Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲ စစ်​ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး​သေ၊ လက်နက် ၇ လက်ခဲယမ်းများစွာနှင့်ကျပ်သိန်း ၁၄၀​ကျော် PDFပူး​ပေါင်းတပ်သိမ်းဆည်းရရှိ

စစ်​ကောင်စီတပ်အကြမ်းဖက် မှုများ​ကြောင့်ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးခန့်တိမ်းရှောင်နေရ​ကြောင်းကို​အောင်ခန့်​ဇော်က​ပြောသည်။

(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)

▪︎စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်ပြီး​နေအိမ်များကိုမီးရှို​နေ၍ ပြည်သူတစ်​သောင်းခန့်ထွက်​ပြေး​နေရ ပြီး ၃ ဦးဒဏ်ရာရ

ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာရဲခန်း စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၂ဦးသေဆုံးပြီး လက်နက်၇ လက်နှင့် ခဲယမ်းအများအပြားသိမ်းနိုင်ကာ ငွေကျပ်သိန်း ၁၄၀လည်း သိမ်းဆည်းနိုင်ခဲ့ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) ကယ​နေ့ ထုတ်ပြန်သည်။

ဆားလင်းကြီးမြို့နယ်မှ စခန်းမှုးရဲအုပ်ဇော်ဌေးမြင့် ဦးစီးသောအင်အား(၄၀) ခန့်အထိုင်ချထားသည့် ညောင်ပင်ကြီးရွာရဲစခန်းကို ဇွန်လ (၉) ရက်နေ့၊ ညနေ၅နာရီ ၅၀မိနစ်မှ ည ၇နာရီထိ PDFများကစခန်းသိမ်းတိုက်ပွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အ​နောက်​မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ရှိ​သောမုံရွာမြို့နှင့် ချင်းတွင်းမြစ်သာခြားပြီး စစ်​ကောင်စီတပ်စွဲထား​​သော​တပ်စခန်းများ အနီးရှိရဲစခန်းကို PDF ပူး​ပေါင်းတပ်ကစခန်းသိမ်း တိုက်ခိုက်နိုင်ခဲ့ခြင်းအ​ပေါ် ​ဒေသခံများအပါအဝင်ပြည်သူအများစုအံအားသင့်ခဲ့ကြသည်။

(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)
(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)

စစ်​ကောင်စီရဲနှင့်စစ်သား ၁၂ ဦး​သေဆုံးကာ MA-13 နှစ်လက်၊ G-3 (BA-63) လေးလက်၊ Shotgun တစ်လက်၊ 7.62 ကျည် (၂၀၄၀) တောင့်၊ 5.56 ကျည် (၅၀) တောင့်၊ 9MM ကျည် (၅၀၀) တောင့်၊ M-79/40 MM ဗုံးသီး (၂၉) လုံး၊ နာနတ်သီးလက်ပစ်ဗုံး (၁၃) လုံး နှင့် ငွေကျပ် သိန်း ၁၄၀ သိမ်းဆည်းရရှိခဲ့သည်ဟုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ (စစ်ရုံးချုပ်) က ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁)စစ်ဒေသကွပ်ကဲမှုဖြင့်ယင်းမာပင်ခရိုင်တပ်ရင်း(၁)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ဆားလင်းကြီး-ပကဖ)နှင့် Alpha (ဆားလင်းကြီး-ပကဖ) တို့ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ် ဦးကျဆုံးကာ လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)
(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)

ရဲစခန်းသိမ်းခံရပြီး​နောက်စစ်ကောက်စီကမုံရွာမြို့ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှလာသော MI-35 တစ် စီးဖြင့်လေကြောင်းတိုက်ခိုက်ခဲ့သော်လည်း ညောင်ပင်ကြီးရဲစခန်းအား အောင်မြင်စွာ စီးနင်းတိုက်ခိုက် မီးရှို့ဖျက်ဆီးပြီးဆုတ်ခွာနိုင်ခဲ့သည်ဟုသိရသည်။

” လေကြောင်းကနေ ပစ်တော့ စစ်ကူလာတဲ့ သူတို့လူ သူတို့ ပြန်ပစ်မိတာ ကျွန်တော်တို့ တွေ့တယ်။ အဲ့ဒီချိန် ကျွန်တော်တို့ကစခန်းထဲမှာ” ဟုတိုက်ပွဲဝင်ရဲဘော်တစ်ဦးကပြောသည်။

ကျဆုံးခဲ့သည့် ရဲဘော်မှာ လွိုင်ကော်အခြေစိုက်BuffaloPeople Defense Forceမှမှ ဖြစ်သည်။

