Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေဖြူတွင် ဒေသခံများ​၏ကားများဖြင့်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်း တိုက်ခိုက်ခံရ

ကားလေးစီးပါသည့် အဆိုပါယာဉ်တန်းအား ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်တွင် ပေါက်ကွဲအားပြင်း မိုင်းများဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။

(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)
(စစ်တပ်အာဏာသိမ်းပြီးနောက် တွေ့ရသော စစ်ကောင်စီတပ်သားများ​၏ ယာဉ်တန်း။ ဓာတ်ပုံ - အီးပီအေ)

တနင်္သာရီတိုင်း ရေဖြူမြို့မှ ကလိန်အောင်မြို့ဘက်သို့ ဒေသခံများ​၏ကားများဖြင့် လာသည့် စစ်ကောင်စီတပ်သား ၁၀၀ခန့်လိုက်ပါလာသည့် ယာဉ်တန်းကို ဇွန်လ၂၃ ရက်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံးခဲ့ပြီး ၁၅ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ကလိန်အောင်မြို့အခြေစိုက်ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

ကားလေးစီးပါသည့် အဆိုပါယာဉ်တန်းအား ဟိန်းဇဲကျေးရွာအနီး ရေပူစမ်းလမ်းအကွေ့အကျော်တွင် ပေါက်ကွဲအားပြင်း မိုင်းများဖြင့် သုံးကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့က ပြောသည်။

ဒဏ်ရာရှိသူများကို ပြည်သူများကားများအား အဓမ္မခေါ်ဆောင်ပြီး ထားဝယ်မြို့ရှိ စစ်ဆေးရုံးသယ်ဆောင်ထားသည်ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ဆိုသည်။

မိုင်းထိမှန်ခဲ့သည့် စစ်ကောင်စီတပ်သားများတင်လာသည့် ကျောက်တင်ကားတစ်စီးကို မိုင်းထိမှန်သည့်နေရာတွင် ပစ်ထားခဲ့သည်ဟုလည်း ဆိုသည်။

Public Service Announcement

Public Service Announcement

“မိုင်းဆွဲတိုက်ခိုက်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်နဲ့ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက်အပြန်အလှန် မိနစ်အနည်းငယ်ကြာအောင် ပစ်ခတ်မှုဖြစ်ခဲ့ပါသေးတယ်။ ကျနော်တို့ မဟာမိတ်ပူးပေါင်းဘက်မှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာလာနိုင်ခဲ့ပါတယ်”ဟု အဆိုပါအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုမှုကို ကော်သူလေးအာမိ (KTL)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YP-PDF)နှင့် ကလိန်အောင်အခြေစိုက် ရွှေဘီလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကျောက်တင်ကား သုံးစီး၊ယာဉ်ငယ်တစ်စီးဖြင့် ကလိန်အောင်မြို့ကို ဦးတည် မောင်းနှင်လာခြင်းဖြစ်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဆိုင်ကယ်နှင့် ဈေးရောင်းထွက်သည့် ပြည်သူတစ်ဦးအား ရိုက်နှက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့်နေရာတွင် သွေးကွက် ကြီးများ တွေ့ရသည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။