Connect with us

Hi, what are you looking for?

သတင်း

ဗျုဟာကျတဲ့ အမှတ် ၈ လမ်းမကြီးမှာ နယ်မြေစိုးမိုးရေးအတွက် PDF တပ်တွေ စစ်ဆေးနေ

လမ်းပိုင်းစစ်ဆေးမှုကို မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားက လမ်းပိုင်းမှာဆောင်ရွက်ခဲ့တာလို့သိရပြီး ဇွန်လ ၁၉ ရက်ကစတင်စစ်ဆေးနေတာပါ။

ဗျုဟာကျတဲ့ အမှတ် ၈ လမ်းမကြီးမှာ နယ်မြေစိုးမိုးရေးအတွက် PDF တပ်တွေ စစ်ဆေးနေ
ဗျုဟာကျတဲ့ အမှတ် ၈ လမ်းမကြီးမှာ နယ်မြေစိုးမိုးရေးအတွက် PDF တပ်တွေ စစ်ဆေးနေ

မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းကိုဆက်သွယ်ထားတဲ့ အမှတ်(၈) ပြည်ထောင်စုလမ်းမကြီးမှာ ဒီနေ့မနက်ပိုင်းက နယ်မြေစိုးမိုးရေးနဲ့ လုံခြုံရေးအရ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) က ထုတ်ပြန်ပါတယ်။

စစ်ဆေးမှုကိုKNU ၊ ရေဘီးလူးတပ်ဖွဲ့တို့နဲ့အတူပူးပေါင်းစစ်ဆေးခဲ့တာလို့သိရပါတယ်။

လမ်းပိုင်းစစ်ဆေးမှုကို မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားက လမ်းပိုင်းမှာဆောင်ရွက်ခဲ့တာလို့သိရပြီး ဇွန်လ ၁၉ ရက်ကစတင်စစ်ဆေးနေတာပါ။

ဗျုဟာကျတဲ့ အမှတ် ၈ လမ်းမကြီးမှာ နယ်မြေစိုးမိုးရေးအတွက် PDF တပ်တွေ စစ်ဆေးနေ
ဗျုဟာကျတဲ့ အမှတ် ၈ လမ်းမကြီးမှာ နယ်မြေစိုးမိုးရေးအတွက် PDF တပ်တွေ စစ်ဆေးနေ

ဒီလို စစ်ဆေးရာမှာ စစ်ကောင်စီတပ်နဲ့ဆက်နွယ်သူ ၄ ဦးကို ဖမ်းမိခဲ့တယ်လို့လည်း S.O.F ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် လမ်းပိုင်းစစ်ဆေးနေချိန် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လှမ်းပစ်တာလည်းရှိတယ်လို့ သိရပါတယ်။

လမ်းပိုင်းစစ်ဆေးနေချိန်မှာ ခရီးသွားပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ပေးဖို့ မေတ္တာရပ်ခံထားတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။