ဝမ်းဗိုက်ကို G3ကျည်ထိမှန်ကာ ဒဏ်ရာအပြင်းအထန်ရရှိသွား၍ ဆေးကုသပေးနေစဉ် ဇွန်လ ၉ရက် ည ၁၁နာရီခန့်တွင် ကျဆုံးသွားခြင်းဖြစ်ကြောင်းသတင်းရရှိသည်။

ညောင်ပင်ကြီးရဲစခန်းအသိမ်းခံရပြီးနောက် ဇွန်လ ၉ရက် ညနှင့် ယနေ့ဇွန်လ ၁၀ရက် တနေကုန်အောင် စစ်ကောင်စီတပ်က ညောင်ပင်ကြီးရွာကို မီးရှို့ဖျက်ဆီးပြီး စစ်ကြောင်းထိုးနေသည်ဟု တော်လှန်ရေးအင်အားစုများကပြောသည်။ စစ်ကောင်စီစစ်ကြောင့် ကျေးရွာခုနှစ်ရွာခန့်မှ ဒေသခံ တစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဆားလင်းကြီးမြို့အခြေစိုက် အညားပစ်တိုင်းထောင်လေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးကပြောသည်။

စစ်တပ်ကရဲစခန်းသိမ်းခံရသဖြင့်ဝမ်​ပေါင်ကြေးနီစီမံကိန်းဘက်ရှိ စစ်​ကောင်စီတပ် ကလက်နက်ကြီးပစ်ကူ​ပေးခြင်းအပါအဝင် မုံရွာဘက်မှ စစ်သားများကိုလည်းကားများဖြင့်စစ်ကူလွှတ်ခဲ့သည်။စစ်တပ်ကလက်နက်ကြီးဖြင့်ရမ်းသမ်းပစ်ခက်မှုကြောင့်အမျိုးသား၁ဦး ၊ အမျိုးသမီး၂ဦးခန့် ထိခိုက်မှုရှိကြောင်း ချင်းတွင်းမြစ်ကမ်းသပိတ်စစ်​ကြောင်းမှ ကို​အောင်ခန့်​ဇော်က ​ရေးသားအသိ​ပေးထားသည်။

(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)
(​​ညောင်ပင်ကြီးစခန်းသိမ်းတိုက်ပွဲမှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ၊ စစ်တပ်က​နေအိမ်များမီးရှို့​အကြမ်းဖက်​နေသဖြင့် ထွက်ပြးတိမ်း​ရှောင်​နေရ​သောပြည်သူများနှင့် ဒဏ်ရာရပြည်သူတစ်ဦး။ ဓါတ်ပုံ-NUG၊ Aung Khant Zaw)

“(ဇွန် ၉ ရက်ည) ၇နာရီ၁၀မိနစ်ခန့်တွင် လက်နက်ကြီးကျရောက်မှုကြောင့်နေအိမ်တချို့မီးလောင်ခဲ့ပါတယ်။ည၁၀ နာရီလောက်မှာ မြစ်ကမ်းဘေးရှိ နေအိမ်များကိုမီးရှို့ပါတယ်။ဇွန်၁၀ရက် မနက်၆နာရီခန့်တွင် စစ်ခွေးများမှ ညောင်ပင်ကြီးစခန်းပတ်လည်ရှိနေအိမ်များကိုစတင်မီးရှို့ပါတယ်။ထို့နောက်၉နာရီ၂၀ခန့်တွင်ညောင်ပင်ကြီးရွာရှိ အမှတ်၃ အမှတ်၄ရပ်ကွက်ကိုမီးထပ်ရှို့ပြန်တယ်။ထို့နောက်၂နာရီ၃၀ခန့်တွင်သိမ်တော်ရပ်ကွက်ကိုမီးထပ်ရှို့ပြန်တယ်”ဟု၎င်းက ​ရေးသားထားသည်။

ထို့အပြင် စစ်တပ်သည် ပြာ်သူပိုင်ပစ္စည်းများကိုလည်းခိုးယူ​နေပြီး ၊ကင်းပုံးများချထား၍ ညအိပ်တပ်စွဲ​နေသည်ဟုသိရသည်။

စစ်​ကောင်စီတပ်အကြမ်းဖက် မှုများ​ကြောင့်ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံပြည်သူများ ၁၀၀၀၀ နီးပါးခန့်တိမ်းရှောင်နေရ​ကြောင်းကို​အောင်ခန့်​ဇော်က​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

ဧပြီ ၂၅ရက်က မင်းတပ်မြို့နယ်၊ ဝမ္မသူးဆေးရုံအား အကြမ်းဖက်စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူ ၅ဦးသေဆုံးကာ ၃၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းအပေါ် ယခုကဲ့သို့ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။