Connect with us

Hi, what are you looking for?

သတင်း

မလွယ်ကူးတောင်၌ စစ်ကောင်စီတပ်သားချင်း ပစ်ခတ်မှုဖြစ်၊ ထိခိုက်သေဆုံးမှုရှိဟုဆို

ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဆိုသော အဆိုပါပစ်ခတ်မှုမှာ ဖယ်ခုံအင်းအ​ရှေ့ဘက်ခြမ်းရှိ လွယ်မကူးတောင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)

ရှမ်း – ကရင်နီပြည်နယ်စပ် ဖယ်ခုံမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်သားအချင်းချင်း အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး ထိခိုက်သေဆုံးသူများရှိကြောင်း ဒေသခံသတင်ရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၁ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သည်ဆိုသော အဆိုပါပစ်ခတ်မှုမှာ ဖယ်ခုံအင်းအ​ရှေ့ဘက်ခြမ်းရှိ လွယ်မကူးတောင်ပေါ်၌ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ဖြစ်ပွားခဲ့တာ သေချာသလောက်ရှိတယ်။အရက်မူးပြီး နှစ်ဖက်ကွဲပြီး ဖြစ်တာ ။ ခုနစ်ဦးထက် မနည်း ဒဏ်ရာရသလို သေတဲ့သူပါရှိတယ်” ဟု ဖယ်ခုံမြို့ခံတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

အဆိုပါဖြစ်စဥ် ဖြစ်ပွားပြီးချိန်၌ ဖယ်ခုံမြို့ပေါ်မှ စစ်ကောင်စီတပ်ကို လွယ်မကူး တောင်ပေါ်သို့ တပ်ချိန်းမှုများ ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းက အသိပေးသည်။

Public Service Announcement

Public Service Announcement

(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)
(စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် လွယ်မကူးတောင် တည်နေရာအား တွေ့ရစဉ်)

” ကြားတာတော့ ကြားတယ်။တိတိကျကျတော့ ပြောလို့ မရသေးလို့ အသေးစိတ်ကို ဆက်စုံစမ်းနေဆဲပါ”ဟု ဖယ်ခုံမြို့၌ စစ်ကောင်စီတပ်သားအချင်းချင်း ပစ်ခတ်မှုအပေါ် ဖယ်ခုံ PDF တပ်ဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

လွယ်မကူးတောင်ပေါ်၌ စစ်ကောင်စီက ယမန်နှစ် ဒီဇင်ဘာကတည်းက တပ်စွဲခဲ့ပြီး အင်အား ၄၀ခန့်ရှိကြောင်း ၎င်းက ဆိုသည်။

Public Service Announcement
Public Service Announcement

“ပစ်သံကြားတာနဲ့ပြီးတော့ ဖယ်ခုံက ကားတွေ ဖယ်ခုံ အင်းဘက်ခြမ်းကို ၂၂ ရက်ကတက်သွားခဲ့ရတယ်လို့ ပြောလို့”ဟု ကရင်နီပြည်သတင်းရင်းမြစ်က ပြောသည်။

မေလ ၄ ရက်ကလည်း ရှမ်း – ကရင်နီ(ကယား) ပြည်နယ်အစပ် ထီးစဲခါးဂိတ်၌ ခမရ(၅၃၀)တပ် ရင်းမှူးပစ်သတ်ခံရပြီး ပစ်သတ်လိုက်သည့် တပ်သားကိုယ်တိုင် အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းမြောက်က နောင်ချိုမြို့ကို ဝင်ရောက်လာတဲ့စစ်တပ်က မြို့ပေါ်မှာကျန်နေတဲ့ လူအနည်းငယ်ကို ဒန်ပေါက်ကျွေးပြီး ဝါဒဖြန့်စည်းရုံးနေကာ တဖက်မှာလည်း စစ်ဘေးရှောင်ကြတဲ့ လူမရှိတဲ့နေအိမ်တွေကို ဖောက်ထွင်းခိုးယူနေတယ်လို့ နောင်ချိုမြို့ခံတွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ရှပ်ပုံရွာတွင် စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးနှင့် ဗုံးသီးထိမှန်ပြီး နှစ်ဦးသေဆုံးကာ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်များက လူထုနွေဦးသို့ ပြောသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် စစ်ကောင်စီက ယနေ့ (ဇူလိုင် ၁၈ရက်)ညနေ ကျောင်းဆင်းချိန်၌ စာသင်ကျောင်းအနီးအား လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သားငါးဦး ဒဏ်ရာရခဲ့ပြီး လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများအနီး မိုင်းများထောင်ထားပြီး ယနေ့(ဇူလိုင် ၁၈ရက်) နေ့လည်ပိုင်းတွင် အမျိုးသားတစ်ဦးမိုင်းနင်းမိ၍ သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။