Connect with us

Hi, what are you looking for?

သတင်း

မလွယ်ကူးတောင်၌ စစ်ကောင်စီတပ်သားချင်း ပစ်ခတ်မှုဖြစ်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဆိုသော အဆိုပါပစ်ခတ်မှုမှာ ဖယ်ခုံအင်းအ​ရှေ့ဘက်ခြမ်းရှိ လွယ်မကူးတောင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)

ရှမ်း – ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားအချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသူများရှိကြောင်း ဒေသခံသတင်ရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဆိုသော အဆိုပါပစ်ခတ်မှုမှာ ဖယ်ခုံအင်းအ​ရှေ့ဘက်ခြမ်းရှိ လွယ်မကူးတောင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဖြစ်ပွားခဲ့တာ သေချာသလောက်ရှိတယ်။အရက်မူးပြီး နှစ်ဖက်ကွဲပြီး ဖြစ်တာ ။ ခုနစ်ဦးထက် မနည်း ဒဏ်ရာရသလို သေတဲ့သူပါရှိတယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးချိန်၌ ဖယ်ခုံမြို့ပေါ်မှ စစ်ကောင်စီတပ်ကို လွယ်မကူး တောင်ပေါ်သို့ တပ်ချိန်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)

” ကြားတာတော့ ကြားတယ်။တိတိကျကျတော့ ပြောလို့ မရသေးလို့ အသေးစိတ်ကို ဆက်စုံစမ်းနေဆဲပါ”ဟု ဖယ်ခုံမြို့၌ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုအပေါ် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လွယ်မကူးတောင်ပေါ်၌ စစ်ကောင်စီက ယမန်နှစ် ဒီဇင်ဘာကတည်းက တပ်စွဲခဲ့ပြီး အင်အား ၄၀ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ပစ်သံကြားတာနဲ့ပြီးတော့ ဖယ်ခုံက ကားတွေ ဖယ်ခုံ အင်းဘက်ခြမ်းကို ၂၂ ရက်ကတက်သွားခဲ့ရတယ်လို့ ပြောလို့”ဟု ကရင်နီပြည်သတင်းရင်းမြစ်က ပြောသည်။

မေလ ၄ ရက်ကလည်း ရှမ်း – ကရင်နီ(ကယား) ပြည်နယ်အစပ် ထီးစဲခါးဂိတ်၌ ခမရ(၅၃၀)တပ် ရင်းမှူးပစ်သတ်ခံရပြီး ပစ်သတ်လိုက်သည့် တပ်သားကိုယ်တိုင် အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။