင် စခန်းသုံးခုကို သိမ်းယူနိုင်ခဲ့သော်လည်း စစ်ကောင်သီလေကြောင်းကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။ ထိုနေ့တိုက်ပွဲတွင် ကာကွယ်ရေးရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။

ပင်လယ်ဘူး၊ ကန့်ဘလူတို့နှင့် ထိစပ်နေသော ကောလင်းမြို့နယ်တွင်လည်း တိုက်ပွဲများဖြစ်နေသည်။ ကောလင်းမြို့နယ် ဥမင်ကုန်းရွာတွင် ဇွန်လ ၄ရက်ညနေက တိုက်ပွဲဖြစ်ခဲ့ရာ စစ်‌ကောင်စီတပ်အထိနာခဲ့ပြီး ဖျက်ဖိုက်တာဖြင့် လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများကပြောသည်။

” ဥမင်တောနဲ့ တောင်ပလူရွာကြားမှာ တိုက်ပွဲဖြစ်တာ။ စစ်တပ်ဘင်က ၁၅ယောက်ထက်မနည်းဘူး သေပါတယ်။ ဂျက်ဖိုက်တာက တံတားဦးက တက်လာပြီး ချောင်းကွေ့ရွာကို မှား ပစ်သွားတာ။ လူမထိပါဘူး။ အိမ် ၂ လုံးနဲ့ အိမ်မွေးတိရိစ္ဆာန်တချို့တော့ ထိတယ်” ဟု ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

ယခုရက်ပိုင်းတွင် ကောလင်း၊ကန့်ဘလူ၊ ပင်လည်ဘူး ဒေသများမှ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၄၀ဦး​ကျော်သေဆုံးခဲ့ပြီး ကာကွယ်ရေရဲဘော်နှစ်ဦး ကျဆုံးခဲ့သည်။ ယမန်နေ့က ကြောင်လည်ရွာတိုက်ပွဲတွင် စစ်ကောင်စီထံမ လက်နက်ခဲယမ်းအချို့ပါ သိမ်းယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေ ဖြစ်တဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ကချင်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်(KPDF) တပ်ဖွဲ့တွေရဲ့ ဝတ်စုံတွေ နဲ့ သတင်းရယူစုံစမ်းတာ၊ ပုံမှားရိုက်တာတွေ လုပ်ဆောင်နေကြောင်း ရွှေကူ KPDFက ဒီကနေ့ ထုတ်ပြန် သတိပေးပါတယ်။