Connect with us

Hi, what are you looking for?

သတင်း

ရေဖြူတွင် ဒေသခံများ​၏ကားများဖြင့်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ကားလေးစီးပါသည့် အဆိုပါယာဉ်တန်းအား ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်တွင် ပေါက်ကွဲအားပြင်း မိုင်းများဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)

တနင်္သာရီတိုင်း ရေဖြူမြို့မှ ကလိန်အောင်မြို့ဘက်သို့ ဒေသခံများ​၏ကားများဖြင့် လာသည့် စစ်ကောင်စီတပ်သား ၁၀၀ခန့်လိုက်ပါလာသည့် ယာဉ်တန်းကို ဇွန်လ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကားလေးစီးပါသည့် အဆိုပါယာဉ်တန်းအား ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်တွင် ပေါက်ကွဲအားပြင်း မိုင်းများဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။

ဒဏ်ရာရှိသူများကို ပြည်သူများကားများအား အဓမ္မခေါ်ဆောင်ပြီး ထားဝယ်မြို့ရှိ စစ်ဆေးရုံးသယ်ဆောင်ထားသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ဆိုသည်။

မိုင်းထိမှန်ခဲ့သည့် စစ်ကောင်စီတပ်သားများတင်လာသည့် ကျောက်တင်ကားတစ်စီးကို မိုင်းထိမှန်သည့်နေရာတွင် ပစ်ထားခဲ့သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှုကို ကော်သူလေးအာမိ (KTL)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YP-PDF)နှင့် ကလိန်အောင်အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကျောက်တင်ကား သုံးစီး၊ယာဉ်ငယ်တစ်စီးဖြင့် ကလိန်အောင်မြို့ကို ဦးတည် မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်နှင့် ဈေးရောင်းထွက်သည့် ပြည်သူတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် သွေးကွက် ကြီးများ တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ သထုံမြို့မှာ ဆိုင်ကယ်နဲ့ ကားတိုက်မိပြီး ဆိုင်ကယ်မောင်းလာတဲ့ အသက် ၇၀ကျော်အရွယ်အမျိုးသား သေဆုံးသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ဟာ ဒေသခံတွေပိုင်ဆိုင်တဲ့ ကားအချို့နဲ့ ဆိုင်ကယ်တွေကို ယူဆောင်သွားသလို နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်