Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့သတင်းထွက်တဲ့ နမခတိုင်းမှူး လူမြင်ကွင်းရှေ့ထွက်ပြ

မုံရွာအခြေစိုက် နမခ စစ်ဌာနချုပ်နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ညောင်ပင်ကြီး ရဲစခန်း တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာမှာ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို ရဟတ်ယာဉ်နဲ့ နေပြည်တော်ဆီခေါ်ယူ ပြီး စစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပါတယ်။

လူမြင်ကွင်းရှေ့ထွက်ပြလာတဲ့ နမခစစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် (ဝဲဘက်အစွန်)
လူမြင်ကွင်းရှေ့ထွက်ပြလာတဲ့ နမခစစ်တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက် (ဝဲဘက်အစွန်)

နေပြည်တော်မှာ စစ်ဆေးခံနေရတယ်လို့သတင်းထွက်နေတဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ဟာ မုံရွာကိုပြန်ရောက်နေပြီး လူမြင်ကွင်းရှေ့ထွက်ပြလာပါတယ်။

မုံရွာအခြေစိုက် နမခ စစ်ဌာနချုပ်နဲ့ ချင်းတွင်းမြစ်သာခြားတဲ့ ညောင်ပင်ကြီး ရဲစခန်း တိုက်ခိုက်ခံရပြီး ရက်ပိုင်းအကြာမှာ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်ကို ရဟတ်ယာဉ်နဲ့ နေပြည်တော်ဆီခေါ်ယူ ပြီး စစ်ဆေးနေတယ်ဆိုတဲ့သတင်းတွေ ထွက်ခဲ့ပါတယ်။

အဲဒီနောက် ဇွန်လ ၁၄ ရက်မှာတော့ အလင်းဝင်လာတဲ့ PDF တွေကို ဆုကြေးငွေပေးတဲ့ အခမ်းအနား နဲ့အတူ လူမြင်ကွင်းရှေ့ထွက်လာတာ တွေ့ရပါတယ်။

ဒါအပြင် တိုက်ပွဲမှာဒဏ်ရာရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မုံရွာစစ်ဆေးရုံမှာသွားရောက် ကြည့်ရှုတဲ့ ဓာတ်ပုံတွေကိုလည်း စစ်ကောင်စီဘက်က ထုတ်ပြလာပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

နမခစစ်ဌာနချုပ်ဟာ စစ်ကိုင်းတိုင်း ၊မကွေးတိုင်း နဲ့ချင်းပြည်နယ်ကစစ်ရေး ကို တာဝန်ယူရတဲ့တိုင်းစစ်ဌာနချုပ်ဖြစ်ပါတယ်။

နမခရဲ့ စစ်နယ်ဝှမ်းမှာ စစ်ကောင်စီကို လက်နက်စွဲကိုင်ကာ အပြင်းထန်ဆုံးတော်လှန်မှုတွေရှိနေပြီး စစ်ကောင်စီတပ်တွေအထိနာနေတဲ့ ဒေသလည်းဖြစ်ပါတယ်။

ဗိုလ်ချုပ်သန်းထိုက်မတိုင်ခင်က နမခ စစ်တိုင်းမှူး တာဝန်ယူခဲ့သူ ဗိုလ်မှူးချုပ်ဖြိုးသန့်ဟာလည်း တော်လှန်မှုတွေကိုမကိုင်တွယ်နိုင်ဘူးဆိုကာ နယ်စပ်ရေးရာဒုဝန်ကြီးအဖြစ် ရွှေ့ပြောင်းခံထားရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နေပြည်တော်၊ တပ်ကုန်းမြို့နဲ့ မကွေးတိုင်း မြို့သစ်မြို့က ဒေသခံတွေဆီက WY စိတ်ကြွဆေးပြား ၂၀၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ နတ်မောက်ဂဠုန် PDF တပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။

သတင်း

နေပြည်တော်မှာ စစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးညွန့်ဝင်းဆွေရဲ့ ကိုယ်ရေးအရာရှိ‌ (PSO)မောင်းလာတဲ့ကားတိုက်မိလို့ ဒုဗိုလ်မှူးကြီး ၁ ဦး သေဆုံးပြီး နောက်ထပ်အရာရှိ ၁ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ စု့စမ်းသိရပါတယ်။

သတင်း

တာချီလိတ်မှာ မယ်ဆိုင်ချောင်းရေလျှံ

သတင်း

နေပြည်တော်၊ လယ်ဝေးမြို့နယ်မှာ တပ်မိသားစုဝင် ၁ဦး ပေါ်တာဆွဲခံရလို့ မိခင်ကိုယ်တိုင် လူမှုကွန်ရက်ကနေ အကူအညီတောင်းနေပါတယ်။

Facebook