Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

NLD ပါတီမှထုတ်ပယ်ထား​သော ဒီပဲယင်းအမတ်​ဟောင်းကိုပကဖ ဖမ်းဆီးပြီး ပလဖ သို့လွှဲ​ပြောင်းစစ်​ဆေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ပြီးခဲ့သည့်မတ်လက ပါတီမှ ထုတ်ပယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒီပဲယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဇွန်လ ၈ရက်တွင် မြို့နယ် ပကဖမှရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

(ဦးဝင်းမြင့်​အောင်ကို ၂၀၁၅ ​ရွေး​ကောက်ပွဲအနိုင်ရပြီး​နောက်လွှတ်​တော်တွင်​တွေ့ခဲ့ရစဥ်။ဓါတ်ပုံ-ပြည်သူ့လွှတ်​တော်)
(ဦးဝင်းမြင့်​အောင်ကို ၂၀၁၅ ​ရွေး​ကောက်ပွဲအနိုင်ရပြီး​နောက်လွှတ်​တော်တွင်​တွေ့ခဲ့ရစဥ်။ဓါတ်ပုံ-ပြည်သူ့လွှတ်​တော်)

စစ်ကောင်စီနှင့်ပေါင်းပြီး PDF များကို စစ်ကောင်စီထံ လက်နက်ချရန် စည်းရုံးနေသည့် ဒီချုပ်ပါတီမှထုတ်ပယ်ထား​သော ဒီပဲယင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းမြင့်အောင်အားပကဖ (ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့)များက ဖမ်းဆီးထိန်းသိမ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ အပ်နှံထား​ကြောင်းသိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က ပြီးခဲ့သည့်မတ်လက ပါတီမှ ထုတ်ပယ်ထားသည့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ဒီပဲယင်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်အောင်ကို ဇွန်လ ၈ရက်တွင် မြို့နယ် ပကဖမှရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

” ၈ ရက်နေ့က ဖမ်းလိုက်တာ။ ၇ ရက်နေ့က ဒီမှာ ရှိနေတဲ့ စစ်ကောင်စီစစ်ကြောင်းမှူးနဲ့ တွဲတွေ့တယ်။ အဓိကကတော့ စစ်ကောင်စီနဲ့ပေါင်းပြီး တော်လှန်ရေးရဲဘော်‌တွေကို လက်နက်ချခိုင်းတယ်ဗျ။ ဒါ လက်ခံစရာမရှိဘူး” ဟု ဒီပဲယင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဦးဝင်းမြင့်အောင်ကို ဒီပဲယင်း-ရွှေဘိုလမ်းပိုင်းတွင် ပကဖရဲဘော်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် စစ်ကောင်စီထံတွင် အညံ့ခံကာ မုံရွာမြို့ ရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)၌ ရှစ်လခွဲကြာ သွားရောက်ခိုလှုံခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

သို့​သော်ဦးဝင်းမြင့်​အောင်မှာ စစ်​ကောင်စီနှင့်ပူး​ပေါင်းပြီးPDFများကိုလက်နက်ချရန် စည်းရုံးခြင်း၊နမခတွင် သွား​ရောက်​နေထိုင်ခြင်းဆိုသည်နှင့်ပတ်သပ်၍ People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

သို့​သော် ဒီပဲယင်း ပကဖ မှ တာဝန်ရှိသူတစ်ဦးက”နမခထဲမှာ သွားခိုနေတာ။ ဒါကို သူကိုယ်တိုင်ဖြောင့်ချက်ပေးပါတယ်” ဟု ဆက်​ပြောသည်။

Public Service Announcement
Public Service Announcement

ဦးဝင်းမြင့်အောင်အား ပကဖ အဖွဲ့က ဖမ်းဆီးပြီး ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ )ထံ လွှဲပြောင်းပေးထားကာ စစ်ဆေးနေသည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က People’s Spring ကိုပြောသည်။

“သူမှာအပြစ်ရှိရင်လည်း ရှိတဲ့အပြစ်အပေါ်မှာတရားဥပဒေအရ ရင်ဆိုင်ရမှာပါဗျ” ဟု ဦးနေဘုန်းလတ်ကရှင်းပြသည်။

ဦးဝင်းမြင့်အောင်သည် ၁၉၉၀၊၂၀၁၅နှင့် ၂၀၂၀ ခုနှစ်များတွင် NLDပါတီကိုယ်စားပြုကာ ဒီပဲယင်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲအနိုင်ရခဲ့သူဖြစ်သည်။ ထို့အပြင် NLD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သည်။

​ဒေါ်စန္ဒာမင်း ၊ဦးဖြိုးမင်းသိန်း ၊ဦးတိုးလွင်နှင့် ဦးဝင်းမြင်​အောင်တို့ ၄ ဦးကိုပါတီမှထုတ်ပယ်ကြောင်း NLD ၏ဗဟိုကော်မတီက ၂၀၂၃ခုနှစ် မတ်လ၃ရက်နေ့တွင်ကြေညာခဲ့သည်။ပါတီဝင်အချို့သည် ပြည်သူ့ဆန္ဒသဘောထားကို လေးစားလိုက်နာမှု မရှိသည့်အပြင် ပါတီ၏ရပ်တည်ချက် တို့ကို ဆန့်ကျင်၍လည်းကောင်း၊ ပါတီအမည်ကို အလွဲသုံးစားလုပ်ဆောင်၍လည်းကောင်း၊ စစ်အာဏာရှင် အလိုကျလိုက်နာဆောင်ရွက်ရင်း ကိုယ်ကျိုးရှာ လုပ်ဆောင်နေကြကြောင်း ခိုင်လုံသည့် အထောက်အထားများ ရရှိထားပြီး

ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ ၎င်းတို့​လေးဦးကိုပါတီမှ အပြီးအပိုင်ထုတ်ပယ်လိုက်​ကြောင်းပါတီကထုတ်ပယ်သည်။

ဦးဝင်းမြင့်​အောင်သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး​နောက်ဖမ်းဆီးခံရပြီး ပြန်လည်လွတ်​မြောက်လာသည်။ပြန်လွတ်လာပြီးနောက်ပိုင်းစစ်​ကောင်စီနှင့်ပူး​ပေါင်းကာ စစ်​ကောင်စီအကြိုက်လုပ်ကိုင်​ပေး​နေသူဖြစ်ကြောင်းပါတီဝင်အချို့က​ပြောသည်။သို့သော် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

“ဒီလူက NLD ပါတီကနေ အမတ်ဖြစ်လာတဲ့သူ။ ဒီတော်လှန်ရေးကို သူတို့က စံပြ ဦးဆောင်ရမှာကို ဦးမဆောင်ဘဲ ဖက်စစ်စစ်တပ်နဲ့ ပေါင်းဖို့လုပ်တာ။ ဖမ်းသင့်နေတာ ကြာပြီဗျ။ ကျွန်တော်တို့ တွေ့ရင်လည်း ဖမ်းမှာ။ လူထုတရားစီရင်ရေးနဲ့ တရားစီရင်ရမယ့်လူ” ဟု စစ်ကိုင်းတိုင်းအခြေစိုက် အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် -DRPA တာဝန်ရှိသူ ကိုလင်းနွေက ပြောသည်။

ဦးဝင်းမြင့်အောင်သည် ကျန်းမာရေးကောင်းမွန်ပြီး လိုအပ်သော အရေးယူမှုများပြုလုပ်ရန် အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ အပ်နှံလိုက်သည်ဟု ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကလည်းအတည်ပြုပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးပစ်မှတ်မဟုတ်သော မြို့များ၊ ရွာများ၊ နေအိမ်အဆောက်အဦများကို တိုက်ခိုက်ခြင်း၊ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းများကိုလည်း ယနေ့ထိ နေ့စဉ်ရက်ဆက်ကျူးလွန်နေသည်ဟု ဖော်ပြထားသည်။

သတင်း

အဆိုပါစစ်ကြောင်းမှာ ဆိပ်ဖြူမြို့နယ်၊ အမှတ်(၉)လေကြောင်းရန်ကာကွယ်ရေးစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (လစခ ၉)နှင့် ကပစ(၂၁)၊ (၂၂)တပ်များမှ ထွက်လာသည့် စစ်ကြောင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

သတင်း

တရုတ်ဖက်ကထုတ်ပြန်သည့်သတင်း၌ ဖမ်းဆီးသွားသူများကို ​ခေါင်းအားအဝတ်အုပ်၍ခေါ်ဆောင်သွားပြီး တရုတ်လေဆိပ်အ​ရောက် သတင်းမီဒီယာများရှေ့၌ ဖွင့်ပြခဲ့သည်။

သတင်း

မိတ္ထီလာမြို့တွင် လောက်ကိုင်မြို့မှ ပြန်လာသည့် စစ်ဘေးရှောင်ပြည်သူများ ရောက်ရှိနေပြီး အချို့မှာ ဆိုင်ကယ်ဖြင့်ပြန်လာချိန် စစ်ကောင်စီ၏ ယာဥ်စစ်ဆေးရေးအဖွဲ့​၏ ငွေတောင်းခံရမှုကြုံတွေ့နေရကြောင်း ဒေသခံအချို့က ပြောသည်။